Main menu

HighLight News

Powered by Drupal

ရောနှောဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 

      ၂၅.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင်  ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ရောနှောဆီရောင်းချမှုရှိသဖြင့် ရောနှောဆီရောင်းချသော မြို့မဈေးအတွင်း လုပ်ငန်းရှင်ထံ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်ခဲ့ကြပြီး ရောနှောဆီရောင်းချသောလုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ရောနှောဆီရောင်းချသူလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဟင်းသီးဟင်းရွက်ရောနှောဆီ အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်အမိန့် ဖော်ပြရမည့် အချက်များဖြင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးခဲ့ပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရောင်းချကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဗူးဆီနှင့် ရောနှောဆီရောင်းချသည့် လုပ်ငန်းရှင်တို့သည် သက်ဆိုင်ရာဌာနတို့၏ ညွှန်းကြာချက်များကို လိုက်နာမှုမရှိပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အမျိုးသား အစားအသောက်ဥပဒေအရ အရေယူသွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်အတွင်း ကော်ဖီမစ်အမျိုးမျိုးနှင့် ကလေးအသုံးအဆောင်များ စစ်ဆေး

          မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း  ကုန်စည် (၁၀)မျိုးထဲမှ အလှကုန်ပစ္စည်းများနှင့် အလှပြင်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ခေါင်းလျော်ရည်၊ ဖြောင့်ဆေး၊ ဆံပင်ကောက်ဆေး အမျိုးမျိုး၊ တစ်ကိုယ်ရေသုံး ဆပ်ပြာအမျိုးမျိုးကို ဈေးကွက်အတွင်း ပြည်သူများအသုံးပြုရန် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ အခြေအနေတို့ကို ၂၅.၁၁.၂၀၂၅ရက်နေ့  (၀၉း၃၀) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်များရှိ စတိုးဆိုင်၄ဆိုင်အား  ကွင်းဆင်းစစ်ဆေးကြသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပန်းတနော်မြို့နယ် စတိုးဆိုင်ဖြစ်သည့် ယူကေစိန်စတိုး၊ မြင့်မြတ်သူစတိုး၊ လရောင်ဝါစတိုး၊ ယွန်းစတိုးဆိုင်များတွင် ရောင်းချနေသော အလှကုန်ပစ္စည်းများနှင့် အလှပြင်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော ခေါင်းလျော်ရည်၊ ဖြောင့်ဆေး၊ ဆံပင်ကောက်ဆေး အမျိုးမျိုး၊ တစ်ကိုယ်ရေသုံး ဆပ်ပြာအမျိုးမျိုးတို့တွင်  ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဖော်ပြချက်များပါရှိမှုရှိ/မရှိ၊ တရားမဝင်ကုန်စည်များရောင်းချခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ခွင့်ပြုချက်များ ပါဝင်မှုရှိမရှိကို ကွင်းဆင်းစစ်ဆေးကြပြီး ကုန်စည်များကိုမှာယူရောင်းချရာတွင် ကုန်စည်အမျိုးအမည်၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ လိပ်စာပါရှိသော အရည်အသွေးစံချိန်စံညွှန်းပြည်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ ကလေူငယ်များအတွက် ထိခိုက်စေမည့် အန္တရာယ်ရှိကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပါရှိသော ကုန်စည်များကိုဦးစားပေးရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် စက်မှုဇုန်အတွင်းရှိ “ချမ်းမြေ့ရတနာ”ဆန်စက်သို့ ဆန်စပါးလက်ကျန်စာရင်း ကောက်ယူနိုင်ရေး ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၅.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ပြာကတက်ကျေးရွာ၊ စက်မှုဇုန်အတွင်းရှိ “ချမ်းမြေ့ ရတနာ”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ် “ပါဝါ”မရွေးလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ တာသစ်လမ်း၊ ပျဉ်းမချောင်းရပ်ကွက်ရှိ “ပါဝါ” ပေါ်ဆန်းမရွေး၊ ကြာဇံမ‌ရွေးလုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် မရွေးပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ပြုလုပ်နေသော ကုန်စည်များအား စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်း စနစ်၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အစားအသောက်များတွင်ဓါတုဆိုးဆေး သုံးစွဲထားမှုရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ခရိုင် FDA ဦးဆောင် သောအဖွဲ့နှင့်အတူ (၂၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ဗိုလ်အောင်ကျော်ဈေးအတွင်းရှိဆိုင်များတွင် ရောင်းချသောအစားအသောက်များတွင် ဓါတုဆိုး ဆေး/ ဖော်မလင် ပါဝင်မူရှိ/ မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/ မရှိ ရှောင်တခင်  ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ဗိုလ်အောင်ကျော်ဈေးအတွင်းရှိဆိုင်များတွင် ရောင်းချသောအစားအသောက်များတွင် ဓါတုဆိုးဆေးသုံးစွဲထားမှု၊ Date လွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဓါတ်ခွဲစစ်ဆေးတွေ့ရှိချက်အရ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ဗိုလ်အောင်ကျော်စည်ပင်ဈေးအတွင်း ဒေါ်ရီရီနွယ်ဆိုင်မှ မျှင်ငပိ၊ ဒေါ်ခင်ဆွေဦးဆိုင်မှအရောင်တင်မှုန့်များအား မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ပြန်လည်သိမ်းဆည်းဖျက်ဆီးဆောင်ရွက်မူတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ အသင့်စားသောက်ကုန်စည်များတွင်လည်း မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေး  TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် (၂၂.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးများဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရှိခြင်း၊  ဈေးကွက်အတွင်း စားသုံးသူ စိတ်ကြိုက်‌ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ ကုန်စည်/ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ (သို့) အထောက်အထား ရယူခွင့်ရှိကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင်  ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်းနှင့် ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အခွင့်အရေးများရရှိနိုင်ပြီး၊ စားသုံးသူတာဝန်များဖြစ်သော ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊ သဘောတူညီထား သည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း  စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ပေါ်ရပ်ကွက်ရှိ ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၄.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြန်အောင်မြု့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် ရောင်းချသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကလေးတစ်ကိုယ်ရည်သုံးပစ္စည်းများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရ ပြီး၊ စတိုးဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

လှိုင်သာယာမြို့နယ်ရှိ ဆန်စက်များအား MyRo တွင် ဆန်စပါးလက်ကျန်ဖြည့်တင်းနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး

     (၂၇.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးလှစိုးနှင့်ဝန်ထမ်းများသည် လှိုင်သာယာမြို့နယ်ရှိ ဆန်စက်များသို့သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန်စာရင်းများ လစဉ်ထည့်သွင်းနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူး၊ ဦးလှစိုးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှစတင်၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ(သို့မဟုတ်) စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့်သတ်မှတ် ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်   ဆန်စပါးသိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန်စာရင်းများအား လစဉ် လဆန်း ၁ ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင် ရေးဆွေးနွေးခဲ့ပြီး၊ ဆန်စပါးလက်ကျန် အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ရန်ကုန်)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (27.၁၁.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ Online စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိမရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

          ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ  ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်()ကြိမ်၊ သစ်ရာမြိုင်ရပ်ကွက်ရှိလင်းရောင်ဝင်း စက်သုံးဆီအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း()ကြိမ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း()ကြိမ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင်  ကျောင်းအင်းကျေးရွာ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း()ကြိမ်နှင့် အင်ကြင်းမြိုင်ရပ်ကွက်ရှိပေါ်ဦးသောက်ရေသန့်စက်ရုံလုပ်ငန်းသို့  ကွင်းဆင်းစစ်ဆေးခြင်း()ကြိမ်ကို အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လတ်မှုရှိမရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိမရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်းရှိမရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဌာနဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News