မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ မလေးရှားနိုင်ငံ၏ စားအုန်းဆီ လက်ကျန်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ယခင်လထက် ၃.၉၄ သန်း မှ ၂.၇ သန်း သို့ ကျဆင်း သွားကြောင်းသိရသည်။ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ထားသည့် မလေးရှားနိုင်ငံ စက်မှုလုပ်ငန်း ဆောင်ရွက်ချက်အစီခံစာအရ စားအုန်းဆီကြမ်း (CPO) များသည် ဇန်နဝါရီလတွင် တန်ချိန် ၁.၆၇ သန်းမှ ဖေဖော်ဝါရီလတွင် တန်ချိန် ၁.၄သန်း သို့ ကျဆင်းသွားသောကြောင့် ဖေဖော်ဝါရီလအတွင်း တွင် ၁၁.၆၇ ရာခိုင်နှုန်း သို့မဟုတ် ၁၉၅,၂၄၂ တန် ကျဆင်းခဲ့ကြောင်း မလေးရှား စားအုန်းဆီဘုတ် အဖွဲ့(MPOB) က ပြောကြားထားပါသည်။
သို့သော် သန့်စင်ထုတ်လုပ်ပြီးစားအုန်းဆီသိုလှောင်မှုပမာဏသည် တန်ချိန်ပေါင်း ၁.၁၄ သန်း မှ ၁.၂၃ သန်း ထိရှိသောကြောင့် ၇.၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိပါသည်။ စားအုန်းဆီကြမ်း ထုတ်လုပ်နိုင်မှုအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလတွင် တန်ချိန် ၁.၅၈ သန်း မှ ၁.၂၈ သန်း သို့ ကျဆင်းခြင်းကြောင့် ၁၈.၅၅ ရာခိုင်နှုန်း တန်ချိန် ၂၉၂,၅၃၄ ကျဆင်း ခြင်းဖြစ်ကြောင်း မလေးရှား နိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားထားပါသည်။ ဆီအုန်းထွက်ကုန်များအနေဖြင့် လည်း ၃၇၇,၄၈၀ တန် မှ ၃၀၃,၉၆၂ တန် ကျဆင်းသွားသောကြောင့် တစ်လအတွင်း ၁၉.၄၈ ရာခိုင် နှုန်းကျဆင်းခြင်းဖြစ်ကြောင်းသိရှိရသည်။
ဆီအုန်းကြိတ်ဖက်များအနေဖြင့် ၂၆.၃၄ ရာခိုင်နှုန်း (၂၁၄,၈၂၀ တန် မှ ၁၅၈,၂၃၇ တန်) ကျဆင်းခဲ့သကဲ့သို့ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည်လည်း ဇန်နဝါရီလတွင် ၁၉၇,၆၈၀ တန် မှ ၁၄၅,၇၁၆ တန်၊ ရာခိုင်နှုန်းအားဖြင့် ၂၆.၂၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းသိရှိရပါသည်။ စားအုန်းဆီတင်ပို့နိုင်မှုသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ၂၂.၄၈ ရာခိုင်နှုန်း (တန်ချိန် ၁.၄၅သန်း မှ ၁.၁၃ သန်းထိ) ကျဆင်းခဲ့ချိန်တွင် စားအုန်းဆီကြမ်းတင်ပို့မှုသည် ပြီးခဲ့သောလထက် ၁၇.၀၈ ရာခိုင်နှုန်း (၅၅,၂၈၈ တန် မှ ၄၅,၈၄၅ တန်) ကျဆင်းသွားကြောင်းသိရှိရသည်။
ဆီအုန်းကြိတ်ဖက်တင်ပို့မှုသည် ၂၄၇,၆၉၂ တန် မှ ၁၈၆,၇၄၆ တန်သို့ ကျဆင်းသွားခဲ့သည်။ ထို့အပြင် စားအုန်းဆီထုတ်ဓာတုပစ္စည်းဖြစ်သည့် Oleochemical ပစ္စည်းများ၏ တင်ပို့မှုသည်လည်း ၇.၄၉ ရာခိုင်နှုန်း (၂၂၂,၀၄၂ တန် မှ ၂၀၅,၄၁၄ တန်) သို့လည်းကောင်း၊ ဘိုင်အိုဒီဇယ် တင်ပို့မှုမှာ ၁၈,၇၇၆ တန် မှ ၁၅,၉၈၆ တန်သို့လည်းကောင်း အသီးသီးကျဆင်းသွားကြောင်းသိရှိရပါသည်။
မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့(MPOB) က ဖေဖော်ဝါရီလတွင် စားအုန်းဆီတင်သွင်းမှု ၁၇.၉၈ ရာခိုင်နှုန်း (၁၁,၆၄၈ တန်မှ ၉,၅၅၃ တန်) ကျဆင်းခဲ့စဉ်မှာ စားအုန်းဆီကြမ်း (CPO) တင်သွင်းမှုလည်း မရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
Source: BERNAMA, March 10, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
