Main menu

HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိဆန်ဆိုင်များအား ဆန်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များသို့  အောက်တိုဘာလ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ဆန်ဆိုင်များတွင် ဆန်အမျိုးအစားအလိုက် ဖြန့်ဖြူးနေသော ဈေးနှုန်းများအနေဖြင့် အောက်တိုဘာလအတွက် သင့်တင့်မျှတသောဆန်ဈေးကွက်ဈေးနှုန်း သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူူးရောင်းချနေခြင်းရှိ/ မရှိ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ဈေးနှုန်းမြှင့်တက်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မပြုုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်းဖြန့်ဖြူး ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းတို့အား စာရင်းကောက်ယူပြီး ပစ္စည်း လက်ကျန်အခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ် သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ သက်တမ်းလွန်ဆေးဝါးများ ဆေးဝါးအတုများ ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိကို အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ပုဂ္ဂလိကဆေးဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာကျော်မိုးမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် စားသုံးသူပြည်သူများ သုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးဝါးများ၊ ဆေးဝါးအတုများ၊ ထုတ်လုပ်ခွင့်လိုင်စင်မရှိသော ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ထောက်ခံချက်မပါသော ဆေးဝါးများနှင့်သက်တမ်းလွန်ဆေးဝါးများ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆေးဆိုင်များအနေဖြင့် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိသော သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်နှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်များပြည့်စုံ စွာဖော်ပြပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ၁၂.၁၀.၂၀၂၆ ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ Macro နှင့် Pro 1 တို့ရှိ  လျှပ်စစ်ပစ္စည်းများရောင်းချမှုနှင့် ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)က လျှပ်စစ် ပစ္စည်းများ (ရေခဲသေတ္တာ၊ အဲယားကွန်း၊ အဝတ်လျှော်စက်၊ တီဗွီ) ၏ ဈေးကွက် အခြေအနေ၊ ဈေးနှုန်းမြှင့် တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မခွဲ(ခ)၊ (ဂ)နှင့် (ဆ)တို့ ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာ သာတစ်ခု (သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ် ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက် များအားလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အွန်လိုင်းစနစ်ဖြင့်မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည်(၁၂-၁၀-၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သာကေတမြို့နယ်ရှိ အွန်လိုင်းမှတ်ပုံတင်လျောက်ထားမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း အဓိပ္ပါယ်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသူများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ် SMEs မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ် ပြီးတစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုအပ်ပါကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale Lago များ ပြင်ဆင်ထားရန်လိုအပ်ကြောင်း Online Sale လျှောက်ထားရာတွင် email သို့မဟုတ် Mobile Phone Number ဖြင့် Sing Up (Register) ပြုလုပ်၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်မှတ်ပုံ တင်နိုင်ကြောင်းနှင့် www.eComreg.gov.mm မှ တဆင့် မှတ်ပုံတင်လှောက်ထားနိုင်ကြောင်း၊ Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ‌ရောင်းဝယ်မှုများပြုလုပ်ခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ၊ပုဒ်မ (၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက် လာသူများအနေဖြင့် အွန်လိုင်းစနစ်ကိုကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပါကလည်း   မိမိတို့ပတ်ဝန်းကျင်၌ လုပ်ကိုင်ဆောင်ရွက်သူများရှိပါက အသိပေးပြောကြားရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာအမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် လက်ကျန်အခြေအနေ ကွင်းဆင်းစစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ပစ္စည်းလက်ကျန်အခြေအနေတို့အား အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းလျက်ရှိသော အရောင်းဆိုင်များသို့ စစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထား သောရည်ညွှန်းဈေးနှုန်းအတိုင်း ဖြန့်ဖြူးရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးနှင့် ဈေးနှုန်းမြှင့်တက်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဓာတ်မြေဩဇာအမျိုး အစားအလိုက် ယခင်ဈေးနှုန်း၊ ယခုဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ အခြေအနေတို့အား စာရင်းကောက်ယူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း စားသောက်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ အောက်တိုဘာလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ အခြေခံစား သောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူစားသောက်လျက်ရှိသော ဟင်းလျာများအတွက် အရောင်၊ အနံ့၊ အရသာအတွက် အသုံးပြုထားသာ ပစ္စည်းအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိနှင့် ထုတ်လုပ် သည့်ရက်စွဲ၊ ကုန်ဆုံးမည့်ရက်စွဲတို့အား ဖော်ပြထားခြင်းရှိ/ မရှိတို့အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်များ ဖြန့်ဖြူးရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ”

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော အချိုရည်အမျိုးမျိုးတို့ ဖြန့်ဖြူးရောင်းချနေခြင်းရှိ/ မရှိ အောက်တိုဘာလ(၆)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ စားသောက် ကုန်ပစ္စည်းရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ စားသောက်ကုန်ပစ္စည်းရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ သွားရောက်ခဲ့ပြီး ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းတစ်ခုဖြစ်သော အချိုရည်အမှတ် တံဆိပ်အမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စံချိန်စံညွှန်းကိုက်ညီမှုမရှိသော အချိုရည်များ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ခွင့်ပြုချက်မပါရှိသော အချိုရည်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော အချိုရည်များနှင့် သက်တမ်းကုန်ဆုံးနေသော သက်တမ်းလွန် အချိုရည်အမျိုးမျိုးတို့အား ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာ အစိုးရဌာနများမှ တားမြစ်ထားသော အချိုရည်များ ဖြန့်ဖြူးရောင်းချနေခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “အမှတ်တံဆိပ်ပြည်တွင်းထုတ် ရောနှောဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေး”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ အောက်တိုဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်နှင့် ဝန်ထမ်းများ ပူးပေါင်း၍ မြို့မဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံ၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးတို့အတွက် မိမိတို့အနေဖြင့် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော အမှတ်တံဆိပ် ပြည်တွင်းထုတ်ရောနှောဆီများတွင် သက်ဆိုင်ရာအစိုးရဌာနများ၏ ခွင့်ပြုချက်များ၊ ညွှန်ကြားချက်များဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့် အချက်များ ပြည့်စုံစွာဖော်ပြပါခြင်းမရှိသော ပြည်တွင်းထုတ်အမှတ်တံဆိပ်ရောနှောဆီများအား ဝယ်ယူပြန်လည်ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီအမှတ် တံဆိပ်အမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ အောက်တိုဘာလ (၂) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မရမ်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ အသိပညာပေးဟောပြောပွဲတွင် ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာအုပ်၊ စာစောင်များဖတ်ရှု့ရခြင်း အကျိုးကျေးဇူးများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ ကုန်စည်နှင့် ဝန်ဆောင်မှုအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းတို့အား အသိပညာဟောပြောခဲ့ကြောင်း သိရသည်။

       ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက တိုင်ကြားရမည့်နည်းလမ်းများတွင် Call Center 1535 သို့ ဖုန်းခေါ်ဆို၍ ၁,၂,၃ နံပါတ်များသို့ ဖုန်းခေါ်၍ တိုင်ကြားနိုင်ကြောင်း ဟောပြောခဲ့ရာ မရမ်းကျေးရွာ အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နန့်သဲမူမှ ၁၅၃၅ ဖုန်းနံပါတ်(၁)သို့ စမ်းသပ်ခေါ်ဆိုခဲ့သည်။ ထိုအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် (၅.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး၌ ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက် ၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)က တောင်ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေးရှိ ကုန်စုံဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍  မြေပြင်ကွင်းဆင်းစစ်‌ဆေးရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အ‌ရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်၊ ကျန်းမာရေးဘေး ထွက်ဆိုးကျိုးနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များနှင့် သက်ဆိုင်ရာ အစိုးရဌာများက ဖော်ပြရန်သတ်မှတ်ထားသော သတင်းအချက်အလက်များအား သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ကြောင်းအကျယ်တဝန်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့၍ လုပ်ငန်းရှင်များအနေဖြင့်လည်း လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News