
မိတ္ထီလာဈေးကွက်၌ ဖေဖော်ဝါရီလဆန်းတွင် အာလူးဈေးများကျဆင်းလာကြောင်းသိရသည်။ ဒေသတွင်းစိုက်ပျိုးမှုမရှိသော အာလူးကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်းတို့မှ တင်သွင်းရပါသည်။ ဝယ်ရင်းဈေးမြင့်လာခြင်းကြောင့် ဒီဇင်ဘာလလယ်ခန့်မှစ၍ ဈေးမြင့်လာသော အာလူးဈေးမှာ ဇန်နဝါရီလဆန်းတွင်အနည်းငယ်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။ တစ်ပိဿာရောင်းဈေးတွင်ဒီဇင်ဘာလဆန်းတွင် (၄၀၀၀) ကျပ်ရှိခဲ့ရာမှ လလယ်တွင် (၅၀၀၀) ကျပ်သို့ မြင့်တက်လာပြီး လကုန်ပိုင်းမှစ၍ ဇန်နဝါရီလကုန်အထိ (၅၅၀၀) အထိဈေးကောင်းနေခဲ့ပါသည်။ ဖေဖော်ဝါရီလဆန်းတွင် တစ်ပိဿာ (၅၀၀၀) ကျပ်သို့ အနည်းငယ်ပြန်လည်ကျဆင်းလာခြင်းမှာ ဆောင်းသီးနှံအဖြစ် အစိုက်များသော အာလူးများ ရိတ်သိမ်းရာသီဖြစ်ကြောင်းဟုသိရသည်။ အာလူးကြော်ကို စီးပွားဖြစ်ထုတ်လုပ်ရောင်းချမှုအပြင် နေ့စဉ်စားသုံးသူများ၏ ဝယ်လိုအားရှိသည့်အတွက် ဈေးကွက်အတွင်း ရောင်းအားပုံမှန်ရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)
