Main menu

HighLight News

Powered by Drupal

ဘိုကလေးမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်ရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ပန်းပဲစုကျေးရွာရှိ (အ.ထ.က ခွဲ) ကျောင်းတွင် စားသုံးသူအသိပညာပေး

            ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာ ဦးစီဌာနမှ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့၊ ပန်းပဲစု ကျေးရွာရှိ (အ.ထ.က ခွဲ)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

             အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းက  စားသုံးသူကာကွယ်ရေး ဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm website မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/မ (၁၂) ဦးနှင့် ကျောင်းသား/သူ (၂၂၀) ဦး၊ စုစုပေါင်း (၂၃၂) ဦး တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ ကြံခင်း၊ပန်းပဲစုကျေးရွာရှိ “စိန်” ဆန်စက်သို့ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်၊ ကြံခင်း၊ပန်းပဲစုကျေးရွာရှိ “စိန်” ဆန်စက်MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်ကြိတ်ခွဲထုတ်လုပ်မှု အရည်အသွေးပြည့်မီစေရေး၊ ဆန်/စပါး အရည်အသွေးပြည့်မှီရေး၊ အချိန်အတွယ်များ ပြည့်မှီမှန်ကန်မှုရှိ/ မရှိ၊ ဆန်စပါး ဈေးနှုန်း ဈေးကွက် အခြေအနေများ တည်ငြိမ်မှုရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကုန်စည်အပေါ် တာဝန်ရှိမှု၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ခေတ်မီစက်ယူနစ်များ တပ်ဆင်ထားရှိမှုပေါ် မူတည်၍ ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် Talk Show အစီအစဉ်ကျင်းပပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးတွင်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအသိပညာပေးခြင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ Call Centre 1535 သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူများသာမက လုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များနှင့် ပက်သက်၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေး အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ရှိ မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသော မုန့်များတွင် FDA ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ပေါ်ရှိ မုန့်မျိုးစုံ အရောင်းဆိုင် (၂) ဆိုင်တွင် ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရောင်းချနေသော မုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ် အသားနှင့် FDA ထောက်ခံချက်များပါရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရှိ ဦးလှသိန်း ခေါက်ဆွဲဖို လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

            ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ရွှေဝါထွန်းလမ်း(၄) ရပ်ကွက်ရှိ ဦးလှသန်းပိုင် ခေါက်ဆွဲဖိုလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ဦးလှသိန်း ခေါက်ဆွဲလုပ်ငန်းမှာ စားသောက်ကုန်လုပ်ငန်းဖြစ်ပြီး ဆန်ကြမ်းဖြင့် ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။ တစ်နေ့အသုံးပြုမှုမှာ ဆန်ကွဲ (၄) ပြည်ဖြစ်ပြီး ၊ (၄) ရက်ကို ဆန်ကွဲအိတ် (၁) အိတ် အသုံးပြုပြီး ထွက်ရှိသော မုန့်ပိဿာချိန်မှာ တစ်နေ့ ထွက်ရှိမှုအနေဖြင့် (၁၅-၂၀) ပိဿာခန့်ထုတ်လုပ်ပြီး ခေါက်ဆွဲ တစ်ပိဿာလျှင် (၂၆၀၀) ကျပ်နှုန်းဖြင့် ရောင်းချပြီး မိသားစုဝင် (၂) ဦးဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်ပြီး မြို့တွင်း၌သာ ရောင်းချလျက်ရှိပါသည်။

           မြို့နယ်တာဝန်ခံဒေါ်ခင်စန်းအေးက ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်ပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆေးဝါးများ သုံးစွဲခြင်းမပြုစေရေး တို့အတွက် အသိပညာပေး ဆွေးနွေးခဲ့ပြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်၊ (၁) ရပ်ကွက်၊ (၂) ဖြတ်လမ်းရှိ “မင်းသား” ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစိစစ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် “မင်းသား” ပေါင်မုန့် လုပ်ငန်းမှ ထုတ်လုပ်သော မုန့်များ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

           “မင်းသား” ပေါင်မုန့်လုပ်ငန်းရှင်မှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ပေါင်မုန့်အလုံးရေ (၂၅၀) ခန့် ထုတ်လုပ်လျှက်ရှိပြီး ဈေးကွက်အတွင်းရောင်းဝယ်မှုပေါ်မူတည်၍ နေ့စဉ်ထုတ်လုပ် လျက်ရှိပါသည်။ မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သောကုန်စည်နှင့် ပက်သက်၍ ပါဝင်ပစ္စည်းများကို မေးမြန်းရာ (ဂျုံ၊ သကြား၊ ဆား၊ ပွဆေး၊ ဂျုံနုဆေး၊ ရေသန့်) တို့ပါဝင်ပြီး ပေါင်မုန့်အကြမ်း တစ်လုံးလျှင် (၁၀၀၀) ကျပ်၊ ပေါင်မုန့် အနုတစ်လုံးလျှင် (၁၃၀၀) ကျပ် နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ လုပ်သားဦးရေ (၂) ဦးရှိပြီး နေ့စားခ (၁၀၀၀၀) နှင့် (၅၀၀၀) ကျပ် နှုန်းထားအလိုက်ပေးရပြီး တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ဒေသအတွင်း၌သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

          ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်များ ဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ (၄၁/၄၃) အရ  ကုန်အညွှန်းအမှတ်အသား ကိစ္စရပ်များနှင့် ပက်သက်ပြီး သိရှိစေရေး၊ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့ (၈) ရပ်ကွက် ၊ (၁) လမ်း သဘာဝနဂါးနီဟံ မုန့်မျိုးစုံလုပ်ငန်းသို့ MSMEs လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မ(၈) ရပ်ကွက်၊ (၁) လမ်းရှိ သဘာဝနဂါးနီဟံ မုန့်မျိုးစုံလုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          သဘာဝနဂါးနီဟံ မုန့်မျိုးစုံလုပ်ငန်းမှ ထွက်ရှိသော ကုန်စည်နှင့် ပါဝင်ပစ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ဆီ၊ ရေသန့်၊ ဆားများ ပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးပေါင်း ၈၅၀ ထုတ်လုပ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ပတ္တမြားကိတ်ထုတ်သေး (၂၅၀) ကျပ်၊ နကထိုင် ထုတ်သေး (၄၃၀) ကျပ်၊ ဒါးလှီးမုန့် (၆၀၀) ကျပ်၊ ကိတ်မုန့်ထုပ် (၁၃၀၀) ကျပ်ဖြင့် လက်လီ/လက်ကား ရောင်းချပေးလျက်ရှိပါသည်။ လုပ်သားဦးရေ (၇) ဦးရှိပြီး လုပ်သားတစ်ဉီးလျှင် နေ့စားခ (၁၃၀၀၀)၊ (၇၀၀၀) ၊ (၆၀၀၀) ကျပ် လုပ်ငန်းကျွမ်းကျင်မှုပေါ် မူတည်၍ နှုန်းထားအလိုက် ပေးရပါသည်။ ဈေးကွက်အနေဖြင့် ဒေသအတွင်း/ပြင်၊ ကဒုံကနိ၊ မြင်းကကုန်းကျေးရွာများအထိ ဖြန့်ဝေရောင်းချပေးလျက်ရှိပါသည်။

           ထို့နောက် မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထုတ်လုပ်သော ဈေးကွက်ရောက်ကုန်စည်တို့တွင် ကုန်အညွှန်းအမှတ်အသားနှင့် တံဆိပ်များ ထည့်သွင်းဖော်ပြပေးရန်နှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

            စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင် ၁၆ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး တက်ရောက်ခဲ့ပါသည်။

              အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ဆီကုန်သည်များနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် နှစ်အလိုက်ရည်မှန်းချက်များအပေါ်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပို့ကုန်နှစ်ဆတိုးတက် တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော အသင်းအဖွဲ့အများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ်နေမှုနှင့် အထွေထွေဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)

မူဝါဒ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းအား စိစစ်လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့နှင့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ စိစစ်လေ့လာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေး တက်ရောက်

           ဇူလိုင်လ ၁၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် မူဝါဒ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းအား စိစစ်လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့နှင့် မူဝါဒ၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ စိစစ်လေ့လာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကို Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

             အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က အဖွင့်မှာစကား ပြောကြားရာတွင်  online အသိပညာပေး ဆောင်ရွက်နေမှုအခြေအနေနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ဥပဒေပုဒ်မများကို ဝန်ထမ်းငယ်များ အလွတ်ရွတ်ဆိုနိုင်ရေး သင်ကြားပေးရန်၊ တိုင်းဒေကြီး/ ပြည်နယ်အလိုက် တိုင်ကြားမှု အမှုလက်ကျန်များရှိပါက တင်ပြပေးရန် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးထက်ဝင်းအောင် လက်ထောက်ညွှန်ကြားရေးမှူးက CICC တိုင်ကြားမှု တရားစွဲဆိုမှုကို မြို့နယ်များအထိပါ တင်ပြဆောင်ရွက်ပေးရန် ပြောကြားခဲ့ပြီး အဆိုပါအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဒေါက်တာသရဖီထွန်း virtual ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - HighLight News