ပြည်ပကုန်သွယ်မှုသတင်းများ
ရုရှားနိုင်ငံသည် ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်သည့် မိုဘိုင်းဖုန်းဆင်းကတ်များကို တရားဝင်မိတ်ဆက်ခဲ့ကြောင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆက်သွယ်ရေးနှင့် လူထုမီဒီယာ ဝန်ကြီး မက်စ်ဆွတ်ရှာဒါယေ့ဗ်က နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။ ၎င်းဆင်းကတ်များကို သုံးစွဲခြင်းဖြင့် သုံးစွဲသူကလေးများ၏ တည်နေရာကို မိဘများက အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။<

လျင်မြန်သော အပြောင်းအလဲများဖြစ်နေသည့် နိုင်ငံတကာအခြေအနေကို တုံ့ပြန်နိုင်ရေး အတွက် နိုင်ငံ၏စီးပွားရေးဆိုင်ရာလုံခြုံရေးကို အားကောင်းစေရန် ရည်ရွယ်သည့်ဥပဒေကို ပြန်လည်သုံးသပ်ရန် ဂျပန်ဝန်ကြီးချုပ် တာကာအိချီဆာနဲက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ ကျင်းပခဲ့သော ကမ္ဘာ့ဆန်ညီလာခံ ၂၀၂၅ တွင် Malys Angkor အမည်အမှတ်တံဆိပ်ဖြင့် စျေးကွက် တင်ရောင်းချနေသည့် ကမ္ဘောဒီးယား Phka Romdoul ဆန်သည် ကမ္ဘာ့ အကောင်းဆုံးဆန်ဆုကို ထပ်မံရယူခဲ့ပြီး ကမ္ဘာ့ဆန်စပါးနယ်ပယ်၌ ကမ္ဘောဒီးယားနိုင်ငံ၏ လွှမ်းမိုးနိုင်မှုကို ထပ်လောင်း၍ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
ဗီယက်နမ် ST25 ဆန်သည် The Rice Trader အဖွဲ့အစည်းက နှစ်စဉ်ကျင်းပလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဆန်ပြိုင်ပွဲတွင် ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် တတိယအကြိမ် အနိုင်ရရှိခဲ့ကြောင်း သိရှိရပါသည်။

ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် ရည်ရွယ်လျက် ထိုင်းနှင့် စင်ကာပူ နှစ်နိုင်ငံ အစိုးရများအကြား ဆန်ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာချွန်လွှာ (Memorandum of Cooperation ̶ MOC) ကို နိုဝင်ဘာလ ၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ သဘောတူညီချက်အား ထိုင်းနိုင်ငံဘက်မှ နိုင်ငံခြား ကုန်သွယ်မှုဌာနနှင့် စင်ကာပူနိုင်ငံဘက်မှ စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) တို့က အဓိကပါဝင

ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုအစီအစဉ်နှင့် လိုက်လျောညီထွေရှိစေရန်နှင့် ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံရှိ ထိုင်းကုန်သွယ်ရေးရုံးများအား ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများကို ပြန်လည် ဆန်းစစ်ချိန်ညှိရန် ညွှန်ကြားထားသည်။

အိန္ဒိယနိုင်ငံ၏ နေရာဒေသများစွာ၌ မိုးရွာသွန်းမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးခဲ့ရာ ၂၀၂၅ ခုနှစ် မိုးသီးနှံရာသီတွင် စိုက်ပျိုးထုတ်လုပ်မှုမှ ပဲမျိုးစုံထွက်ရှိနိုင်မှုမှာ ယခင်နှစ်အောက် လျော့နည်းကျဆင်းမည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုကြောင်း၊ အထူးသဖြင့် မိုးရာသီ၌ စိုက်ပျိုးမှု အများဆုံးဖြစ်သော ပဲစင်းငုံသည် ယခင်နှစ်တွင် တန်ချိန် ၃.၅၆ သန်း ထွက်ရှိခဲ့ရာမှ ယခုနှစ်၌ တန်ချိန် ၃ သန်းမှ ၃.၄ သန်း အတွင်းသာ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းလျက်ရှိကြကြောင်း Informist Media သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။<
သကြားမှအီသနောလောင်စာထုတ်လုပ်မှုသို့ ပြောင်းလဲသုံးစွဲမှု နည်းပါးလျက်ရှိပြီး ပြည်တွင်း ၌ သကြားပမာဏ အမြောက်အမြား ပိုလျှံမှုဖြစ်ပေါ်နိုင်သဖြင့် အိန္ဒိယနိုင်ငံအနေဖြင့် ရှေ့လာမည့် ဈေးကွက်ရာသီကာလတွင် ပြည်ပသို့ သကြားတန်ချိန် ၂ သန်းအထိ နှစ်ဆတိုး၍ တင်ပို့ရဖွယ်ရှိသည် ဟု အိန္ဒိယသကြားလုပ်ငန်းနယ်ပယ်မှ အရာရှိများက နိုဝင်ဘာ ၆ ရက်နေ့၌ ပြောဆိုခဲ့ကြသည်။ သို့ ဖြစ်ရာ ကမ္ဘာ့ ဒုတိယအကြီးဆုံး သကြားထုတ်လုပ်သူဖြစ်သော အိန္ဒိယမှ တင်ပို့မှုမြင့်မားလာခြင်း သည် ငါးနှစ်တာကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သော နယူးယောက်နှင့်
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော The Rice Trader (TRT) ကမ္ဘာ့ဆန်ညီလာခံတွင် ကမ္ဘောဒီးယားနိုင်ငံမှ Malys Angkor သည် ၂၀၂၅ ခုနှစ်၏ ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ရရှိခဲ့သည်။ ယခင် ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂ နှ

ဗီလက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း လက်ဖက်ရည်တန်ချိန် ၁၀၉၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၈.၂ သန်း ရရှိခဲ့ကြောင်း ဒေသခံသတင်းစာ Hanoi Moi က စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ကိုကား၍ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့ပါသ

နိုင်ငံ၏အစားအစာဖူလုံမှုအားကောင်းရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် အင်ဒိုနီးရှားသည် ၂၀၂၆ ခုနှစ်တွင် သကြားကိုယ်တိုင်ဖူလုံရန် ရည်ရွယ်ထားကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး Andi Amran Sulaiman က နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့ပါ သည်။ Sulaiman က လာမည့်နှစ်တွင် ၎င်

တောင်ကိုရီးယားရှိအင်ဒိုနီးရှားကုန်သွယ်ရေးတာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံ Goyang မြို့တော်အစိုးရသည် အင်ဒိုနီးရှားကော်ဖီအရောင်းမြှင့်တင်ရန်အတွက် MoU လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါသည်။ Busan မြို့တော်ရှိ အင်ဒိုနီးရှားကုန်သွယ်မှုမြှင့်တင်ရေးစင်တာ၏ အကြီး

