Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် သစ်ဖြူချောင်းကျေးရွာရှိ ဦးသိန်ဝင်း၏မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၁၅..၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀နာရီအချိန်တွင် မော်ကျွန်းမြို့နယ် သစ်ဖြူကျေးရွာရှိဦးသိန်းဝင်း၏ မုန့်ဟင်းခါးဖတ်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်မော်ကျွန်းမြို့နယ်တာဝန်ခံမှ သစ်ဖြူကျေးရွာရှိဦးသိန်းဝင်း၏ မုန့်ဟင်းခါးဖတ် လုပ်ငန်းတွင် ထုတ်လုပ်လျက်ရှိသော မုန့်ဟင်းခါးဖတ်များအားကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားခြင်းရှိမရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပါဝင်ပစ္စည်းများရှိမရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီမှုရှိခြင်း၊ သက်ဆိုင်ရာဌာနမှခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် မုန့်ဟင်းခါးဖတ်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိဘုရားကြီးကုန်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအား ဧရာဝတီတိုင်းဒေသကြိးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှု့

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အဖွဲ့တို့နှင့်အတူ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၄၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်ရှိ ဘုရားကြီးကုန်းကျေးရွာ တောင်သူဦးအောင်သောင်း၏လယ်၂ဧကတွင် မိုးစပါးရေဆင်းစိုက်ပျိုးနေမှုအား  သွားရောက်ကြည့်ရှု့ ဆွေးနွေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍  မိုးစပါးအချိန်မှီ စိုက်ပျိုးပြီးစီးနိုင်ရေး၊ ဓာတ်မြေဩဇာများအား လိုသလောက်စနစ်တကျအသုံးပြုနိုင်ရေး သဘာဝမြေသဇာများကိုလည်း စိုက်ပျိုးကုန်ကျစရိတ်သက်သာနိုင်ရေးအတွက် ထည့်သွင်းအသုံးပြုကြရန်၊ စပါးပင်များပိုးကျမှု မရှိစေရေးအတွက် ပိုးသက်ဆေးများကိုလည်း စနစ်တကျအသုံးပြုတက်စေရန် လိုအပ်ကြောင်း၊ နည်းပညာများ လိုအပ်ပါက စိူက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ကြောင်း၊ ခရိုင်စိုက်တိုးမြှင့် အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြင့် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တောင်သူများတက်ရောက်ခဲ့ပြီး မော်တော်ယဉ်များဖြင့် ဆက်လတ်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဇွဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၃၀) နာရီအချိန်တွင် မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးအတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဇွဲဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီလက်ကား ရောင်းချနေသော ဇွဲဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၅)ရပ်ကွက်အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောဦးခွေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ် ()ရပ်ကွက်အတွင်းရှိ လက်လီလက်ကားရောင်းချနေသောဦးခွေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်()ရပ်ကွက်အတွင်းရှိ လက်လီလက်ကား ရောင်းချနေသော ဦးခွေးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးရှိလက်လီ/ လက်ကား ရောင်းချနေသောရှမ်းမဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

               ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀) အချိန်တွင် မော်ကျွန်းမြို့နယ် ဗိုလ်ချုပ်ဈေးရှိ လက်လီ/လက်ကားရောင်းချနေသောရှမ်းမဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

                ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်ဗိုလ်ချုပ်ဈေးရှိ လက်လီလက်ကား ရောင်းချနေသောရှမ်းမ ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသောအောင်ထက်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြို့မဈေးအတွင်းရှိ လက်လီလက်ကားရောင်းချနေသောအောင်ထက်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့်ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးရပ်ကွက်ရှိ လက်လီလက်ကား ရောင်းချနေသော အောင်ထက်ဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/ လက်ကား ရောင်းချနေသောကြည်ကြည်စိုးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၅..၂၀၂၅)ရက်နေ့၊ နံနက်(၁၁၃၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီလက်ကားရောင်းချနေသော ကြည်ကြည်စိုးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီလက်ကား ရောင်းချနေသော ကြည်ကြည်စိုးဆန်ဆိုင်တွင် MRS မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ်မျတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် အသင့်သောက် အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား စစ်ဆေးဆောင်ရွက်ခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူ​ရေးရာဦးစီးဌာန​မှ မြို့နယ်ဦးစီးမှူးဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၅-၇-၂၀၂၅)ရက်နေ့ နံနက်ပိုင်း ဓနုဖြူမြို့၊ အချိုရည် လက်ကားဆိုင်များဖြစ်သော ချမ်းသာကြီးဆိုင်၊ အောင်မျိုးဦး အချိုရည် လက်ကားဆိုင်၊ လက်ကီးဆိုင်၊ မျိုးမြင်ဆိုင်၊ ဝင်ဦး ဆိုင်၊ အသင့်သောက်အချိုရေ လက်လီအရောင်းဆိုင်(၅) စုစုပေါင်း(၁၀)ဆိုင်မှ ရောင်းချနေသောအသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်ညွှန်းအမှတ် အသားများပြည့်စုံစွာ ဖေါ်ပြထားမူရှိမရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့သည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             စစ်ဆေးရာတွင် အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိမရှိ၊ သက်ဆိုင်ရာထောက်ခံချက် ခွင့်ပြုချက်ပါဝင်မှုရှိ/ မရှိ၊ FDA တားမြစ်အချိုရည်များရောင်းချမှု ရှိမရှိများအားစစ်ဆေးရာ ရောင်းချနေသော အချိုရည်အမျိုးမျိုးတွင် ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် နေရပ်လိပ်စာ၊ ထားသိုပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ အချိုရည်ပါဝင်မှုပမာဏ (ML)၊ အချိုရည် အမှတ်တံဆိပ်အမျိုးအမည်၊ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံရက်စွဲများကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် စနစ်တကျဖော်ပြပါဝင်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းများအား ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း (၁၀)တိုင်အား (၁၄-၇-၂၀၂၅)ရက် နံနက်ပိုင်းက ဒုတိယအကြိမ် ဇူလိုင်လအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့​ပူးပေါင်း၍ ပန်းတနော်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်းစစ် ဆေးရာ မေလက စစ်ဆေးဆောင်ရွက်ချက်များအရ မှာကြားခဲ့သော၊ အစားအသောက်ချက်ပြုတ်ရာအခန့်များ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ထားရှိမှုရှိ/ မရှိ၊ စားသုံးသူများ ဈေးနှုန်းကို ကြိုတင်အသိပေးကြေငြာထားမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများအတွက် အခွန်အခပါအဝင် ကြိုတင်သတင်းအချက်အလက် ကြေငြာဆောင်ရွက်ထားရှိမှုရှိ/ မရှိကို စစ်ဆေးခြင်းများကို မှာကြားပြောကြားခဲ့ပြီး ဒုတိယအကြိမ်စစ်ဆေးသည့်အခါ လိုက်နာဆောင်ရွက်မှုရှိ/ မရှိကို စစ်ဆေးခဲ့ပြီး စားသောက်ဆိုင်များက  လိုက်နာဆောင်ရွက်ထားကြောင်း တွေ့ရှိရပြီး၊ စားသောက်ဆိုင်များမှ စွန်ပစ်ပစ္စည်းများကို အမှိုက်ပုံး ၄မျိုးခွဲခြားပြီး စွန်ပစ်ခြင်းမျိုးပြုလုပ်ထားရန် ထပ်မံမှာကြားခဲ့ကြောင်းနှင့်  စားသုံးသူပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များ ဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေးအတွက် အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ် သမာဓိဆန်စက်သို့ ဆန်ကြိတ်ခွဲမှုနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၄-၇-၂၀၂၅) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ရန်ကုန်-ဟင်္သတကားလမ်း ဓနုဖြူမြို့နယ် သမာဓိဆန်စက် သို့သွားရောက်၍ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်ကြိတ်ခွဲဖုတ်လုပ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့နယ် သမာဓိ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်ကြိတ်ခွဲလည်ပတ်နေမှု လုပ်ငန်းခွင်ကို ကြည့်ရှုခဲ့ပြီး ဆန်စက်တွင် စပါး ၂၀၀၀-၃၀၀၀ကြားတွင် ရှိပြီး နဝလီကြိတ်ခွဲခြင်းသာဖြစ်၍ စပါးကြိတ်ခွဲစဉ် တစ်နေ့ ဆန်တန် ၂၀ကြိတ်ခွဲနိုင်ပြီး ဆန်အိတ် ၄၀ခန့်ထွက်ရှိ ကြောင်းသိရှိရပြီး မြို့နယ်ဦးစီးမှူးက ဆန်စက်သိုလှောင်ရုံ စပါးဆန် မှတ်ပုံတင် အခြေအနေများကို စစ်ဆေးပြီး MyRo သက်တမ်းပြည့်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန်နှင့် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ထား သည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား ဖြည့်သွင်းပေးနိုင်ရေးနှင့် လစဉ် လဆန်း (၁)ရက်နေ့မှ ရ ရက်အတွင်း Update ပြုလုပ်နိုင်ရေးကို သိရှိနိုင်ရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News