ပြည်ပကုန်သွယ်မှုသတင်းများ
မလေးရှားနိုင်ငံ၊ ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက်၌ ဧပြီလတွင်တင်ပို့ရောင်းချ မည့် စားအုန်းဆီ ကြိုတင်အရောင်းစာချုပ်အတွက် စံပြုဈေးနှုန်းသည် ဇန်နဝါရီ ၂၉ ရက်နေ့၌ မက်ထရစ် တစ်တန်လျှင် ယခင်နေ့ထက် ၄၆ ရင်းဂစ် တစ်နည်းအားဖြင့် ၁.၀၈ ရာခိုင်နှုန်း ပိုမိုလျက် ရင်းဂစ်ငွေ ၄၃၁၈ နှုန်း (တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀.၁၃ နှုန်း) သို့ ရောက်ရှိပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းအဖြစ် ဈေးကွက်ပိတ်သိမ်း ခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၇.၇၃ သန်းခန့် တင်ပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (MAE) ၏ ပြောကြား ချက်အရ သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ တင်သွင်းလာမည့် ဆန်တန်ချိန် ၃၀၀၀၀၀ ခန့်သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထက်နောက်မကျဘဲ ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိရမည်ဖြစ်ကြောင်း သတ်မှတ်ရက်ထက် နောက်ကျသော ကုန်စည်ပို့ဆောင်မှုများကို မူရင်းတင်ပို့သည့်နိုင်ငံများသို့ ပြန်လည်စေလွှတ်သွား မည်ဖြစ် ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန (DA) က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့သည် စိုက်ပျိုးရေးထွက်ကုန်များ ဖြတ်သန်းသယ်ဆောင် ခြင်းနှင့် ရေယာဉ်လွှဲပြောင်းတင်ဆောင်ခြင်း သမိုင်းဝင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ကြကြောင်း၊ အဆိုပါ လုပ်ဆောင်ချက်သည် ဒေသတွင်းဈေးကွက်သို့ ဝင်ရောက်မှုကို ပိုမိုလွယ်ကူစေရန်နှင့် ကမ္ဘောဒီးယားကုန်ပစ္စည်းများ တရုတ်သို့စီးဆင်းမှုကို ကူညီရန် ရည်ရွယ် ကြောင်း သိရှိရသည်။

ကမ္ဘောဒီးယား သီဟိုဠ်စေ့စိုက်ပျိုးထုတ်လုပ်သူများအသင်း (CAC) သည် ပြည်ပဈေးကွက် များသို့ ဖြန့်ကျက်ရန်နှင့် တရုတ်နှင့် ဂျပန်သို့ တိုးမြှင့်တင်ပို့ရန် ရည်ရွယ်၍ ဖေဖော်ဝါရီလနှင့် မတ် လတို့တွင် စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း မိတ်ဆက်တွေ့ဆုံပွဲ (B2B) နှစ်ခုကို ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှုအချောထည် လုပ်ငန်းများ ကို လုပ်သားအင်အား (၂၅၀၀) ကျော်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ခြင်းလုံး၊ သော့ချိတ်၊ ဦးထုတ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင်အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရူးဘောက်၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်းကန်ပြား၊ လင်ဗန်းတို့အပြင် ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီဒို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုတ်အဝတ်ချိတ်စင်

အင်ဒိုနီးရှားအစိုးရသည် တရားမဝင်ဆေးရွက်ကြီးဖြန့်ဖြူးမှုကို ထိန်းချုပ်ရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ်တွင် စီးကရက်အခွန်စည်းကြပ်မှုဖွဲ့စည်းပုံတွင် အခွန်စည်းမျဉ်းသစ် ထပ်မံထည့်သွင်းရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် သဘာဝရော်ဘာအစေးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၆၀၃.၆ သန်းရရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆၆၃.၈ သန်းထက် ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သော တရားဝင်အစီရင်ခံစာ တစ်စောင် တွင် ဖော်ပြထားသည်။ ရော်ဘာအထွေထွေညွှန်ကြားရေးမှူးရုံးမှ စုစည်းထားသော အစီရင်ခံစာ အရ နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ကုန်စည်စု

အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်းမှုကြောင့် တောင်ကိုရီးယားသို့ တင်သွင်းသော ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ခြောက်လဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ဗဟိုဘဏ်၏ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်သော အချက်အလက် များအရသိရသည်။ ကိုရီးယားဘဏ်၏ အဆိုအရ သွင်းကုန်ဈေးနှုန်းညွှန်းကိန်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ယခင်လကထက် ၀.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆.၄၆ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်က အမေရိကန်ဒေါ်လာ ၆.၀၂ ဘီလီယံထက် ၇.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

ဘရူနိုင်းနိုင်ငံသည် နိုင်ငံ၏အကြီးဆုံး စားသုံးသူကုန်စည်ပြပွဲနှင့် ကုန်သွယ်ရေးပြပွဲကို ဇန်နဝါရီ ၂၈ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ မြို့တော်

တရုတ်နိုင်ငံမှ တင်သွင်းလာသော ကီဝီသီးများ အလုံးအရင်းနှင့် ဝင်ရောက်လာမှုကြောင့် ဈေးကွက်အတွင်း ရောင်းလိုအားမြင့်တက်နေပြီး၊ လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ် ဒေါင် ၈၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃.၀၅ ခန့်) သာရှိတော့သဖြင့် စံချိန်တင် အနိမ့်ဆုံးဈေးနှုန်းသို

