မအူပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးထွက်ရှိသော ကွမ်းရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ကွမ်းရွက်ကို မိမိတို့ ဥယျာဉ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းရွက်ကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး စိုက်ပျိုးသော ကွမ်းရွက်အမျိုးအစားများမှာ မိုးစိုက်သည် ကွမ်းရွက်တွင် ဒေါင်းဝင်ခြင်း၊ အရွက်ပုတ်ခြင်း ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။      

   မအူပင်မြို့နယ် ကွမ်းရွက်ဈေးကွက်အနေဖြင့် ယခင် ၂၀၂၄ ခုနှစ်၊ မေလတွင် ကွမ်းရွက် တစ်ပိဿာလျှင် ကျပ်(၅၀၀-၁၅၀၀-၂၅၀၀-၃၅၀၀)ဈေးရရှိပြီး ယခု ၂၀၂၅ ခုနှစ်၊ မေလတွင် အရည်အသွေး အပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၁၀၀၀-၃၀၀၀-၄၀၀၀-၅၀၀၀)ထိ ရောင်းချရပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကွမ်းရွက်ရောင်းချသူများထံမှ သိရသည်။

DOCA(ဧရာဝတီ)