ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၈၄၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၃၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၅၀၀ ကျပ်၊ ငရုတ်သီးခြောက်(ပွ) တစ်ပိဿာ ၂၇၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၄၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၈၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၁၂၅၀၀ ကျပ်၊ ပဲတောင့်ရှည် တစ်စည်း ၁၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၃၂၀၀ ကျပ်နှင့် ဂျင်း(ချင်း) တစ်ပိဿာ ၄၀၀၀ ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

          ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၁၁၅၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၇၅၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၈၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၈၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

          ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ယခင် ဇန်နဝါရီလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပေါ်ဆန်းဆန်၊ ဧည့်မထ(ဒေသ)ဆန်၊ ဂျင်းနှင့်ဂေါ်ဖီထုပ် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ပေါ်ဆန်းဆန်နှင့် ဧည့်မထ(ဒေသ)ဆန်ဈေးနှုန်း ကျဆင်းရခြင်းမှာ ဆန်(အသစ်)ဈေးနှုန်းဖြစ်သောကြောင့်လည်းကောင်း၊ ဂျင်းနှင့်ဂေါ်ဖီထုပ် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့်ဖြစ်ပါသည်။ ပဲဆီ၊ ကြက်သွန်နီနှင့်ခရမ်းချဉ်သီး ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ပဲဆီဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့် လည်းကောင်း၊ ကြက်သွန်နီနှင့်ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြည်မမှအဝင်နည်းသောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)