ပြည်ပကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယားနိုင်ငံသား အရေအတွက်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအထိ (၉) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့ (KTO) ၏ စာရင်းဇယားများအရ သိရသည်။ KTO ၏ အချက်အလက်များအရ လက်ရှိနှစ်၏ ပထမခုနစ်လတာကာလအတွင်း နိုင်ငံတော်သို့ ကိုရီးယား ခရီးသွားဝင်ရောက်မှု တိုးပွားလာမှုအရေအတွက်မှာ ၁၀၆,၆၈၆ ရှိပြီး ယင်းသည် (၉) ရာခိ

အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ၏ အမျိုးသားလေကြောင်းလိုင်း Etihad Airways သည် အဘူဒါဘီ (Abu Dhabi) နှင့် ဖနွမ်းပင်တို့ကြား ၎င်း၏ ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ၅-၁၀-၂၀၂၅ ရက်နေ့တွင် စတင်ခဲ့ပြီး ကမ္ဘောဒီးယားမှ ကမ္ဘာသို့ ပျံသန်းမှုအသစ်ကို စတင်ချိတ်ဆက်ပေးခဲ့သည်။ Etihad Airways လေယာဉ် ရောက်ရှိလာခြင်းအတွက် ကြိုဆိုခြင်းအခမ်းအနားကို အောက်တိုဘာ ၄ ရက်က Techo အပြည်

ဖိလစ်ပိုင်ကဆန်တင်သွင်းမှုယာယီပိတ်ပင်ပြီးနောက် ဂါနာနိုင်ငံသည် စက်တင်ဘာလတွင် ဗီယက်နမ်၏ အကြီးမားဆုံးဆန်ဝယ်ယူသူဖြစ်လာပြီး စုစုပေါင်းတင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၆.၈၃ သန်း တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါကပမာ

ဘရူနိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသွားများကို ၂၀၂၅ ခုနှစ်အတွက် အဓိက ပစ်မှတ်စျေးကွက်အဖြစ် သတ်မှတ်ခဲ့ကြောင်း ဘရူနိုင်းအစိုးရ အကြီးတန်းအရာရှိတစ်ဦးက အောက်တိုဘာလ ၉ ရက်နေ့က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဥဇဘက်ကစ္စတန်နိုင်ငံမှ ကြက်သားတင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၄.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းကော်မတီက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားစာရင်းအင်းကော်မတီ၏ ပဏာမ အချက်အလက်များအရ

သီရိလင်္ကာနိုင်ငံရှိ ဆိုရှယ်မီဒီယာအသုံးပြုမှုသည် အဓိကပလက်ဖောင်းများတစ်လျှောက်တွင် သုံးစွဲသူများ တိုးများလာကာ ၂၀၂၄ ခုနှစ်တွင် သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း သီရိလင်္ကာနိုင်ငံ၏ ဆက်သွယ်ရေးစည်းမျဉ်းစည်းကမ်းကော်မရှင် (TRCSL) ၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။ မတ်လမှ ဒီဇင်ဘာလအထိ ၂၀၂၄ ခုနှစ် ကာလအတွင်း အစီရင်ခံစာတွင် Facebook သည် နိုင်ငံအတွင်း အသုံးပြုမှုအများဆုံးသော ပလက်ဖော

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ပေးဆောင်ရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံရှိ ရာသီဥတုနှင့် ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိစေရန် ထောက်ပံ့ငွေ နှစ်ခုကို အတည်ပြုခဲ့ကြောင်း အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဒဏ်ကို ယခင်က ခံစားခဲ့ရသည့်နိုင်ငံနှင့် ဒေသအများအပြားမှ တောရိုင်းငှက်များနှင့် ကြက်များ တင်သွင်းခြင်းအပေါ် ယာယီတားမြစ်ချက်ကို ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံ၏ စိုက်ပျိုးရေးဌာန (DA) က အောက်တိုဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ အဓိကစီးပွားရေးဆိပ်ကမ်းဖြစ်သည့် ကိုလံဘိုဆိပ်ကမ်းသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် အခွန်ပေးဆောင်ပြီးနောက် အမြတ်ငွေ ရူပီး ၃၂.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၇ သန်းခန့်) ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၁ ရာခိုင် နှုန်းတိုးလာကြောင်း ပို့ဆောင်ရေးနှင့် လေကြောင်းဝန်ကြီးဌာနက အောက်တိုဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားနှင့် ဒိုမီနီကာနိုင်ငံတို့သည် အောက်တိုဘာ ၉ ရက် ကြာသပတေးနေ့တွင် ၎င်းတို့ ၏ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်ခံ့အောင်တိုးချဲ့ရန် သဘောတူညီခဲ့ကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ၂၂ ကာရက် ရွှေလက်ဝတ်ရတနာများ၏ ဈေးနှုန်းသည် သမိုင်းဝင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ကျောက်မျက်ရတနာများအသင်း (BAJUS) မှ အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင်ကြေငြာချက်အရ တစ်ဂရမ်လျှင် ၁၇,၃၃၅ တာကာ နှုန်းသစ်သို့ သတ်မှတ်ခဲ့ကြောင်းသိရသည်။ BAJUS သည် ၂၁ ကာရက်ရွှေတစ်ဂရမ်လျှင် ၁၆၅၄၇ တာကာ၊ ၁၈ ကာရက်ရွှေအတွက် ၁၄၁၈၃ တာကာနှင့် အခြားမျိုးကွဲများအ

ဆီနီဂေါနိုင်ငံ၏မြို့တော် ဒါကာအနီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၂၅ ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ အဆိုပါ နှစ်ရက်တာ အခမ်းအနားတွင် နိုင်ငံပေါင်းစုံမှ အစိုးရအရာရှိများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စုစည်း၍ “အခွင

