Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Aug 2025

     ဗီယက်နမ်နှင့် တရုတ်လုပ်ငန်းများသည် နှစ်ဖက်ကာဂိုဝန်ဆောင်မှုစွမ်းရည် အရှိန်မြှင့်တင်ရန်နှင့် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ Shandong ပြည်နယ်ရှိ Weifang ဆိပ်ကမ်းနှင့် ဗီယက်နမ်နိုင်ငံ Tay Ninh ပြည်နယ်ရှိ Long An နိုင်ငံတကာဆိပ်ကမ်းကို တိုက်ရိုက်ချိတ်ဆက်မည့် “ ဆိပ်ကမ်

26 Aug 2025

    တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှုသည် ၂၀၂၅ခုနှစ် ပထမနှစ်ဝက်အတွင်း တည်ငြိမ်သော တိုးတက်မှုနှန်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။ဝန်ဆောင်မှု သွင်းကုန်နှင့်ပို့ကုန် စုစုပေါင်းမှ ယွမ် ၃.၈၉ ထရီလီယံ (ဒေါ်လာ ၅၄၄.၉ ဘီလီယံခန့်) ရရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းတိုးတက် ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက (၄.၈.၂၀၂၅) ရက်နေ့တွင်ထုတ်ပြန် ခဲ့ပါသည်။

26 Aug 2025

    စင်္ကာပူနိုင်ငံအခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီ Black Box ၏ စစ်တမ်းအရ တရုတ် အမှတ်တံဆိပ် ပစ္စည်းများသည် စင်္ကာပူစားသုံးသူများကြားတွင် ပုံစံအမျိုးမျိုးဖြင့် လူကြိုက်များ လာ နေပါသည်။

26 Aug 2025

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလည်ပိုင်းရှိ တန်ဂိုင်းလ်ခရိုင်တွင် နာနတ်ပင်စိုက်ပျိုးရေးလုပ်ငန်း သည် တိုးတက်လျက်ရှိပါသည်။

25 Aug 2025

     ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရက ဆန်တန်ချိန် ၅၀၀,၀၀၀ ကို အကောက်ခွန်ကင်းလွတ် သက်သာခွင့်ဖြင့် တင်သွင်းခွင့်ပြုခဲ့မှုနှင့်အတူ အမြတ်အစွန်းများပြားသော ယင်းဈေးကွက်သို့ ဆန် တင်ပို့နိုင်ရေး  ကုန်သည်ကြီးများက လုပ်ကိုင်ဆောင်ရွက်လာကြသဖြင့် အိန္ဒိယပြည်တွင်း ဆန်ဈေး သည် ပြီးခဲ့သည့် နှစ်ရက်အတွင်း ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ပြည်တွင်း ဝယ်လိုအားနှင့် ရောင်းလိုအားမှာ ယာယီမညီမျှမှုကို ဖြစ်ပေါ်စေလျက်ရှိကြောင်း Economic Times သတင်းဌာန က ဩဂုတ် ၁၄ ရက်နေ့၌ ဖော်ပြပါသည်။

25 Aug 2025

     ပြည်တွင်းတောင်သူများကို ကာကွယ်ပေးရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြည်ပမှ ဆန်တင်သွင်းမှုကို နှစ်လခန့်ဆိုင်းငံ့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ကြေညာခဲ့ပြီး နောက် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ် ပေးရန် ဗီယက်နမ်ကုန်သည်များက တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

25 Aug 2025

   အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ မဟာရဋ္ဌပြည်နယ်တွင် ဩဂုတ် ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ခရိုင်ပေါင်း ၁၉ ခု၌ စိုက်ပျိုးထားသော မိုးသီးနှံစိုက်ဧရိယာ ဧကသိန်း ၂၀ ကျော်ကို ထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေခဲ့သည်ဟု အဆိုပါပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာနက ကနဦးခန့်မှန်းချက်ထုတ်ပြန်ရာတွင် ဖော်ပြခဲ့သည်။

25 Aug 2025

  အမေရိကန်နိုင်ငံထံမှ မျိုးဗီဇပြုပြင်ထားသော ပြောင်းများကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ် ခဲ့ခြင်းသည် ပြည်တွင်းဈေးနှုန်းများ တစ်ဟုန်ထိုးကျဆင်းမှုကို ဖြစ်စေနိုင်သဖြင့် အစိုးရအနေဖြင့် နစ်နာကြေးများ ထောက်ပံ့ပေးအပ်ရန် ထိုင်းနိုင်ငံ Phetchabun ပြည်နယ်ရှိ ရာနှင့်ချီသော ပြောင်းစိုက် တောင်သူများက ဩဂုတ် ၁၅ ရက်နေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

25 Aug 2025

       မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် ၎င်း၏ စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို မြှင့်တင်ခဲ့ရာ ပို့ကုန်အခွန်နှုန်းထားသည်လည်း ၁၀ ရာခိုင်နှုန်းအထိ လိုက်ပါမြင့်တက်လာသည် ဟု မလေးရှားစားအုန်း ဆီဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် အမိန့်စာအရ သိရှိရကြောင်း The Edge Malaysia သတင်းဌာနက ဩဂုတ်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဖော်ပြထားသည်။

25 Aug 2025

      ရှေ့လာမည့် အနီးကပ်ကာလတွင် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု နှေးကွေးကျဆင်းလာမှုနှင့် အတူ ဇီဝဒီဇယ်ဆီထုတ်လုပ်နိုင်ရန် ဝယ်လိုအားကြောင့် ပဲပုပ်ဆီများ ဈေးကွက်အတွင်း ရရှိလွယ်မှု  နည်းပါးခြင်းတို့အရ စားအုန်းဆီဈေးနှုန်းများသည် တစ်တန်လျှင် ရင်းဂစ် ၄၃၀၀ (အမေရိကန် ဒေါ်လာ ၁၀၁၈) အထက်၌ တည်ရှိနိုင်ဖွယ်ရှိကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ပါသည်။

25 Aug 2025

       ထိုင်းနှင့်တရုတ်နိုင်ငံတို့သည် တတိယနိုင်ငံ သစ်သီးဝလံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ သဘောတူညီချက် (Third Country Fruit Transport Protocol) အောက်တွင် ပို့ကုန်သွင်းကုန် စစ်ဆေးရေးဂိတ်အသစ် ၅ ခု ဖွင့်လှစ်ရန် အရေးပါသော သဘောတူညီမှုတစ်ရပ်ကို ရယူခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့မှ စတင်အာဏာ သက်ရောက်မည့် အဆိုပါ သဘောတူညီချက်သည် သယ်ယူပို့ဆောင်မှုစရိတ်များ လျှော့ချနိုင်ရန်၊ လက်ရှိစစ်ဆေးရေးဂိတ်များတွင် ဝန်ထုပ်ဝန်ပိုးဖြစ် နေမှုကို သက်သာစေရန်နှင့် ထိုင်းသစ်သီးဝလံများကို တရုတ်နိုင်ငံ၏ ပြည်နယ်များသ

21 Aug 2025

  ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများမြှင့်တင်ရန်၊ နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည် ရင်းနှီးမှုများခိုင်မာစေရန်အတွက် နိုင်ငံတွင်းနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။ ကမ္ဘောဒီးယားနို်ငငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး Buakeo Phumvongsa

Pages