Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Dec 2025

          ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် တရုတ်နိုင်ငံသို့ ပိန္နဲသီးများတင်ပို့နိုင်တော့မည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံကြားသဘောတူညီမှုများ လက်မှတ်ရေးထိုးလျက်ရှိကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါသဘောတူညီမှု ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင်ပြုလုပ်ခဲ့သော ဗီယက်နမ်နိုင်ငံစိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး Tran Duc Thang

17 Dec 2025

          ပါကစ္စတန်နိုင်ငံကုန်သွယ်ရေးကော်ပိုးရေးရှင်း (TCP) သည် ဆန်တန်ချိန် ၁၀၀၀၀၀ မက်ထရစ်တန်ခန့်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝယ်ယူနိုင်ရန် ကမ်းလှမ်းမှုလက်ခံရရှိခဲ့ကြောင်း သိရပါသည်။ ဆန်အနိမ့်ဆုံးဈေးအား ကုမ္ပဏီများမှ ချမှတ်မည်ဖြစ်ကြောင်း သိရပါသည်။ TCP ၏ တင်ဒါတွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်မည်ဖြစ်ပြီး ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်‌ဒေါ်လာ ၃၉၇.၂၅ မှ ၄၂၄.၈၀ ခန့် ကျသင့်မည်ဖြစ

17 Dec 2025

           တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များသည် semiconductor နှင့် မော်တော်ယာဉ်တင်ပို့မှုများကြောင့် ပို့ကုန်များသည် နိုဝင်ဘာလတွင် ၆ လ ဆက်တိုက်မြင့်တက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်သောအစိုးရ အချက်အလက်များအရ သိရှိရပါသည်။

17 Dec 2025

         ကနေဒါနိုင်ငံ၏ ပြည်တွင်းထုတ်ကုန် (GDP) သည် ဒုတိယသုံးလပတ်တွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းပြီးနောက် တတိယသုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကနေဒါစာရင်းအင်းဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

17 Dec 2025

        ပြည်တွင်းဝယ်လိုအား၏ အဓိကမောင်းနှင်ခဲ့ခြင်းကြောင့် ပေါ်တူဂီနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တတိယသုံးလပတ်တွင် ၂.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (INE) က နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါ သည်။<

16 Dec 2025

     မလေးရှားတွင် စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် အောက်တိုဘာလထက် တန်ချိန် ၁.၉၄ သန်း (၅.၃%) ကျဆင်းခဲ့သော်လည်း နိုဝင်ဘာလ ထုတ်လုပ်မှုအနေဖြင့် ၂၀၁၇ ခုနှစ် နောက်ပိုင်း အများဆုံးဖြစ်သည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB

16 Dec 2025

         ကနေဒါဖက်ဒရယ်အစိုးရနှင့် ရေနံထုတ်လုပ်သော ကနေဒါနိုင်ငံ အယ်လ်ဘာတာ ပြည်နယ်တို့သည် အာရှဈေးကွက်သို့ တင်ပို့ရောင်းချနိုင်စေရန်ရည်ရွယ်၍ ရေနံပိုက်လိုင်းတည်ဆောက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို နိုဝင်ဘာလ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ MOU အရ ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများသည် ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ကတ္တရာစေး တစ်နေ့လျှင် အနည်းဆုံး စည်ပေါင်း ၁ သန်း သယ်ယူနိုင်သော ပုဂ္

15 Dec 2025

     ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနသည် ဖိလစ်ပိုင်သို့ ဆန် တင်ပို့မှုကို တိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိရာ ကမ္ဘောဒီးယားအတွက် နိုင်ငံတကာ စျေးကွက်အသစ် တစ်ခုကို ထူထောင်မှုနှင့်အတူ ဖိလစ်ပိုင်နိုင်ငံအတွက် အရည်အသွေးမြင့်ဆန်များ ရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။

15 Dec 2025

    ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ဆန်တင်သွင်းမှု လိုအပ်ချက်များကို သိသိသာသာ လျှော့ချသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel Jr. က ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

15 Dec 2025

   နိုင်ငံတကာ အုန်းသီးထုတ်ကုန်တင်ပို့မှုလုပ်ငန်း၌ ဗီယက်နမ်သည် ဈေးကွက်ဝေစု တစ်ဖြည်း ဖြည်း ရရှိလာသဖြင့် အုန်းသီးထုတ်ကုန်များကို ကမ္ဘာနှင့်အဝန်း ဦးဆောင်တင်ပို့နေသော ဖိလစ်ပိုင် အနေဖြင့် ဈေးကွက်ဝေစုယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန်အတွက် တန်ဖိုးမြှင့် အုန်းသီး ထုတ်ကုန်များသို့ ပြောင်းလဲထုတ်လုပ်တင်ပို့သင့်ကြောင်း ပညာရှင်တစ်ဦးက ပြောကြားထား ပါသည်။

15 Dec 2025

    မလေးရှားနိုင်ငံ၏ နိုဝင်ဘာလ၌ စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုသည် ရေလွှမ်းမိုးမှု ဒဏ်ခံရသော ဒေသများတွင် ရိတ်သိမ်းမှုနှောင့်နှေးခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ယခင်လက ထက် သိသိသာသာကျဆင်းသွားဖွယ်ရှိသည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ အဆို အရ သိရှိရကြောင်း မလေးရှားအခြေစိုက် The Edge Malaysia သတင်းဌာနက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖော်ပြပါသည်။

15 Dec 2025

    ဥရောပသမဂ္ဂ (EU) သည် သွင်းကုန်အကာအကွယ်ပေးမှုဆိုင်ရာ စည်းမျဉ်းတစ်ရပ်အောက် တွင် ၎င်း၏ စပါးစိုက်ပျိုးသူများနှင့် ဆန်ကြိတ်ခွဲသူများကို ကာကွယ်ရန် အိန္ဒိယနှင့် အခြားအာရှနိုင်ငံ များထံမှ ဆန်တင်သွင်းမှုကို ကန့်သတ်သွားမည်ဖြစ်သည်။ အိန္ဒိယနှင့် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် အခန်း ၂၃ ခန်းအနက် ၁၁ ခန်းကို သဘောတူညီပြီးဖြစ်သော် လည်း EU အနေဖြင့် ယခုကဲ့သို့ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Pages