ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အခြေခံစားကုန်ဈေးနှုန်း

     ယခုဒီဇင်ဘာလ ပထမပတ်၌ မိတ္ထီလာမြို့မဈေးကြီးထဲမှ အခြေခံစားကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းတစ်ပြည်လျှင်(၆၂၅၀)ကျပ်၊ ဧည့်မထ တစ်ပြည်လျှင် (၃၃၅၀)ကျပ်၊ ငစိန်ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်၊ ပဲဆီ တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ စားအုန်းဆီ တပိဿာလျှင်(၇၂၄၀)ကျပ်၊ ကြက်သွန်နီ တပိဿာလျှင် (၁၃၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုပ်ရှည် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုပ်ပု တစ်ပိဿာလျှင် (၂၁၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ CP ကြက်တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၃၇၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင် (၄၀၀၀၀)ကျပ် ငါးကြင်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၄၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၅၆၀)ကျပ်၊ ငါးပိတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှင့် ငါးတံခွန် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဟူ၍ အသီးသီးရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်နှိုင်းယှဉ်လျှင် ကြက်သား(CP)ဈေးမှာ အနည်းငယ်ကျဆင်းလျက်ရှိသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်တက်

  မိတ္ထီလာမြို့၊ ဒီဇင်ဘာလပထမပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ ကလော၊ အောင်ပန်းမြို့များမှ ဝင်ရာက်၍ မိတ္ထီလာမြို့မဈေးကြီး၊ ဖြိုးဝေဈေးတန်း၊ ၈နာရီဈေးနှင့် ပေါက်ချောင်းဈေးတို့တွင်ရောင်းချ ကြပါသည်။

  ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပထမပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၅၀၀၀)ကျပ် ဖြင့်ရောင်း ချလျက်ရှိပြီး နိုဝင်ဘာလစတုတ္ထပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချ ခဲ့ရာဈေးနှုန်းယှဉ်ပါက ယခုတစ်ပတ်တွင်(၁၀၀၀)ကျပ်မြင့်တက်လာကြောင်းသိရသည်။

DOCA(မန္တလေး)

ပဲ၊ နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

 

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

            ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ၊မြေပဲလုံးဆံဖြူ တစ်တင်းလျှင် (၁၃၇၆၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၃၅၀)တင်း၊ တန်အားဖြင့် (၃၁)တန်၊ နှမ်းနက် တစ်တင်းလျှင် (၂၂၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၁၈၀၀)တင်း၊တန်အားဖြင့် (၄၄)တန်၊ အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၇၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၀၀)၊တန်အားဖြင့် (၇)တန် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းဥစိုက်ပျိုးခြင်းအကြောင်းသိကောင်းစရာ

      ကန်စွန်းဥ စိုက်ပျိုးရာ ဒေသမှာ အမေရိကတိုက်၏ အရှေ့ပိုင်းဒေသသည် မူရင်းဒေသဖြစ်သည်။ ကန်ဇွန်းဥကိုမြန်မာပြည်၌ဒေသအနှံအပြားတွင်စိုက်ပျိုးသည်။ကန်စွန်းဥမျိုးပေါင်းမြောက်များစွာရှိသည်။ အသားမာမျိုးနှင့် အသားပျော့ မျိုးနှင့်ဟူ၍ ခွဲခြားနိုင်သည်။ အချို့အပင်ပေါက်ပုံအလေ့အထ မူတည်၍ ခွဲကြသည်။အလွယ်ဆုံးမှာ ကန်စွန်းဥ၏ အရောင်ပေါ် မူတည်၍ အမျိုးအစားခွဲခြားခြင်းဖြစ်သည်။သဲမြေ၊ သဲနှုန်းမြေ၊တို့တွင် ကန်းစွန်းဥကို ကောင်းစွာစိုက်ပျိုးနိုင်သည်။ သို့သော် အောက်ခံမြေသည် နုန်းစနယ်ဖြစ်ရန်လိုသည်။မြေသည်ဖွယ်နေရမည်။ ရေဝပ်ဒဏ်ကို ခံနိုင်ကြချေ။အလွန်စေးသော မြေတွင်ကန်စွန်းဥသည် အသားကြမ်းပြီး ပုံသဏ္ဍာမမှန်တော့ပေ မြေ၏အသင့်တော်ဆုံး အပူချိန်မှာ (၂၀-၃၀) ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်သည်ကန်စွန်းဥသည်အသင့်ချဥ်သောမြေတွင်စိုက်ပျိုး၍ရသည်။အနဉ်းဆုံးပူနွေးသောရာသီ(၄)လရှိရန်လိုအပ်သည်။မိုးအသင့်အတင့်ရွာသောဒေသဖြစ်ရမည့်အပြင် အလင်းရောင် ကောင်းစွာရရှိရမည်။ ကန်စွန်းဥ စိုက်ပျိုးရာတွင် အညွှန့်ကိုယူ၍ စိုက်ရသည်။သင့်လျော်မည့်အရှည်ကို ပျိုဘောင်ပြုလုပ်ပေးရသည်။ အလွန်ဖွယ်သောမြေသဲဆန်သောမြေတွင် ပြုလုပ်ပါသည်။ အပင်များမြေပေါ်သို့က်လာသောအခါအပင်ခြေတွင်မြေဖို့ပေးရပါသည်။ဤသို့ဖို့ပေးခြင်းဖြင့် ပင်စည်အရင်းပိုင်းတွင် ၃/၄လက်မအထိ အမြစ်များထွက်လာပါသည်။ပျိုးပင်များရှည်လာ၍ မိမိလိုအပ်သော ကိုင်အရေအတွက် ရနိုင်လောက်မည့်အရွယ်တွင်စိုက်ခင်းကိုရွေ့ပြောင်းစိုက်ပျိုးနိုင်သည်။နွားချေးများထည့်စိုက်ပျိုးရပါသည်။မြေဆွေးများထည့်၍လည်းစိုက်ပျိုးရပါသည်။တစ်တန်းနှင့်တစ်တန်း တစ်ပေခြား၍ စိုက်ပျိုးရသည်။ ကန်စွန်းဥကို မေလ/ဇွန်လ အတွင်း စတင်စိုက်ပျိုးရသည်။ စိုက်ပြီး အစောပိုင်း ကာလတွင် ပေါင်းမြတ်ကိုရှင်းရသည်။ အပင်များ တစ်ပင်နှင့်တစ်ပင် ရောယှက်၍ မြေကိုဖုံးသွားပါက ပေါင်းလိုက်ရန် အလိုတော့ခြေ ။ စိုက်ပြီးနှစ်လ ခွဲအကြာ တွင်အပင်ခြေရင်း၌မြေတင်ပေးရသည်။ကန်စွန်းဥသည် မိုးတွင်းစိုက်ပျိုးသောသီးနှံဖြစ်၍ရေသွင်းရန်မလိုအပ်ပေ။ ဆောင်းနှင့်နွေရာသီ စိုက်လျှင် (၄)ရက် နှင့်(၉)ရက်အကြားတွင် ရေသွင်းပေးရသည်။

    ကန်စွန်းဥဈေးကောင်းကို မရင့်မှီ အရွယ်ရောက်ဥများကို တူးဖော်ရောင်းချနိုင်သည်။တစ်ဧကလျှင် တစ်ပိသာချိန်(၃၀၀၀မှ၅၀၀၀)ကျော်ထိ ထွက်ရှိသည်။တစ်ပိသာကို ၇၀၀၀ကျပ်ဖြစ်ပါသည်။

(Doca ဧရာဝတီ)

မိတ္ထီလာမြို့ပြည်သာယာဈေးရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်း/ဈေးကွက်

     မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ဒီဇင်ဘာလပထမပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းအနေဖြင့် ကြက်ဥအလုံးအသေးတစ်လုံးလျှင် (၃၈၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀) ကျပ်၊ အကြီးတစ်လုံးလျှင်(၄၅၀)ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥအသေးတစ်လုံးလျှင်(၆၀၀)ကျပ်၊ အကြီး တစ်လုံးလျှင်(၆၅၀)ကျပ်ဖြင့်လည်းကောင်း အသီးသီးရောင်းချလျက်ရှိရာ ယခင်နိုဝင်ဘာလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်နေကြောင်းဈေးကွက်မှသိရပါသည်။ မိတ္ထီလာ ဈေးကွက်သို့ ကြက်ဥ၊ ဘဲဥများမှာ တောင်ကြီး၊ ပဲခူးတို့မှ ဝင်ရောက်ကြောင်းသိရသည်။

DOCA(မန္တလေး)

 

မိတ္ထီလာမြို့၊ ထောပတ်ပဲနှင့်ပဲလိပ်ပြာဈေးနှုန်းဈေးကွက်

   မိတ္ထီလာမြို့၊ ပြည်သာယာဈေးရှိ ထောပတ်ပဲနှင့်ပဲလိပ်ပြာ ဈေးကွက်တွင် ဒီဇင်ဘာလပထမပတ်၌ ဈေးအနည်းငယ်ကျဆင်းလာကြောင်းသိရသည်။ နိုဝင်ဘာလပထမပတ်တွင် ထောပတ်ပဲကို နို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀-၁၃၀၀)ကျပ်၊ ပဲလိပ်ပြာနို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀)ကျပ်ဈေးဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ဈေးကွက်မှသိရသည်။ ထောပတ်ပဲနှင့် ပဲလိပ်ပြာများကို မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ဘက်မှ အများဆုံးဝင်ရောက် ကြောင်းဈေးကွက်မှသိရသည်။ ယခင်တပတ်နှင့်နှိုင်းယှဉ်ပါက ပဲဈေးနှုန်းမှာ အနည်းငယ်ကျဆင်း လာကြောင်း ပြည်သာယာဈေးရှိကုန်စိမ်းသည် များထံမှသိရပါသည်။

DOCA(မန္တလေး)

ပီလောပီနံဥ(သိုမဟုတ်)ကလောဥစိုက်ပျိုးခြင်း သိကောင်းစရာ

   ပီလောပီနံဥသည် ယေဘုယျအားဖြင့် အဓိကစားသုံးသော စာတစ်ခုဖြစ်သည်။ပြုတ်ရသော်လည်းကောင်းကြော်၍သော်လည်းကောင်း နှပ်၍သော်လည်းကောင်းပြုလုပ်စားသုံးကြသည်။စားသုံးမှုသည် အဓိကစားသုံးမှုအပြင်  အခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး ကြာရှည်သိုလှောင်ထားနိုင်ရန်နှင့် ရေစာများ ပြုလုပ်ရာတွင်လည်း ကျယ်ပြန့်စွာ အသုံးပြုကြသည်။  မျိုးစိတ်ပေါင်း လေးဆယ်နှင့် အထက်ရှိသော ပီလောပီနံသည် အများအားဖြင့် အဆိပ်အတောက်ကင်းစွာ စားသုံးနိုင်သော မျိုးတ်များသာဖြစ်သည်။

 စိုက်ပျိုးရာတွင်ရေမဝပ်သောရွံ့မြေအမျိုးအစားဟုတ်သောမြေများတွင်ကောင်းစွာဖြစ်ထွန်းနိုင်သည်။  ရေသွင်းရေထုတကောင်းမွန်ရန် လိုအပ်ပြီးမစိုက်ပျိုးခင်မြေပြင်ရာတွင်ဂရုစိုက်ရန်လိုအပ်သည်။ စိုက်ခင်းလေးလ အလိုတွင် မဖောက်ထုံး အသုံးပြုရသည်။ ပိုမို အထွက်နှုန်း ကောင်းမွန်ပါသည်။ ရေဝပ်၍ ရွံဆန်တွင် ချဉ်ဓာတ်များ၍ အပင်ကြီးထွားမှု့ နှောင့်နှေးစေပြီး အမြစ်ဥများ ဖြစ်ပေါ်မှု အဟန့်အတားဖြစ်စေသည်။ကောင်းစွာရရန် လိုအပ်သည်။ အရိပ်ရခြင်းကိုလုံးဝမနှစ်သက်ပါရောင်ခြည်ကောင်းစွာရရန်လိုအပ်ပါသည်။ အရိပ်အောက်တွင် စိုက်ပျိုးပါက အထွက်နှုန်း လျော့ကျသည်။  မြေပြင်ရာတွင် ပေါင်းမြတ်ကို ရှင်းလင်းပါ၊ ထယ်ထိုးထွန်းမွှေတစ်ကြိမ်ပြီးပါက ထုံးထည့်ပါ။ ထပ်မံ၍ ထယ်ထိုး ထွန်းမွှေပါ ၊ စုစုပေါင်း ထယ်ထိုးထွန်မွှေ သုံးကြိမ် ပြုလုပ်ရပါသည်။အရှည်လိုသလောက်ဘောင်းများဆွဲပါ။တစ်ဘောင်းနှင့်တစ်ဘောင်း သုံးပေကွာရမည်။ စိုက်မြောင်းများတွင် ခပ်စောင်းစောင်း အနေအထားတွင် တစ်ကိုင်းနှင့်တစ်ကိုင်း နှစ်ပေခွာ၍ စိုက်ပျိုးပါ။ မတ်လမှဧပရယ်လဆန်းအထိနောက်ဆုံးထား၍စိုက်ပျိုးကြသည်။မစိုက်မှီ ပေါင်းသက်ဆေး အသုံးပြုနိုင်ပါကက်ပြီးတစ်လကြာလျှင် ပေါင်းနှိမ်ရာတွင် သက်သာမည်။  ပေါင်းသက်ဆေးမသုံးပါက တစ်လတစ်ကြိမ် ပေါင်းနှိမ်ပေးရသည်။ စိုက်ပြီးရှစ်လမှတစ်နှစ်ကြာတွင် တူးဖော်ယူလို့ရပါသည်။  ပီလောပီနံဥသည် တစ်ပိသာကို ၂၅၀၀/ ၃၀၀၀ကျပ်ဖြစ်ပါသည်။

(Doca ဧရာဝတီ)

မိတ္ထီလာမြို့ဆောင်းရာသီစာ ထန်းမြစ်ဈေးနှုန်းဈေး

  မိတ္ထီလာမြို့၊ ပြည်သာယာဈေးတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမပတ်တွင် ရောင်းချ လျက်ရှိသော ထန်းမြစ်များကို မိတ္ထီလာမြို့နှင့်အနီးတဝိုက်ကျေးရွာများရှိ ထန်းပင်များမှ တိုက်ရိုက် ထွက်ရှိသည်ဟု သိရပါသည်။ လက်ရှိဈေးနှုန်းများအရ (၁၀)ချောင်းပါတစ်စီးကို(၂၅၀၀)ကျပ်၊ (၂၅)ချောင်းပါတစ်စီးလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ထန်းမြစ်ကို မီးဖုတ်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်းစားသုံးကြပါသည်။ မိတ္ထီလာမြို့တွင် ထန်းမြစ်ဈေးနှုန်း၊ ဈေးကွက်အနေနှင့် ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း ပြည်သာယာဈေးရှိ ကုန်သည်များထံမှသိရသည်။

DOCA(မန္တလေး)

ပေါက်ချောင်းဈေးတွင် ကညွှတ်များအရောင်းအဝယ်ဖြစ်

   မိတ္ထီလာမြို့ရှိ ပေါက်ချောင်းဈေးရှိ ကုန်စိမ်းဈေးကွက်တွင် ကညွှတ်များအရောင်းအဝယ်ဖြစ်လာကြောင်းသိရသည်။ မလှိုင်မြို့နယ်ရှိ ကညွှတ်စိုက်ပျိုးသောကျေးရွာများမှ ဝင်ရောက်ကြောင်း သိရသည်။ ကညွှတ်မှာကုန်စိမ်းသီးနှံများတွင် ဈေးကောင်းခြင်းကြောင့် အခြေခံလူတန်းစားများ စားသုံးမှုနည်းကာ ဟိုတယ်၊ စားသောက်ဆိုင်ကြီးများကဝယ်ယူမှုများသော်လည်း ယခုအခါဈေးကွက် တွင် အဝင်များကာ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် (၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ပေါက်ချောင်းဈေးတွင်ကညွှတ်တစ်စီးလျှင်(၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

DOCA(မန္တလေး)

ခရမ်းချဉ်သီးကိုင်းသီးများဝင်ရောက်မှုများပြားလျက်ရှိ

    နတ်တော်လဆန်းကာလတွင် မန္တလေးစျေးကွက်သို့ ခရမ်းချဉ်သီးကိုင်းသီးဝင်ရောက်မှုများ ပြားရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံများ၊သီရိမာလာစျေး (ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊  ကမ်းနားလမ်းရှိ   ကုန်စိမ်းလက္ကားစျေးတို့တွင် ခရမ်းချဉ်သီး(ကိုင်းသီး)၊ခရမ်းချဉ်သီး(အင်းသီး)နှင့်ခရမ်း ချဉ်သီး(ဘောလုံးသီး)တို့အား ခေါင်သီး နှင့် အလတ်စသီးဟူ၍ အမျိုးအစားခွဲခြား ရောင်းချလျှက်ရှိပါသည်။  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပထမ ပတ်အတွင်း   ဖြစ်ပေါ်လျှက်ရှိသော လက္ကားစျေးအနေဖြင့် ခရမ်းချဉ်သီး(ကိုင်းသီး)   အချိန်(၃၀)ပါ တစ်တောင်းလျှင် ၂၇၀၀၀၀ ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊လက်လီစျေးတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ အင်းသီးလက္ကား‌စျေးတစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၅၀၀၀၀ကျပ် နှင့် ၆၅၀၀၀ကျပ်၊ လက်လီစျေး အနေဖြင့် ခရမ်းချဉ်သီး ဘောလုံးသီးနှင့်  အင်းသီးတစ်ပိဿာလျှင်    ၄၀၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ၊ နိုဝင်ဘာလနောက် ဆုံးပတ်စျေးနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၅၀၀ ကျပ်စျေးမြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း