Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal
07 Jun 2024

    အင်ဒိုနီးရှားနိုင်ငံပိုင် Bulog ဝယ်ယူရေးအေဂျင်စီက မကြာ‌သေးမီ၌ ခေါ်ယူခဲ့သော တင်ဒါတွင် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များသည် ဆန်တန်ချိန် ၁၀၀၀၀၀ အတွက် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၅ သန်းဖြင့် လေလံအောင်မြင်ခဲ့ပြီးနောက် ကုမ္ပဏီများအကြား တစ်ဦးနှင့် တစ်ဦး ဈေးပြိုင်လျှော့ရောင်းမှုနှင့် ဈေးနှုန်းစစ်ထိုးမှုများတွင် ပါဝင်ခြင်းတို့ကို ကာကွယ်တားဆီး နိုင်ရန်အတွက် ဗီယက်နမ်ဆန်တင်ပို့မှုနယ်ပယ်၌ အနိမ့်ဆုံးပို့ကုန်ဈေးနှုန်းစနစ် ချမှတ်ဆောင်ရွက် သင့်သည်ဟု လေ့လာဆန်းစစ်သူများက ပြောဆိုလျက်ရှိကြောင်း မလေးရှား The Star Online သတင်းဌာနက ဖော်ပြပါသည်။

07 Jun 2024

       တရုတ်နိုင်ငံ၏ ဒုတိယသမ္မတ Han Zhang နှင့် Foremost Group ၏ဥက္ကဋ္ဌ ဒေါက်တာ James S.C Chao  တို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁ရက်နေ့ (တနင်္လာနေ့) တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။

07 Jun 2024

   ဖိလစ်ပိုင်နိုင်ငံတွင် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်စည်းကြပ်မှုအား ၃၅% သတ်မှတ် ထားရာမှ ၁၅% သို့ လျှော့ချခြင်းနှင့်အတူ အစိုးရ၏ ထပ်ဆောင်းထောက်ပံ့မှုက ဝင်ငွေနည်းပါးသူများအတွက် ဆန် ၁ ကီလိုဂရမ်လျှင် ၂၉ ပီဆိုနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေလိမ့်မည်ဟု အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့ (National Economic and Development Authority - NEDA) မှ အတွင်းရေးမှူး Arsenio M. Balisacan က ပြောကြားခဲ့ပါသည်။

07 Jun 2024

    သီရိလင်္ကာနိုင်ငံ၌ ကမ္ဘာ့အခြားနေရာဒေသများထက် အချို့သော ပဲမျိုးများ၏ ဈေးနှုန်းများ ကို မြင့်မားမှုဖြစ်ပေါ်စေလျက်ရှိသည့် သွင်းကုန်အပေါ် အမျိုးသားရေးထိန်းချုပ်ဆောင်ရွက်မှု အစီ အမံများအား အစိုးရအဖွဲ့က ဖြေလျှော့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

07 Jun 2024

     အိန္ဒိယနိုင်ငံတွင် ၂၀၂၄-၂၅ သီးနှံစိုက်ပျိုးရေးနှစ်အတွင်း မိုးရာသီ၌ တောင်သူလယ်သမား၏ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် နှံစားသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်နိုင်ရေး ဆွဲဆောင် ရန်အတွက် အစိုးရသည် အနိမ့်ဆုံးထား ထောက်ပံ့မည့် အခြေခံရည်ညွှန်းဈေးနှုန်းများ (Minimum Support Price - MSP) ကို ၅% မှ ၁၀% အတွင်း တိုးမြှင့်သတ်မှတ်ဖွယ်ရှိကြောင်း Financial Express သတင်းဌာနက ဖော်ပြပါသည်။

07 Jun 2024

       Cisco သည် AI လုပ်ငန်းများတွင် အစုရှယ်ယာဝင်ရန် အလျင်စလိုဆောင်ရွက်နေသော နည်းပညာကုမ္မဏီများစာရင်းတွင်ပါဝင်ပြီး ၂၀၂၄ခုနှစ်၊ ဇွန်လ ၄ရက်နေ့ (အင်္ဂါနေ့) တွင် Cisco ကုမ္မဏီသည် ညဏ်ရည်တုတီထွင်မှုများတွင် အမေရိကန်ဒေါ်လာ ၁ဘီလီယံရင်းနှီးမြှုပ်နှံခဲ့သည်။

         ကုမ္မဏီသည် Cohere, Mistral AI နှင့် Scale Ai ကဲ့သို့သော AI လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်အတွက် စီစဥ်နေပြီဖြစ်ပြီး ၎င်းအတွက် ရန်ပုံငွေသန်း၂၀၀ရင်းနှီးမြှုပ်နှံရန်အတွက် ကတိပြုထားပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

07 Jun 2024

      လျှပ်စစ်ကားထုတ်လုပ်သည့် VinFast ကုမ္ပဏီသည် Google, Microsoft နှင့် Amazon တို့နှင့်အတူ Time မဂ္ဂဇင်းကရွေးချယ်သည့် ၂၀၂၄ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံးကုမ္ပဏီများ စာရင်းတွင် ဗီယက်နမ်နိုင်ငံမှ တစ်ခုတည်းသောကုမ္ပဏီအနေဖြင့်ပါဝင်ခဲ့သည်။ ယခုအကြိမ်သည် အမေရိကန်အခြေစိုက် Time မဂ္ဂဇင်းမှ သုံးနှစ်မြောက်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံကုမ္ပဏီအနေဖြင့် ပထမဆုံးအကြိမ်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ VinFast သည် ၎င်းတို့၏စက်ရုံကို (၂၁)လအတွင်း လျင်မြန်စွာတည်ဆောက်ခဲ့သောကြောင့် လျှပ်စစ်ကားနယ်ပယ်အတွက် ကမ္ဘာလုံးဆိုင်ရာသက်‌ရောက်မှုဖြစ်ပေါ်စေခဲ့ကြောင်း Time မဂ္ဂဇင်းကဖော်ပြခဲ့ပါသည်။ VinFast

07 Jun 2024

       တရုတ်နိုင်ငံ၏ ထီလက်မှတ်ရောင်းရ‌ငွေသည် ၂၀၂၄ခုနှစ်၊ ဧပြီလတွင် ယွမ် ၅၅.၄၆ဘီလီယံ (အမေရိကန်‌‌ဒေါ်လာ ၇.၆ဘီလီယံခန့်) ရောင်းချနိုင်ခဲ့ပြီး ယခင်နှစ်ထက် ၁၀.၂ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

      နိုင်ငံ၏လူမှုဖူလုံရေးစနစ်အတွက် ထီလက်မှတ်များရောင်းချမှုသည် ဧပြီလတွင် ယွမ် ၁၈.၇၆ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ်ထက် ၂၀.၃ရာခိုင်နှုန်းတိုးလာခဲ့သည်။ အားကစားလုပ်ငန်းကိုအထောက်အကူပြုရန် ထီလက်မှတ်ရောင်းချမှုသည် ယွမ် ၃၆.၆၉ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၇ရာခိုင်နှုန်းတိုးလာကြောင်း ဝန်ကြီးဌာနကပြောကြားခဲ့သည်။

04 Jun 2024

     တရုတ်နိုင်ငံသည် ဩစတြေးလျအမဲသားထုတ်လုပ်သည့် စက်ရုံကြီး ၅ခုမှ တင်သွင်းမှုတားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ထိုလုပ်ဆောင်ချက်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာမည့်လက္ခဏာဖြစ်ကြောင်း မေလ(၃၀)ရက်နေ့၊ ကြာသပတေးနေ့တွင် ဩစတြေးလျအစိုးရက ပြောကြားခဲ့သည်။

04 Jun 2024

     စင်္ကာပူဘဏ်လုပ်ငန်းကုမ္ပဏီကြီး OCBC Group သည် ဟောင်ကောင်နှင့်မကာအိုတို့တွင် ဒေါ်လာ ၁.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ၎င်း၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့် ရုံးခန်းများကို အဆင့်မြှင့်တင်ရန်အတွက် ကြီးထွားလာနေသောဘဏ်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝမှုဆိုင်ရာစီမံခန့်ခွဲမှုနှင့်အခွင့်အလမ်းများကို ပစ်မှတ်ထားနေ ကြောင်း ၎င်း၏ CEO က မေလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။

04 Jun 2024

      ဩစတြေးလျနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုလက္ခဏာများတွေ့ရှိရသောကြောင့် ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားနယ်မှ ကြက်နှင့်ဥထွက်ပစ္စည်းများတင်ပို့မှုကို အမေရိကန်နိုင်ငံက ကန့်သတ်ထားသည်။

         မေလ ၂၂ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သော အဆိုပါတားမြစ်ချက်တွင် ကြက်များ၊ စီးပွားဖြစ်ငှက်များ၊ ဥများနှင့် ငှက်ကုလားအုတ်များပါဝင်သည်။ ပြုပြင်မွမ်းမံထားသော ကြက်၊ ငှက်နှင့် ဥထွက်ပစ္စည်းများ၊ မှိုထွက်ကုန်များအပြင် အခြားလတ်ဆတ်သော ကြက်ထွက်ပစ္စည်းများလည်းပါဝင်သည်။

04 Jun 2024

      ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၅၆.၇၇ဘီလီယံပမာဏတင်ပို့ခဲ့ပြီး ပြည်တွင်းသို့ အမေရိကန်ဒေါ်လာ ၁၄၈.၇၆ဘီလီယံ ပမာဏတင်သွင်းခဲ့ကာ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၈.၀၁ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအထွေထွေစာရင်းအင်းရုံးက ၂၉-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် တင်ပို့မှုပမာဏ ၁၅.၂ရာခိုင်နှုန်းနှင့် တင်သွင်းမှုပမာဏ ၁၈.၂ရာခိုင်နှုန်းသည် လွန်ခဲ့သည့်နှစ် ပထမ(၅)လတာထက်မြင့်တက်ခဲ့ကြောင်းသိရပါသည်။ တင်ပို့မှုပမာဏအနက် အမေရိကန်ဒေါ်လာ ၄၃.၆၉ဘီလီယံပမာဏမှာ ပြည်တွင်းအခန်းကဏ္ဍမှရရှိခဲ့ခြင်းဖြစ်ပြီး  အမေရိကန်ဒေါ်လာ ၁၁

Pages