Main menu

၂၀၂၆ ခုနှစ်အစောပိုင်းတွင် ကင်းမွန်နှင့် ရေဘဝဲတင်ပို့မှုအားကောင်းခဲ့သည့် ဗီယက်နမ်

Powered by Drupal

       ဗီယက်နမ်နိုင်ငံ၏ ကင်းမွန်နှင့် ရေဘဝဲပို့ကုန်တန်ဖိုးသည် ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း အမေရိကန်ဒေါ်လာ ၁၁၁ သန်းကျော် ရရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် ဤကဏ္ဍအတွက် ကောင်းမွန်သည့် စတင်မှုတစ်ခုဖြစ်သကဲ့သို့ များစွာသောဈေးကွက်များတွင် ဝယ်လိုအား ပြန်လည်မြင့်တက်လာ နေသည်ကိုလည်း ဖော်ပြနေကြောင်း သိရပါသည်။ ထုတ်ကုန်ဖွဲ့စည်းပုံအရ ကင်းမွန်များသည် ကြီးထွားမှု၏အဓိကမောင်းနှင်အားအဖြစ် ပေါ်ထွန်းလာကြောင်း သိရပါသည်။ ဗီယက်နမ်သည် ကင်းမွန်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄ သန်းကျော်ရရှိကာ ၃၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ရေဘဝဲတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄၇ သန်းကျော်ဖြင့် ၁၆ ရာခိုင်နှုန်း ကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုတိုးတက်မှုအရ ရေတိုကာလအတွင်း ကင်းမွန်ထုတ်ကုန်များအတွက် ဝယ်လိုအားပြန်လည်နာလံထူမှု မြန်ဆန်နေသည်ကို ပြသနေကြောင်း သိရပါသည်။ စျေးကွက်အလိုက်ဆိုပါက အာရှဒေသသည် တိုးတက်မှုအတွက် အဓိက မောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ တောင်ကိုရီးယားသည် ဒေါ်လာ ၄၂ သန်းနီးပါးဖြင့် အကြီးမားဆုံး တင်သွင်းသူအဖြစ် ရပ်တည်နေပြီး ၂၃ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၎င်း၏နောက်တွင် ဂျပန်နိုင်ငံသည် ဒေါ်လာ ၂၆ သန်းနီးပါးဖြင့် ၈ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၈၅ ရာခိုင်နှုန်းကျော်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ ၄၁ ရာခိုင်နှုန်းကျော် အသီးသီး မြင့်တက်လာခဲ့ခြင်းကြောင့် ဒေသတွင်းဝယ်လိုအား တိုးတက်လာနေမှုကို ထင်ရှားစွာ မြင်တွေ့နိုင်ကြောင်း သိရပါသည်။ သို့သော် ဥရောပသမဂ္ဂသို့ တင်ပို့မှုမှာ ၁၄.၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တိုးတက်ကောင်းမွန်သော အခြေအနေများရှိနေသော်လည်း စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေရကြောင်း သိရပါသည်။ အရှေ့အလယ်ပိုင်းဒေသရှိ တင်းမာမှုများကြောင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် မြင့်တက်နိုင်ခြင်းနှင့် ပို့ဆောင်ချိန် ကြာရှည်နိုင်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရပါသည်။ ထို့အပြင် လောင်စာဆီဈေးနှုန်း မြင့်မားနေခြင်းကြောင့် ငါးဖမ်းလုပ်ငန်း၏ ကုန်ကျစရိတ်များ တိုးလာကာ ငါးဖမ်းသမားများနှင့် ကုန်ကြမ်းထောက်ပံ့မှုအပေါ် ဖိအားများဖြစ်ပေါ်စေလျက်ရှိကြောင်း သိရပါသည်။ ပြည်တွင်းကုန်ကြမ်း ထောက်ပံ့မှု မတည်ငြိမ်မှုများကြောင့်လည်း ပို့ကုန်မှာယူမှုများကို ပြည့်မီစေရန် အခက်အခဲများရှိနေကြောင်း သိရပါသည်။ ထို့အပြင် ဥရောပသမဂ္ဂမှ ချမှတ်ထားသော တရားမဝင်သော၊ အစီရင်မခံထားသောနှင့် စည်းကမ်းမလိုက်နာသော ငါးဖမ်းမှု (IUU) နှင့် ပတ်သက်သည့် “အဝါကတ်” သတိပေးချက်သည် လုပ်ငန်းနယ်ပယ်၏ ဂုဏ်သိက္ခာနှင့် ဈေးကွက်တိုးချဲ့မှုအပေါ် အဓိကအတားအဆီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ထိုအခြေအနေတွင် စီးပွားရေးလုပ်ငန်းများအား ကုန်ကျစရိတ်ပြောင်းလဲမှုများကို လိုက်လျောညီထွေပြောင်းလဲရန်၊ ကုန်ကြမ်းရင်းမြစ်များမျိုးစုံချဲ့ထွင်ရန်နှင့် အာရှစျေးကွက်များတွင် ရှိနေသောအခွင့်အလမ်းများကို ထိရောက်စွာအသုံးချရန် အကြံပြုထားကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)