ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

           ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၈.၁၁.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၄၇၆ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၁၈၀ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၂၁၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၀ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၂၈၄ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ပဲခူး(အနောက်) ၃၁၂၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၉၄၅ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၇၅၄ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၆ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၁၄၃ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၅၉၈ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၀၈၆ နှင့် ဈေးနှုန်းမှာ ၄၆၅၀၀ မှ ၄၈၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၈၃၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၃ နှင့် ဈေးနှုန်းများမှာ ၄၄၅၀၀ မှ ၄၆၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၀၉၆ နှင့် ဈေးနှုန်းများမှာ ၄၄၀၀၀ မှ ၄၆၅၀၀ ကျပ်တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။    

           သို့ဖြစ်ပါ၍ ၈.၁၁.၂၀၂၅ ရက်နေ့တွင်  ဆန်အိတ်ရေစုစုပေါင်း ၄၃၄၈၉ အိတ်ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မြင်းခြံမြို့၌ရောင်းချနေသောကြက်ဥ၊ဘဲဥဈေးနှုန်း အနည်းငယ်မြင့်တက်လာခြင်း

           မြင်းခြံမြို့အေးမြသီတာဈေးတွင် စားသောက်ကုန်အမျိုးမျိုးနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိရာ ဘဲဥ၊ကြက်ဥများကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ၎င်းတို့ကို ပြင်ဦးလွင် မြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် ကြက်ဥ တစ်လုံးလျှင် (၄၈၀-၅၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၅၀-၇၅၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင် အောက်တိုဘာလတွင် ကြက်ဥ တစ်လုံးလျှင်(၄၅၀-၄၇၀)ကျပ်၊ တစ်ပိဿာလျှင် (၁၀၈၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၆၀၀-၇၀၀) ကျပ်ပေါက်ခန့် ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်းသိရှိရသည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ကြက်ဥတစ်လုံးလျှင်(၃၀)ကျပ်၊ကြက်ဥတစ်ပိဿာလျှင် (၇၀၀)ကျပ်ခန့်နှင့် ဘဲဥတစ်လုံးလျှင် (၅၀)ကျပ် ခန့်ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ကြောင်း ကြက်ဥ၊ဘဲဥရောင်းချသူ ထံမှသိရှိရသည်။

DOCA (မန္တလေး)

ရာသီပေါ်ဗမာခရမ်းချဉ်သီးဈေးနှုန်း

                 မြင်းခြံမြို့နယ်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ ဗမာခရမ်း ချဉ်သီးများကိုလည်း အနိမ့်ရွာ၊ ခေါင်းကွဲရွာ၊ ပတ္တာရွာ၊သိမ်ရွာနှင့် သဲဖြူဝရွာများတွင် စီးပွားဖြစ် စိုက်ပျိုးထားရှိပြီး စိုက်ဧက(၁၅)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။ စိုက်ပျိုးချိန်မှာ ဇူလိုင်လမှစ၍ အောက်တိုဘာလ အထိစိုက်ပျိုးကြပြီး၊ နိုဝင်ဘာလမှစ၍ ဇန်နဝါရီလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။  ခရမ်းချဉ်မျိုးစေ့ကို ပျိုးဘောင်တွင်ပျိုးပြီး ၂၀-၂၅ ရက် အရွယ်ရောက်ရှိချိန်တွင် စိုက်ခင်းထဲသို့ ရွှေ့ပြောင်းပေးရကြောင်း၊ စိုက်ခင်းထဲ၌ တစ်ပင်နှင့် တစ်ပင်(၁)ပေခွဲကနေ (၂)ပေအထိခွာ ပြီးစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးချိန်မှ (၃)လကြာလျှင် အသီးများစတင်ဆွတ်ခူးကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ၂၀၂၅ခုနှစ် နိုဝင်ဘာလတွင် ဗမာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ တောင်သူများကိုယ်တိုင် အေးမြသီတာဈေးနှင့် စံပြဈေးများသို့ လာရောက်ရောင်းချကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့် ဗမာခရမ်းချဉ်သီးများ ဈေးကောင်းရရှိ၍ စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်လည်းရရှိကြောင်း ခရမ်းချဉ်စိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

ကျောက်ဖရုံပင်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

                    မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ဂေါင်းကွဲ၊ အနိမ့်၊ တလုပ်ရွာနှင့် နဘူးအိုင် ကျေးရွာများတွင် ကျောက်ဖရုံသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးထားရှိကြောင်းသိရှိရသည်။ ဒေသမျိုး ဖြစ်သော အလုံးလတ်(၁-၂)ပေမျိုးကို စင်တင်စိုက်ပျိုးထားကြောင်း၊ စင်တင်စိုက်ပျိုးရာတွင် အလျား(၃) ပေ၊ အနံ(၁)ပေဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုး၍ စိုက်ဘောင်ကြီးလေ ပိုကောင်းလေ ဖြစ်ပါကြောင်း၊ စိုက်ပျိုးချိန်မှ ရက်(၁၀၀)ကျော်လျှင် အသီးများစတင် ခူးဆွတ်နိုင်ကြောင်း၊ စိုက်ခင်းမှ ထွက်ရှိသော ကျောက်ဖရုံသီးများကို တောင်သူများကိုယ်တိုင် အေးမြသီတာဈေးသို့ လာရောက်ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ ကျောက်ဖရုံသီးတစ်လုံးလျှင်(၁၅၀၀-၃၀၀၀)ကျပ် ပေါက်ဈေးများ ရှိကြောင်း၊ အလုံးအကြီး၊ အသေးနှင့်အရွယ် အစားပေါ်မူတည်၍ ဈေးနှုန်းများ ကွာခြားကြောင်း၊ နေ့စဉ် ကျောက်ဖရုံသီး အလုံးရေ (၃၀-၄၀) လုံးခန့်ရောင်းချရကြောင်း၊ တင်ပို့မှုအနေဖြင့်  ဒေသတွင်း စားသုံးရန်နှင့် ရန်ကုန်မြို့၊ အင်းစိန်မြို့သို့တင်ပို့ကြောင်း၊ စိုက်ပျိုးစရိတ် သက်သာပြီး ဝင်ငွေရသောကြောင့် တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးထား ရှိကြောင်းနှင့် ကျောက်ဖရုံသီး မျိုးစေ့ကို အလုံးလိုက် သဘာဝအတိုင်း သိုလှောင်ခြင်းဖြင့် အပင်ပေါက်ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥ၊ ဝဥနှင့် အာဂတ်ဥ(ခေါ်)အာတာလွတ်ဥဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူးသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥ၊ ဝဥနှင့် အာဂတ်ဥ(ခါ်) အာတာလွတ်ဥများကို  ကန့်ဘလူ မြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥ၊ဝဥနှင့် အာဂတ်ဥ (ခေါ်)အာတာလွတ်ဥများကို ကန့်ဘလူမြို့ပေါ် ရပ်ကွက်များမှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများမှာ ပိန်းဥ()ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ဝဥ()ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ အာဂတ်ဥ(ခေါ်)အာတာလွတ်ဥ ()ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥ၊ ဝဥနှင့် အာဂတ်ဥ(ခေါ်) အာတာလွတ်ဥများကို ပြုတ်၍သော်လည်းကောင်း၊ ပိန်းဥနှင့် ဝဥများကို အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံး သူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းနှင့် သစ္စာပန်းဈေးနှုန်းများ

      ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း၊ သစ္စာပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များ သောနှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ်ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်း ၊သစ္စာပန်း များကိုမန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့မှလည်းမှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။လူကြိုက် များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထား အသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၈၀၀)ကျပ်၊ အသေး(၁)ပွင့်လျှင်(၅၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း(၃)ခက်လျှင် (၁၀၀၀)ကျပ်၊ သစ္စာပန်း(၁)စည်းလျှင် (၃၀၀၀)ကျပ်၊ (၃)စည်းလျှင် (၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် စလေဘီ၊ ခါကြာမုန့်နှင့်ပေါက်စီဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ  ဒေသခံများသည်မိသားစု စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သည့်အပြင် စလေဘီ၊ ခါကြာမုန့်နှင့်ပေါက်စီများကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချကြပါသည်။ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော စလေဘီ၊ ခါကြာမုန့်နှင့်ပေါက်စီ ဈေးနှုန်းများမှာ စလေဘီ()ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စလေဘီ (၅၀)ကျပ်သားလျှင် (၆၀၀၀) ကျပ်နှင့်စလေဘီ(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် ခါကြာမုန့်()ချပ်လျှင်(၅၀၀)ကျပ်၊ ပေါက်စီ ()လုံးလျှင်(၅၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊စလေဘီ၊ခါကြာမုန့်နှင့်ပေါက်စီ များကိုသရေစာအဖြစ် စားသုံးရန်အတွက်လည်းကောင်း၊ လက်ဆောင်ပေးရန်အတွက်လည်း ကောင်းဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရာသီစာ ကောက်ညှင်းပြား(ခေါ်)ခေါစီ၊ ခေါပြင်နှင့် ပေါင်းသင်းများ ရောင်းချလျက်ရှိ

      မြန်မာနိုင်ငံတွင် နွေရာသီ၊ မိုးရာသီနှင့် ဆောင်းရာသီ ဆိုပြီး ရာသီဥတု(၃)မျိုးရှိရာ ရာသီဥတု အလိုက် ဒေသအစားအစာများ ပြုလုပ်ရောင်းချလျက်ရှိကြသည်။ ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့်  ကောက်ညှင်းပြား(ခေါ်)ခေါစီ၊ ခေါပြင်နှင့် ပေါင်းသင်းများ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ကောက်ညှင်းပြား(ခေါ်)ခေါစီပြုလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်း ကောက်ညှင်းဆန်ကို ဒေသတွင်းတောင်သူများထံမှ ဝယ်ယူရရှိသလို မိုးညှင်းဒေသမှလည်းမှာယူပြီး အသုံးပြုလျက်ရှိ ကြောင်း၊ ကောက်ညှင်းဆန်အနက်ရောင်နှင့် ကောက်ညှင်းဆန်အဖြူရောင်ဆိုပြီး (၂)မျိုးရှိကြောင်း၊ စားသုံးသူများအနေဖြင့် ကောက်ညှင်းဆန်အနက်ဖြင့် ပြုလုပ်သည်ကို ပိုမိုကြိုက်ကြကြောင်း၊ ကောက်ညှင်းဆန်ကို ကောက်ညှင်းပြားအပြင် ခေါပြင်နှင့် ပေါင်းသင်းတို့ပြုလုပ်၍လည်း ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ ဘုရာကြီးညနေဈေးတွင် ကောက်ညှင်းပြားကြီး ၅ ပြားလျှင် ၁၀၀၀ကျပ် ၊ကောက်ညှင်းပြားသေး ၇ ပြားလျှင် ၁၀၀၀ကျပ် ၊ခေါပြင် ၇တုံးလျှင် ၁၀၀၀ကျပ်၊ ပေါင်းသင်း (၁)လုံးလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ဈေး ကွက်နေဖြင့် မြို့ပေါ်နေပြည်သူများ၊ ခရီးသွားပြည်သူများနှင့် အသိမိတ်ဆွေများထံ လက်ဆောင် ပစ္စည်းအဖြစ် ဝယ်ယူပေးပို့ကြသောကြောင့် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိ ကြောင်း၊ ကန့်ဘလူမြို့ အမှတ်(၁)ရပ်ကွက်ရှိ ကောက်ညှင်းပြား (ခေါ်)ခေါစီ၊ ခေါပြင်နှင့် ပေါင်းသင်း များပြုလုပ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

သာယာဝတီခရိုင်အတွင်း မတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ စက်တင်ဘာလအတွင်းတွင် ပိဿာ (၂၀)တစ်တင်းလျှင် အနိမ့်ဆုံး (၉၂၅၀၀) ကျပ်မှ အမြင့်ဆုံး (၉၄၈၀၀) ကျပ်ထိရှိပြီး ယခုအောက်တိုဘာလ  နောက်ဆုံးသီတင်းပတ်အထိ  ဈေးနှုန်းများမှာ အနိမ့်ဆုံး (၈၅၃၀၀) ကျပ်မှ အမြင့်ဆုံး (၉၂၅၀၀) ကျပ်ထိရှိပါသည်။စီးထွက်မှု့အနေဖြင့် စက်တင်ဘာလ တစ်လလုံးတွင် ရန်ကုန်မြို့သို့ (၁၅၂၅၀၀) အိတ်တင်ပို့နိုင်ခဲ့ပါသည်။ ယခု အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်ထိ တင်ပို့မှု့အနေဖြင့် (၁၆၅၅၁၀) အိတ်ခန့်တင်ပို့ နိုင်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မြင်းခြံကုန်စည်ဒိုင်တွင်အရောင်းအဝယ် ဖြစ်လျက်ရှိသောမြေပဲဆံဈေးများမြင့်တက်လာခြင်း

            မြင်းခြံကုန်စည်ဒိုင်တွင် ပဲမျိုးစုံ၊ကြက်သွန်နီနှင့် ဆီထွက်သီးနှံမျိုးစုံ ရောင်းဝယ်လျက်ရှိ သည့်အနက် မိုးမြေပဲသီးနှံများကိုလည်း နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၌ မြေပဲလုံးဆံတစ်တင်းလျှင်  (၁၁၄၈၀၀)ကျပ်၊ တစ်ပေါက်ကျ မြေပဲတစ်တင်းလျှင် (၁၁၀၅၀၀) ကျပ်၊ မြေပဲဆီဆံတစ်တင်းလျှင်(၁၀၇၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင် အောက်တိုဘာလတွင် မြေပဲလုံးဆံတစ်တင်းလျှင်  (၁၁၀၆၀၀)ကျပ်၊ တစ်ပေါက်ကျ မြေပဲတစ်တင်းလျှင် (၁၀၆၄၀၀) ကျပ်၊ မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၃၆၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ‌အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် မြေပဲဆီဆံတစ်တင်းလျှင် (၄၂၀၀)ကျပ်၊ တစ်ပေါက်ကျမြေပဲဆံ တစ်တင်းလျှင် (၄၁၀၀) ကျပ်၊ မြေပဲဆီဆံတစ်တင်းလျှင် (၃၄၀၀) ကျပ်ခန့် ဈေးနှုန်းမြင့် တက်ခဲ့ ကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နေ့စဉ်အိတ်ရေ (၂၀၀-၃၀၀)အိတ်ခန့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့၊ မန္တလေးမြို့သို့တင်ပို့ကြောင်း၊ ယာဉ်သယ်ယူစရိတ် နှုန်းထားများအနေဖြင့် မြင်းခြံမြို့မှ ရန်ကုန်မြို့သို့ တင်ပို့ရာတွင် မြေပဲ တစ်တင်းခွဲတစ်အိတ်လျှင် (၃၈၀၀) ကျပ်ဖြစ်ကြောင်း၊ မြင်းခြံမြို့မှ မန္တလေးမြို့ သို့တင်ပို့ရာတွင် တစ်တင်းခွဲတစ်အိတ်လျှင်(၂၀၀၀) ကျပ်ခန့် နှုန်းထားများရှိကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း