ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ဈေးအနည်းငယ်ကျဆင်းလာသော နာနတ်သီးနှင့် ဒညှင်းသီးဈေးနှုန်း

 ကျွန်းလှမြို့ရှိ  သစ်သီးဝလံမျိုးစုံရောင်းချသည့် ဆိုင်များတွင် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ နာနတ်သီး၊ ဒညှင်းသီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာ နာနတ်သီး နှင့် ဒညှင်းသီးကို မန္တလေးမြို့၊ အင်းတော်မြို့၊ ကသာမြို့နှင့်မဲဇာမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

 ဩဂုတ်လဒုတိယပတ်တွင် ရောင်းချနေ‌သော နာနတ်သီးဈေးနှုန်းများမှာ မဲဇာနာနတ်သီးအကြီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၃၀၀၀)ကျပ် နှင့် မန္တလေး နာနတ်သီး အကြီး တစ်လုံးလျှင်(၃၅၀၀)ကျပ်၊ အသေး တစ်လုံးလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဒညှင်းသီး ဈေးနှုန်းများမှာ ဒညှင်းသီး အကြီး တစ်လုံးလျှင်(၂၀၀)ကျပ် နှင့် အသေး တစ်လုံးလျှင်(၁၀၀/၁၅၀)ကျပ်၊ ဒညှင်းသီး အပြုတ် အကြီး တစ်လုံးလျှင်(၂၅၀)ကျပ်၊ အသေးတစ်လုံး လျှင်(၂၀၀)ကျပ်တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော နွားနို့ ဈေးနှုန်း

  ကျွန်းလှမြို့ရှိ ပြည်သူများသည် စိုက်ပျိုးရေး နှင့် မွေးမြူရေး လုပ်ငန်းများကို  လုပ်ကိုင်လျက်ရှိရာ  ဗမာနွားများနှင့် မေထုံခေါ် နို့စားနွား မွေးမြူရေးလုပ်ငန်းကို တစ်ပိုင် တစ်နိုင် မွေးမြူလျက်ရှိပြီး နွားနို့ များကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်း ရောင်းချနေသော နွားနို့ ဈေးနှုန်း များမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၀၀၀)ကျပ်၊ နွားနို့ခဲ(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ် (၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ဩဂုတ်လ ဒုတိယပတ် တွင် ရောင်းချနေသော နွားနို့ ဈေးနှုန်းများမှာ နွားနို့(၁)လီတာ တစ်ဘူးလျှင်(၂၂၀၀) ကျပ်၊ နွားနို့ခဲ(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ဒိန်ချဉ်(၁)လီတာ တစ်ဘူးလျှင်(၅၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA( စစ်ကိုင်း)

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဒူးရင်းသီး ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် သစ်သီးမျိုးစုံကို ရောင်းချသည့်ဆိုင်များတွင် ဒူးရင်းသီးကို မန္တလေးမြို့မှ တဆင့် မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသာ ဒူးရင်းသီးဈေးနှုန်းများမှာ  အကြီးတစ်လုံးလျှင်(၆၅၀၀၀)ကျပ်၊  အလတ်တစ်လုံးလျှင် (၅၀၀၀၀) နှင့် အလုံးသေး တစ်လုံးလျှင် (၃၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသည့် တောင်ဘို့မှို နှင့် တောမှိုဈေးနှုန်းများ

  ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်သူများရှိသည်အနက်   တောတောင်ကို အမှီပြု၍ သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို  ရှာဖွေလျက်ရှိပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းများမှာ တောင်ဘို့မှို တစ်ပိဿာလျှင်(၂၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၁၅၀၀)ကျပ် နှင့်(၂၅)ကျပ်သားလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊အလားတူပင် တောမှို ဈေးနှုန်းများမှာ တောမှို တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၇၅၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၄၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရနေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်း

  ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရသည်။

   ဩဂုတ်လ ဒုတိယပတ်တွင် ကျွန်းလှမြို့ရှိ ဈေးများတွင် ရောင်းချနေသော ခရမ်းချဉ်သီး ဈေးနှုန်းများမှာ ခရမ်း ချဉ်သီး အလုံးကြီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ အလုံးသေး တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ခရမ်းချဉ်သီးဈေး  တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ကွမ်းသီးစိတ်ဈေးနှုန်း

     ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကွမ်းသီးများကို  ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ မှ မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေ‌သော ကွမ်းသီးစိတ် ဈေးနှုန်းများမှာ ကွမ်းသီးစိတ်(ရှယ်စ)တစ်ပိဿာလျှင်(၃၈၅၀၀)ကျပ်၊ (လတ်စ)တစ်ပိဿာလျှင်(၃၅၅၀၀)ကျပ်၊ (ညံ့)တစ်ပိဿာလျှင် (၂၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ကွမ်းသီးဈေးနှုန်း အနည်းငယ်မြင့် တက်လျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၏ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီးဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် စားဖိုဆောင်သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး နှင့် ခဆော့သီးကိုလည်း ရောင်းချလျက် ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၅၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း၊ ခဆော့သီး တစ်ပြည်လျှင်(၃၂၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၄၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ ကြောင်လျှာသီး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ အသေး တစ်တောင့်လျှင်(၁၀၀၀ မှ ၅၀၀)ကျပ်နှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကင်ပွန်းချဉ်ရွက် နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

   ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက်မှ ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် တစ်စီးလျှင်(၃၀၀)ကျပ်၊ (၂)စီးလျှင်(၅၀၀) ကျပ် နှင့် (၁၀)စီးတစ်ထုံးလျှင်(၂၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ အလားတူပင်  ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် ()ပိဿာလျှင်(၁၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် (၅၀)ကျပ်သားလျှင်(၅၀၀)ကျပ်တို့ဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“ပန်းတိမ်ငိုပန်းစျေးနှုန်းနှင့်စျေးကွက်”

မန္တလေးတိုင်းဒေသကြီး ၊ပြင်ဦးလွင်ခရိုင်သည် ရာသီဥတုအေးမြသော တောင်ပေါ်မြို့လေး ဖြစ်ပြီး မြေဆီမြေလွှာကောင်းမွန်သောကြောင့် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးနှံများ၊ ပန်းပေါင်းစုံကိုလည်း မိရိုးဖလာစိုက်ပျိုးသောတောင်သူများလည်းရှိပါသည်။ပန်းတိမ်ငိုပန်းမှာလည်း စိုက်ပျိုးစရိတ် သက်သာပြီး တောင်သူများအတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ပန်းတိမ်ငိုပန်းကို စိုက်ပျိုးရာတွင် ကိုင်းထိုးခြင်းနှင့်အမြစ်ရှိဥများမှ စိုက်ပျိုးခြင်းဟူ၍(၂)မျိုးစိုက်ပျိုးနိုင်ပါသည်။ဥများကို ဖေဖော်ဝါရီလတွင်စိုက်ပျိုးပြီး ဇူလိုင်လ နှင့် သြဂုတ်လများတွင် အပွင့်ခူးဆွတ်နိုင်ပါသည်။ ပန်းတိမ်ငို ပန်းသည် အေးမြသော ရာသီဥတုကိုကြိုက်ပြီး မိုးရာသီတွင် ဖူးပွင့်သောပန်းဖြစ်ပါသည် ။ ဘုရားပန်း အဖြစ်သာမက အခမ်းအနားများတွင်လည်း အလှဆင်သော ပန်းတစ်မျိုးဖြစ်ပါသည် ။ တစ်ထပ် ၊ နှစ်ထပ်၊သုံးထပ် ပန်းတိမ်ငိုဟူ၍ (၃)မျိုးရှိပြီး အရောင်မှာအဖြူ၊ခရမ်း၊ပန်းရောင်ဟူ၍ အရောင်များရှိပါ သည်။ ယခုလက်ရှိ ပြင်ဦးလွင်ပန်းစျေးကွက်တွင် သစ္စာပန်း၊ ကျောက်စိမ်းနှင်းဆီ ၊သပြေ၊ ဂန္ဓမာပန်းမျိုးစုံအပြင် ပန်းတိမ်ငို (၁၀)ပင်စီး တစ်စည်းလျှင်(၃၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး နေ့စဉ် ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော်မြို့များသို့ Express ကားများဖြင့် တင်ပို့ရောင်းချရကြောင်း ၊ ကံကြီးကုန်း၊ အောင်ချမ်းသာ ပန်းစိုက်ပျိုးသူများထံမှသိရှိရပါသည်။

DOCA(မန္တလေး)

“ရာသီပေါ်ဒန့်သလွန်သီးများ ဈေးကောင်းရ”

   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါး၊ ကြက်သွန်၊ ငရုတ်၊ နှမ်းကို အဓိကထား စိုက်ပျိုးကြသော်လည်း ကျေးလက်နေတောင်သူများသည် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကို စီးပွားဖြစ်စိုက်ပျိုးခြင်း ၊ မိမိတို့ခြံ အိမ်ဝန်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် စားသုံးရန်နှင့် အပိုဝင်ငွေရရှိအောင် စိုက်ပျိုးကြပါသည် ။ ဒန့်သလွန်ပင်ကို ရာသီဥတု မရွေး စိုက်ပျိုးနိုင်ပြီး နှုန်းဆန်သောမြေတွင် ရှင်သန်ကြီးထွားဖြစ်ထွန်းမှု မြန်ဆန်ကြောင်း သိရှိရပါ သည်။ ရေမဝပ်သော မြေတွင်စိုက်ပျိုးပါကလည်း ပိုမိုဖြစ်ထွန်းနိုင်ကြောင်း သိရှိရပါသည်။ ဒန့်သလွန်ပင် ကို အစေ့ချတိုက်ရိုက်စိုက်ပျိုးကြသလို ၊ ကိုင်းဖြတ်စိုက်ပျိုးနည်းဖြင့်လည်း စိုက်ပျိုး၍ရနိုင်ကြောင်း ၊ ကိုင်းဖြတ်စိုက်ပျိုးသော ဒန့်သလွန်ပင်သည် (၂)နှစ်သားအရွယ်တွင် စတင်အသီးပွင့်ကြောင်း သိရှိရ ပါသည်။ ယနေ့ခေတ်တွင် တောင်သူများသည် (၆)လမျိုးဖြစ်သော ဒန့်သလွန်မျိုးများကို စိုက်ပျိုး လာကြသည်ကိုလည်းတွေ့ရှိရပါသည်။ ဖေဖော်ဝါရီလ၊ မတ်လ၊ ဧပြီလ များတွင် ဒန့်သလွန်သီးများ မြိုင်မြိုင်သီးသောလများဖြစ်ပါသည်။ ဒန့်သလွန်ပင် တစ်ပင်တွင် တစ်နှစ်ပတ်လုံး ဒန့်သလွန်သီး (၆၅၀) ခန့် ထိသီးကြောင်း သိရှိရပါသည်။ ယခုအခါ ဒန့်သလွန်သီးများ ပေါ်ကာစဖြစ်၍ လက်ကားဈေးနှုန်း အနေဖြင့် (၃)ထောင့် တစ်စီးလျှင် (၃၀၀)ကျပ်၊ (၅)ထောင့် တစ်စီးလျှင် (၅၀၀)ကျပ်ဖြင့် ယူ၍ စျေးကွက်ထဲ၌လက်လီဈေးနှုန်းအနေဖြင့် (၃)ထောင့် တစ်စီးလျှင် (၅၀၀)ကျပ်၊ (၅)ထောင့် တစ်စီး လျှင်(၇၀၀)ကျပ်ဖြင့်‌ ရောင်းချကြောင်းသိရှိရပါသည် ။ ဒန့်သလွန်ပင်သည် ဆေးဖက်ဝင်သောကြောင့် အရွက်ကို ဟင်းချိုရည်ချက်၍ စားသုံးကြသလို အပွင့်ကို ရေနွေးဖျော်၍ အသုပ်သုပ်၍စားသုံးကြ ကြောင်း ၊ ဒန့်သလွန်သီးကို သီးစုံပဲကုလားဟင်း ချက်ပြုတ်၍ရနိုင်ကြောင်း သိရှိရပါသည်။ ဒန့်သလွန်အစေ့သည် သွေးတိုးရောဂါရှိသူများအတွက် အစေ့ကိုစားပါက ရောဂါသက်သာကြောင်း ၊ ဆေးဖက်လည်းဝင် ၊ စီးပွားလည်းဖြစ် ၊ မိသားစုဝင်ငွေ တိုးသောကြောင့် ဒန့်သလွန်ပင်ကို စိုက်ပျိုးသင့်ပါကြောင်း တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း