ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းဈေးကွက်

    မိတ္ထီလာဈေးကွက်အတွင်း ယခုဩဂုတ်လပထမပတ်တွင်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း များမှာ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင်(၅၈၀၀-၆၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၇၅၀၀)ကျပ် ၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၆၀၀၀-၁၇၀၀၀)ကျပ်၊ နှမ်းဆီ (၁၃၀၀၀-၁၅၅၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ နှမ်းဖတ်တစ်ပိဿာလျှင် (၂၆၀၀-၂၆၅၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင်(၄၃၀၀)ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင်(၂၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် နှမ်းညိုတစ်တင်းလျှင် (၆၀၀၀-၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၈၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊နေကြာစေ့တစ်ပိဿာလျှင်(၃၀၀-၄၀၀)ကျပ်၊ နှမ်းဖတ်တစ်ပိဿာ လျှင်(၂၀၀-၂၅၀)ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင်(၅၀၀)ကျပ်၊ပဲဆီ၊နှမ်းဆီ၊နေကြာဆီဈေးနှုန်းများမှာ (၅၀၀) ကျပ်ခန့်အသီးသီးဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ မိုးနှမ်းများဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာခြင်း၊ ကုန်ကြမ်းဈေးများကျဆင်းလာသဖြင့် ကုန်ချောဆီဈေးနှုန်းနှင့် ပဲဖတ်၊ နှမ်းဖတ်ဈေးများပါအနည်းငယ်ကျဆင်းလာကြောင်းသိရပါသည်။

    ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိပွဲရုံများတွင် မိုးနှမ်းများတစ်ရက်လျှင် အိတ်( ၅၀၀-၈၀၀) ခန့်ဝင်ရောက်လျက်ရှိပြီး ဒေသတွင်းဆီကြိတ်စက်များအပြင် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သီးနှံပွဲရုံများမှသိရပါသည်။

DOCA (မန္တလေး)

   ဈေးကွက်အတွင်းပဲတီစိမ်းများဈေးအနည်းငယ်ကျဆင်းလျက်ရှိ

        မိတ္ထီလာဈေးကွက်တွင် ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ်သည့် မိုးပဲတီစိမ်းများ နေ့စဉ်မြို့ပေါ်ရှိပွဲရုံ များ၌ ပဲတီစိမ်းအိတ်(၁၀၀)မှ (၂၀၀) အထိဝင်ရောက်လျက်ရှိပြီး အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

          ယခုနှစ်ဩဂုတ်လပထမပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင်(၉၅၀၀၀)ကျပ်ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် နှင့်ကာလတူနှိုင်းယှဉ်လျှင်  ပဲတီစိမ်းတစ်တင်းလျှင် (၅၀၀၀)ကျပ် ထိဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှ ဈေးကွက်အတွင်း အဝင်များလာခြင်းကြောင့်ဖြစ်ပြီး ဒေသတွင်း ပဲပင်ပေါက်လုပ်ငန်းများမှလည်းအဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းအပြင် မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့သို့တင်ပို့ ရောင်းချကြကြောင်း သိရပါသည်။

   DOCA (မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊ဩဂုတ်လ ပထမပတ်တွင်ရောင်းချသော ဩဇာသီး ဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ()လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး အရွယ်သေး အလုံးသေး()လုံးလျှင်(၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ မာလကာသီးအကြီး()လုံးလျှင်(၈၀၀)ကျပ်၊ အသေး()လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ဈေးကွက်၌ မိုးနှမ်းများ လှိုင်လှိုင် ပေါ်၍ဈေးနှုန်းကျဆင်းလျက်ရှိ

     မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းသီးနှံများကိုစိုက်ပျိုးကြကြောင်း၊ မိတ္ထီလာမြို့နယ်တွင် မိုးနှမ်း စိုက်ဧက( ၁၈၆၇၅)ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရ သိရှိရပါသည်။

          မိုးနှမ်းကို မေလဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး ဇူလိုင်လတတိယပတ် မိုးနှမ်းများ စတင်ရိတ်သိမ်း ကြကြောင်း၊ မိုးနှမ်းကို သီးသန့်စိုက်ပျိုးခြင်း၊ ပဲသီစိမ်း၊ ပဲစင်းငုံတို့နှင့်သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်နှစ်သိန်းကျော်ကုန်ကျကြောင်း၊  ယခုနှစ်အထွက်နှုန်းမှာ တစ်ဧကလျှင်(၅) တင်းခန့်ထွက်ရှိခဲ့ကြောင်းနှမ်းစိုက်တောင်သူများထံမှသိရပါသည်။

    မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများတွင် နေ့စဉ် မိုးနှမ်းအိတ်(၅၀၀)မှ(၁၀၀၀) အထိဝင်ရောက် လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုဩဂုတ်လပထမပတ်တွင် နှမ်းညိုတစ်တင်း လျှင်(၈၀၀၀၀-၈၄၀၀၀)ကျပ်၊နှမ်းဖြူတစ်တင်းလျှင်( ၈၈၀၀၀ )ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နှမ်းညိုတစ်တင်းလျှင်(၁၂၀၀၀-၁၃၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက် အတွင်း မိုးနှမ်းများလှိုင်လှိုင်ပေါ်လာခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ် စက်များအပြင်မန္တလေးမြို့သို့အဓိကတင်ပို့ရောင်းချကြကြောင်းသိရပါသည်။

DOCA (မန္တလေး)

 

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်ဈေးနှုန်း

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့်ဒေသ တွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အ ခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော် ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို()ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်()ပြည်လျှင် (၅၅၀၀)ကျပ်နှင့်()ဘူးလျှင်(၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်ဟင်းခါးသီးနှင့်ခဆော့သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

     ၂၀၂၅ခုနှစ်၊ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ ကြက်ဟင်းခါးသီးနှင့် ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့်နတ်ပေး ကျေးရွာ၊ ကာဘိုးကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ ()ပိဿာ လျှင်(၄၀၀၀)ကျပ်နှင့် ခဆော့သီး()ပြည်လျှင် (၃၈၀၀)ကျပ်၊()ဘူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရမည်းသင်းမြို့နယ်၌ မိုးကြိုဝါသီးနှံ ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

      မန္တလေးတိုင်းဒေသကြီး ၊ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ စက်မှုကုန်ကြမ်း သီးနှံတစ်မျိုး ဖြစ်သည့် မိုးကြိုဝါသီးနှံများကိုစိုက်ပျိုးကြကြောင်း၊ ရမည်းသင်းခရိုင်တွင် မိုးကြိုဝါ စိုက်ဧက( ၄၀၁၇) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရသိရှိရပါသည်။

          မိုးကြိုဝါကို မတ်လတွင် စိုက်ပျိုးကြပြီး ဇူလိုင်၊ဩဂုတ်လများတွင် စတင်ရိတ်သိမ်းကြကြောင်း၊ မိုးကြိုဝါသီးနှံကိုသီးသန့်စိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ်(၈)သိန်းခန့်ကုန်ကျကြောင်း၊  ယခုနှစ်အထွက်နှုန်းမှာ မိုးများ၍ဝါအရည်အသွေးညံ့သဖြင့်အထွက်နှုန်းနည်းကြောင်းဝါစိုက်တောင်သူများထံမှသိရပါသည်။

   ယခုဩဂုတ်လပထမပတ်တွင် မိုးကြိုဝါတစ်ပိဿာလျှင် (၃၅၀၀-၃၃၀၀) ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်လျှင် မိုးကြိုဝါတစ်ပိဿာလျှင်(၁၀၀-၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ဈေးနှုန်းအနည်းငယ်မြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်း အဝင်နည်း ခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် မန္တလေး CYT နှင့် စိန်ကမ္ဘာချည်စက်များသို့ အဓိကတင်ပို့ ရောင်းချကြကြောင်းသိရပါသည်။

DOCA (မန္တလေး)

 

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ရွှေဖရုံသီးနှင့် ခရမ်းကြွပ်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ရွှေဖရုံသီးနှင့် ကြက်ဟင်းခါးသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသည့် ရွှေဖရုံသီးဈေးနှုန်းများမှာ  ရွှေဖရုံသီးအလုံး ကြီး()လုံးလျှင် (၃၅၀၀)ကျပ်၊ အလုံးသေး()လုံးလျှင် (၂၅၀၀)ကျပ်၊ ရွှေဖရုံသီးစိတ်()စိတ်လျှင် (၁၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး()ပိဿာလျှင်(၃၈၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဒေါနပန်းပျိုးပင်ဈေးကွက်

   ဒေါနပန်း၏ အဓိပ္ပာယ်သည် “တို့တစ်တွေခွဲခွာကြပါစို့” ဟူ၍ ဖြစ်သည် ဒေါနပန်းဟုဆိုရာဝယ် လှပသော ပန်းပွင့်ကလေးများမဟုတ်ဘဲ သပြေပန်းနည်တူ အရွက်များသာရှိပြီး မွှေးပျံ့သော ရနံ့ရှိသည့် ပန်းပင်ဖြစ်သည်။ငွေအဖြူရောင်အမွှေးလေးများ ဖုံးထားသော အရွက်ကလေးများဖြစ်ပြီး အဖြူရောင် သို့မဟုတ် မီးခိုးရောင်သန်းနေကြသည်။ ရနံ့ရှိသော ပင်ပျော့အမျိုးအစားဖြစ်သည် ဒေါနပန်းသည် အိန္ဒိယ နတ်ဘုရားသို့သစ္စာတရားဖြင့် ပေးအပ်ပူဇော်ကြသည်။မြန်မာနိုင်ငံသည် ဘုရားပန်း ၊နတ်ပန်း ဖြစ်လှူဒါန်းကြသည် ဒေါနရွက်တွင်  အနံ့ထွက်ဆီ တစ်မျိုးပါဝင်သောကြောင့်မွှေးရခြင်းဖြစ်သည်။ ရှေးယခင်ကအုန်းဆီဘူးမျာထဲတွင်ဒေါနပန်းခြောက်ကလေးများ ထည့်ပြီး  မွှေးဆီအဖြစ် ဆံကေသာကို လိမ်းကြသည်။ ဒေါနပန်းသည် ရနံ့သင်းသင်းမွေးကြိုင်ပြီး အိပ်မပျော်သူများအတွက် နှစ်ခြိုက်စွာအိပ်ပျော်စေပါသည်။ ဒေါနပန်အဆီကို ရေမွှေးပြုလုပ်ရာတွင်လဲ အသုံးပြုကြသည်။ ယခုအခါဒေါနပန်းကို ဝယ်ယူသုံးစွဲမှုနည်းလာပြီး ခေတ်မီ မွှေးဆီ၊အုန်းဆီများကိုသာ သုံးစွဲလာကြသည်။ ဒေါနပန်းသည် အခြားဆေးဖက်ဝင် အပင်များကဲသို့ စိတ်ကျန်းမာရေးကိုအထောက်အကူပေးနိုင်ပြီး စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာကို သက်သာစေနိုင်ပါသည်။ဒေါနပန်းပျိုးပင် (၁)အိုလျှင် (၁၅၀၀-၂၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

DOCA (မန္တလေး)

ကန့်ဘလူမြို့၏ ပဲတောင့်ရှည်သီး ဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း ယခုအခါ ဒေသထွက်ပဲတောင့်ရှည်သီးများရောင်းချလျက်ရှိကြောင်း သိရသည်။

      ပဲတောင့်ရှည်သီးနှင့်ကြောင်လျှာသီးများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှထွက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် ပဲတောင့်ရှည်သီးဈေးနှုန်းများမှာ ပဲတောင့်ရှည် ()တောင့်ပါ()စည်းလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်()တောင့်ပါ()စည်းလျှင် (၂၅၀၀)ကျပ်၊ပဲ တောင့်ရှည်(၁၀) စည်းပါ () ထုံးလျှင်(၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း