Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
25 Nov 2025

          တောင်ကိုးရီးယားနိုင်ငံ၏ ဆန်ထွက်ရှိမှုသည် စံချိန်တင် စပါးနည်းပါးမှုကြောင့် ယခုနှစ်တွင် ဆန်အထွက်နှုန်း ဒုတိယအနိမ့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း စာရင်းအင်းရုံးမှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။ ဆန်ထုတ်လုပ်မှု စုစုပေါင်း တန်ချိန် ၃,၅၃၉,၀၀၀ ရှိပြီး ယခင်နှစ်က ထက် ၁.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

25 Nov 2025

          စင်္ကာပူနိုင်ငံ၏ ရေနံမဟုတ်သော ပြည်တွင်းပို့ကုန်များသည် စက်တင်ဘာလတွင် မှတ်တမ်းတင်ခဲ့သော ၇ ရာခိုင်နှုန်းမှ အရှိန်မြင့်ကာ အောက်တိုဘာလတွင် ယခင်နှစ်အလားတူကာလထက် ၂၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Enterprise Singapore မှ န

25 Nov 2025

          ပြည်တွင်းဝယ်လိုအား ဆက်လက်တည်မြဲမှုနှင့် ပို့ကုန်အသားတင်တန်ဖိုး မိုမိုမြင့်မားလာမှုတို့ကြောင့် မလေးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ်၏ တတိယ သုံးလပတ်တွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဗဟိုဘဏ်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

25 Nov 2025

        ရုရှားနိုင်ငံ၏ ကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၈၉.၂ ဘီလီယံ အထိ ကျဆင်းခဲ့ကြောင်း ယခင်နှစ် အလားတူကာလ ဒေါ်လာ ၁၀၀.၅ ဘီလီယံ မှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားဗဟိုဘဏ် CBR ၏ ပြောကြားချက်မျာကို

25 Nov 2025

           ကာဂျစ္စတန်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် စုစုပေါင်း ဆုမ်ငွေ ၁၄၂၇.၄ ဘီလီဘံ (အမေရိကန်ဒေါ်လာ ၁၆.၃ ဘီလီ

24 Nov 2025

    ဆော်ဒီအာရေဗျနိုင်ငံသည် ရေရှည်တည်တံ့သည့် စီးပွားရေးကို အကောင်အထည်ဖော်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက် ခရီးသွားကဏ္ဍကို နိုင်ငံ၏ ဒုတိယ အကြီးဆုံး စီးပွားရေးကဏ္ဍဖြစ်အောင်လုပ်ဆောင်ရန်    ရည်ရွယ်ထားသည်ဟု       ခရီးသွားလာရေး ဒုတိယဝန်ကြီး မာမွတ်အဗ္ဗဒူဟာဒီက နိုဝင်ဘာ ၁၁ ရက်တွင် ပြောသည်။

24 Nov 2025

     ဆီးရီးယားနိုင်ငံ၌ စွမ်းအင်ကဏ္ဍပြုပြင်ပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆောင်းရာ သီမတိုင်မီ  ပြည်သူလူထုအပေါ် သက်ရောက်မှုရှိသည့် ငွေကြေးဖိအားကိုလျှော့ချနိုင်ရန် ပြည်တွင်း စက်သုံးဆီဈေးနှုန်းကို ၃၀ ရာခိုင်နှုန်း လျှော့ချလိုက်ကြောင်း ဆီးရီးယားစွမ်းအင်အာဏာပိုင်များက နိုဝင်ဘာ   ၁၁   ရက်တွင်   ထုတ်ပြန်ကြေညာထားသည်။<

24 Nov 2025

    ပြည်ပသို့ စားအုန်းဆီတင်ပို့မှုအပေါ် စည်းကြပ်သည့်အခွန်ကို ၁၀ ရာခိုင်နှုန်း၌ ဆက်လက် ထိန်းသိမ်းထားရန်အတွက် အစိုးရသည် ဒီဇင်ဘာလအတွက် ၎င်း၏ စားအုန်းဆီကြမ်း ရည်ညွှန်း ဈေးနှုန်းကို လျှော့ချခဲ့သည်ဟု မလေးရှားစားအုန်းဆီကြီးကြပ်မှုအဖွဲ့(MPOB)က နိုဝင်ဘာ ၁၇ ရက် နေ့တွင် လှည့်လည်စာထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

24 Nov 2025

    အိန္ဒိယနိုင်ငံတွင် ယခုနှစ် ၂၀၂၅-၂၆ သီးနှံရာသီနှစ်၌ ပဲစင်းငုံ ထွက်ရှိမှုမှာ တန်ချိန် ၃.၂ သန်း မှ ၃.၃ သန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယခင်နှစ် ၂၀၂၄-၂၅ သီးနှံရာသီနှစ်တွင် တန် ချိန် ၃.၆ သန်းရှိခဲ့ရာမှ  ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းခန့် ‌‌လျော့နည်းဖွယ်ရှိကြောင်း အစိုးရ အဆင့်မြင့်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။ ပဲစင်းငုံစိုက်ဧရိယာ များပြားသော် လည်း ထုတ်လုပ်မှုကျဆင်းရခြင်းမှာ ပုံမှန်မဟုတ်သော မိုးရေချိန်နှင့် သီးနှံအဓိက စိုက်ပျိုးသည့် ပြည်နယ်များတွင် ရာသီဥတုပြန်လည်ကောင်းမွန်မှု မ

24 Nov 2025

    ထိုင်းအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပြောင်းတင်သွင်းခွင့် ခွဲတမ်းကို ယခင် က တန်ချိန် ၅၄၇၀၀ အား သွင်းကုန်ခွန် ၂၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ တန်ချိန် ၁ သန်းအထိ တိုး မြှင့်၍ သွင်းကုန်ခွန် သုညရာခိုင်နှုန်းဖြင့် ခွင့်ပြုရန် အတည်ပြုခဲ့ပြီးနောက် အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က တင်သွင်းလာမည့် ပြောင်းများအတွက် ခြေရာခံ စနစ်တစ်ရပ်ကို အမြန်ဆုံးထူထောင်ရန် ထိုင်းအစိုးရအား အကြံပြုထားသည်။

24 Nov 2025

    အင်ဒိုနီးရှားနိုင်ငံ၏ မြေယာသိမ်းယူမှု မူဝါဒများနှင့် ၎င်းတို့စီစဉ်ထားသည့် ဇီဝဒီဇယ် တိုးချဲ့ ထုတ်လုပ်မှု မူဝါဒတို့ကြောင့် မသေချာမရေရာမှုများ ရှိလာသည့်အတွက် လာမည့်လများအတွင်း စားအုန်းဆီစျေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု စားအုန်းဆီလုပ်ငန်းနယ်ပယ်ရှိ လေ့လာသုံးသပ် သူများက နိုဝင်ဘာလ ၁၄ ရက် (သောကြာနေ့)တွင် ပြောကြားခဲ့သည်ကို ရိုက်တာသတင်း ဖော်ပြထားချက်အရ သိရှိရကြောင်း အိန္ဒိယအခြေစိုက် Bioenergy Times သတင်းဌာနက နိုဝင် ဘာလ

Pages