ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူဈေးကွက်တွင် ကုလားပဲဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ပြည်တွင်းသုံးကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ များ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူများတွင် သီးနှံ လက် ကျန်နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ကုလားပဲမျိုးစုံ အရောင်းအဝယ်ဖြစ်လျက် ရှိရာ ဈေးနှုန်းအနေဖြင့် (V2)တစ်တင်းလျှင် ကျပ်(၈၉၀၀၀-၈၈၅၀၀)၊ ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၉၀၀၀၀-၈၈၀၀၀)၊ ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၇၀၀၀)၊ ကုလားပဲ(929) တစ်တင်း လျှင် ကျပ်(၈၈၀၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ် ပါက ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပွဲရုံဈေးကွက်တွင် နေ့စဉ်  ပိဿာ(၂၀)ဝင် အိတ်(၁၅၀၀ မှ ၁၇၀၀)ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက်လုပ်ငန်း ရှင်များ၊ ပဲကြော်/ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲခြမ်းများလည်း တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသ တွင်း ဝယ်ယူသုံးစွဲမှုအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့ အများဆုံးတင်ပို့ကြောင်း၊ ကုလားပဲ သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအား ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေး လုပ်ငန်း ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

ဆိပ်ဖြူကြက်သွန်နီ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်နှင့်ကုန်စည်စီးဆင်းမှု

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူ မြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်းကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မေလအတွင်း တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၃) သောင်းခန့်၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း ကြက်သွန်နီဈေး ကျဆင်း၍ အရောင်းအဝယ်ဖြစ်ပြီး ဈေးနှုန်း အနေဖြင့် တောင်သူပေါက်ဈေး ကြက်သွန်နီအရည်အသွေးလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၁၀၀)မှ ကျပ်(၇၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ပွဲရုံများမှ ကြက်သွန်နီများကို ပြန်လည်သန့်စင်ပြီး ရောင်းချသောဈေးနှုန်းမှာ ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး(ရှယ်) ကျပ်(၁၆၀၀)၊ လတ်ကြီး တစ်ပိဿာလျှင် ကျပ်(၁၅၀၀)၊ လတ်ချောတစ်ပိဿာလျှင် ကျပ်(၁၄၀၀)၊ လတ်သန့် တစ်ပိဿာလျှင် ကျပ်(၁၃၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၁၂၀၀) ဈေးအသီးသီးဖြင့် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း အရောင်းအဝယ်ဖြစ်သော လက်လီ ဈေးနှုန်းမှာ အရည်အသွေး၊ အရွယ်အစားလိုက်၍ တစ်ပိဿာလျှင် ကျပ် (၁၇၀၀- ၁၄၀၀- ၁၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် ဇွန်လအတွင်း ကုန်ချိန်ပိဿာ(၇)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၁၄၃)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်ပတင်ပို့မှုနည်း၍ ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်ဈေးအေး၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

ဘားအံမြို့ပေါ်ရှိ ကြက်ဥ၊ဘဲဥ ဈေးနှုန်း

    ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင်  ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများ အရောင်းတွက်လျက်ရှိကြောင်း သိရသည်။

          ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ဆားဘဲဥနှင့်ငုံးဥများရောင်းဝယ်ရာတွင် အရွယ်အစားလိုက်၍ ဈေးနှုန်းကွာဟလျက်ရှိပြီး ကြက်ဥ အလုံးကြီးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥ အလုံးသေး တစ်လုံးလျှင်(၄၀၀)ကျပ်၊ ဘဲဥ အလုံးကြီးတစ်လုံးလျှင် (၆၅၀)ကျပ်၊ဘဲဥ အလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၈၀၀)ကျပ်၊ဆားဘဲဥ တစ်လုံးလျှင်(၁၀၀၀)ကျပ်နှင့်ငုံးဥ တစ်လုံး(၁၀၀)ကျပ်တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်းနှင့် ယခင်လနှင့်ယခုလတွင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းများမှာ အတက်အကျမရှိဘဲ ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ဒေသထွက်ခဝဲသီးဈေးနှုန်း

     ကရင်ပြည်နယ်၊ ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည်ရာသီစာ သီးနှံများကို မိသားစုအပိုဝင်ငွေရရှိရန်နှင့်စီးပွားဖြစ်ပါစိုက်ပျိုးကြသည်။ ဒေသခံတောင်သူများသည် မိမိတို့၏စိုက်ခင်းမှထွက်ရှိသော  ခဝဲသီးများကို ဘားအံမြို့ပေါ်ဈေးများတို့ လက်ကား/လက်လီ လာရောက် ရောင်းချကြပါသည်။ ဘားအံမြို့ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ခဝဲသီးသီးဈေးနှုန်း များမှာ ခဝဲသီး လက်ကားဈေးနှုန်း ဆယ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ ခဝဲသီး လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်နှင့် ခဝဲသီး အစည်းသေးတစ်စီးလျှင် (၁၀၀၀၊၁၅၀၀)ကျပ်နှုန်းတို့ဖြင့် ဈေးကောင်းရ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ပေါ်ဈေးရှိကျောက်ဖရုံသီးဈေးနှုန်း

     ကရင်ပြည်နယ် ၊ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် ကျောက်ဖရုံသီးကို တပိုင်တနိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးများရှိ ကျောက်ဖရုံသီးများသည် ဒေသထွက်ကျောက်ဖရုံသီးရှိသလို မိတ္ထီလာဘက်မှဝင်ရောက်လာသည့် ကျောက်ဖရုံသီးများလည်းရှိကြောင်း သိရသည်။

    ဘားအံမြို့အနီးတဝိုက်ကျေးရွာများရှိ ဒေသထွက်ကျောက်ဖရုံသီးများကို ဘားအံမြို့ပေါ်ဈေးများတို့ အဓိကထားကာလာရောက်ရောင်းချကြသည်။ ကျောက်ဖရုံသီးသည် လူတို့၏ခန္ဓာကိုယ်ရှိ ရေဓာတ်ကို ထိန်းညှိပြီး ဆီးရွှင်စေရုံသာမက ဆီးကျောက်တည်ခြင်းကိုလည်း ကာကွယ်ပေးပါသည်။ ကျောက်ဖရုံသီး များကို ရောင်းချဝယ်ယူရာတွင် အရွယ်အစားလိုက်ပြီး ဈေးနှုန်းကွာဟမှုရှိသည်။ ကျောက်ဖရုံသီး အလုံးကြီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကျောက်ဖရုံသီး အလုံသေး တစ်ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် ကျောက်ဖရုံသီး တစ်စိတ်လျှင်(၁၀၀၀၊၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ယခင်လ ကျောက်ဖရုံသီးဈေးနှုန်းနှင့် ယခုလ ကျောက်ဖရုံသီးဈေးနှုန်းမှာ အနည်းငယ်မျှသာ ကွာဟမှုရှိပြီး ယခုလိုကွာဟရခြင်းမှာ မိုးရာသီ ဝါတွင်းကာလဖြစ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

DOCA(ကရင်)

ထောပတ်ခရမ်းသီးဈေးကွက်

   မြန်မာလူမျိုးများသည် သီးနှံများအား အမျိုးမျိုးစမ်းသပ်စိုက်ပျိုးပြီး‌ ဈေးကွက်တွင် ရောင်းချ နေကြပါသည်။ စမ်းသပ်စိုက်ပျိုးသည့်သီးနှံများထဲမှ ထောပတ်ခရမ်းသီးလည်း အပါအဝင်ဖြစ်ပါသည်။ ထောပတ်ခရမ်းသီးကို ပြည်မြို့ရှိကျေးရွာများတွင် စိုက်ပျိုးနေကြပြီး  ဈေးကွက်တွင် ကျယ်ကျယ် ပြန်ပြန့် ရောင်းချနေပြီ ဖြစ်ပါသည်။

    ဈေးကွက်ရောင်းဝယ်မှုတွင် ပိဿာဖြင့် ဝယ်ယူကြပြီး၊ တစ်ပိဿာကို (၁၈၀ဝိ/)ဈေးဖြင့် ဝယ်ယူ ကာ ဈေးကွက်တွင် ပြန်လည်ရောင်းချရာတွင် တစ်ပိဿာကို ၃၀၀ဝိ/ဈေးဖြင့် လည်ကောင်း၊ လက်ကား ဈေးအနေဖြင့် တစ်ဆယ့်ကျပ်သားကို ၁၅၀ဝိ/-ဈေးဖြင့်လည်ကောင်း ရောင်းချနေကြောင်း သိရှိရပါ သည်။

(Doca ဧရာဝတီ)

ပန်းထိမ်မနိုင်ပန်း ဈေးကွက်ဈေးနှုန်းအခြေအနေ

   မိုးရာသီသို့ရောက်ရှိလာသည့် ပန်းတိမ်မနိုင်ပန်းများ စတင်၍ ဈေးကွက် သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ ပန်းအလှကို ပန်းထိမ်ဆရာများ လက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်ငို ပန်းသည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးကာလတွင်ပွင့်လန်းသည့် ပန်းတစ်မျိုး ဖြစ်သည်။ ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထား အလှဆင်သော ပန်းတစ်မျိုးလည်း ဖြစ်ပါသည်။ ပန်းတိမ်မနိုင်ပန်းများကို ၊ တောင်ကြီး၊ မေမြို့များတွင် စီးပွားဖြစ် စိုက်ပျိုးကြပါ  သည်။ ယခင်နှစ်များက ပန်းတိမ်မနိုင်ပန်းကို အဖြူးရောင်တစ်မျိုးသာ စိုက်ပျိုးကြပြီး ယခုအခါ တောင်ကြီးမြို့နယ်ကျေးရွာများတွင် ခရမ်းရောင် ပန်းတိမ်မနိုင်ပန်းစိုက်ပျိုးကြပြီး ဈေးကွက်ထဲတွင် ရောင်းချနေပြီ ဖြစ်ပါသည်။

   ပန်းတိမ်မနိုင်ပန်းသည် အခက်အကြီး/အသေးပေါ်တွင် မူတည်ကာ (တာ)ဟုခေါ်သော ပန်းခြင်း ဖြင့် ဝယ်ယူရပြီး လက်ကားဈေး ၁တာတွင် အခက်အကြီး/အသေးပေါ် မူတည်ပြီး (၃၀/၃၅)စီး ပါရှိပြီး ဈေးနှုန်းအနေဖြင့် (၄၀၀၀ဝိ/-မှ ၆၀၀၀ဝိ/-)ဈေးဖြင့် ဝယ်ယူရပြီး၊ အခက်အကြီးပေါ်မူတည်၍ဥ ရောင်းချကြပြီး၊အခက်ကြီး ၁၀ခက်ပါ ၁စည်းကို (၅၀၀ဝိ/- မှ ၇၀ဝဝိ/-)ဈေး ဖြင့် လည်းကောင်း၊ အခက်သေး ၁၀ခက်ပါ ၁စည်းကို (၂၀၀ဝိ/- မှ ၂၈ဝဝိ/-)ဈေးရောင်းချနေကြောင်း သိရှိရပါသည်။

( DOCA ဧရာဝတီ)

ကန်ကြီးထောင့်မြို့ ဗုံလုံသီးဈေးနှုန်း

   ကန်ကြီးထောင့်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မြို့မဈေးသစ်အတွင်းသို့ ရာသီစာ အသီးအရွက်များအပြင်ဗုံလုံးသီးများလာရောက်ရောင်းချကြပါသည်။ဗုံလုံသီး(ခေါ်)ပဲလင်းမြွှသီးများကိုပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ကြက်ဥနှင့်ရောမွှေ၍ချက်၍သော်လည်းကောင်း၊ဝက်သားဖြင့်ရောချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။

     ကန်ကြီးထောင့်မြို့၊မြို့မဈေးသစ်တွင်၂၀၂၅ခုနှစ်ဩဂုတ်လပထမပတ်တွင်ဖြစ်ပေါ်နေ သောဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး အကြီးတစ်ထောင့်လျှင် (၈၀၀)ကျပ်၊ အသေးတစ်ထောင့်လျှင် (၆၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရောင်းချနေသူများမှ သိရှိရပါသည်။

( DOCA ဧရာဝတီ)

ကန်ကြီးထောင့်မြို့ရှိ ကြက်ဥ/ဘဲဥ ဈေးနှုန်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ဩဂုတ်လပထမပတ် တွင်ဖြစ်ပေါ်နေသော မြို့မဈေးသစ်အတွင်း နေ့စဉ်လက်လီ ရောင်းဝယ်နေသော ကြက်ဥ/ဘဲဥ အရောင်းဈေးနှုန်းများမှာ ကြက်ဥ (အကြီး) တစ်လုံးလျှင် (၅၀၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၄၅၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

            ဘဲဥဈေးနှုန်းများမှာ (အကြီး) တစ်လုံးလျှင် (၆၀၀) ကျပ်၊ (အသေး) တစ်လုံးလျှင် (၅၅၀) ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပါသည်။

( DOCA ဧရာဝတီ)

အစာကြေအိပ်ပျော်သောပူစီနံရွက်ဈေးနှုန်းဈေးကွက်

      ပူစီနံသည် မြန်မာနိူင်ငံတွင် စိုက်ပျိုးရလွယ်ကူပြီး  ဆေးဖက်ဝင်၍ ဝင်ငွေရသော အပင်ဖြစ်ကြောင်း၊ အရွက်ကိုစားသုံးခြင်းဖြင့်  နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး ခန္ဓာကိုယ် အဆီကျ၍ ကိုယ်အလေးချိန်လျော့ချနိုင်ကြောင်း သိရှိရသည်။ အစာမကြေဖြစ်ပါက ပူစီနံ (၅) ရွက်စားပေး ခြင်း ရေနွေးစိမ်သောက်ခြင်းဖြင့် ခံတွင်းကိုရှင်းစေပြီး အစာကို လည်းကြေစေ၍ အိပ်ပျော်စေပြီး အာရုံကြောအားကောင်းကြောင်း၊ ပူစီနံရွက်၏ ပူရှိန်သည့်ဓာတ် ကြောင့် ချွဲကျစေပြီး ချောင်းဆိုး သက်သာပျောက်ကင်းကြောင်း၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်သော ကြောင့် ပန်းနာရင်ကျပ်လည်း သက်သာကြောင်းသိရှိရသည်။ အရွက်ကိုပုံမှန်စားသုံးခြင်းဖြင့် ပူစီနံရွက်တွင်ပါဝင်သော  ပူရှိန်တဲ့ ဓာတ်သည် သွေးထဲက အဆီခဲတွေကိုဖယ်ရှားပေးနိုင်ပြီး အဝလွန် ခြင်း ကို ကာကွယ်ပေးကြောင်း၊ အသားအရေစိုပြေစေပြီး နေပူဒဏ်ခံနိုင်ကြောင်း သိရှိရ သည်။ အသက်အရွယ် ကြီးမားလာသည့် အတွက် စိတ်ဖိစီးမှုများခြင်းကြောင့် သတိမေ့ခြင်း ရောဂါများဖြစ်လာလျှင် ပူစီနံကိုစားသုံးပါက ကိုသက်သာစေကြောင်း၊ ကင်ဆာဆဲလ် တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေး ကြောင်းနှင့် ကိုယ်အလေးချိန်များနေသူတွေ အဝလွန်နေသူတွေကိုလည်း သွေးထဲက အဆီကို ဖယ်ရှားပေးသောကြောင့် ကိုယ်အလေးချိန်မှန်ပြီး ပိန်‌စေ၍ ပူစီနံရွက်ကို စားသုံးသင့် စာပေများမှ ဖတ်ရှု့သိရှိရသည်။ မြင်းခြံမြို့ ရှိ တလုပ်ကျေးရွာနှင့် တောပုကျေးရွာများတွင် ပူစီနံပင်များကို  စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြောင်း၊ စိုက်ခင်းများမှ ထွက်ရှိသောပူစီနံရွက်များကို တောင်သူများကိုယ်တိုင်  အေးမြသီတာဈေးတွင် လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်တွင် ပူစီနံတစ်စီးလျှင်(၂၀၀)ကျပ်၊ တစ်ပိဿာလျှင်( ၁၁၀၀၀) ကျပ်ပေါက် ဈေးများ ဖြင့်ရောင်းချကြောင်း၊ ဆေးဖက်ဝင်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တောင်သူ၏ ပြောပြချက်အရ သိရှိရသည်။

                                                                                                           

 DOCA (မန္တလေး)

                             

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း