“ကြက်သွန်ပျိုးများ စတင်ပျိုးထောင်လျက်ရှိ”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် မိုး၊ ဆောင်း ကြက်သွန်များ စိုက်ပျိုးရန်အတွက် ဇူလိုင်တတိယအပတ်နှင့် ဩဂုတ်လဆန်းပိုင်းများတွင် ကြက်သွန်ပျိုးများ စတင်ပျိုးထောင်လျက်ရှိကြောင်း၊ မိုးကြက်သွန်ကို စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ကြက်သွန်ပျိုးတစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် ထွန်ယက် ခြင်း၊ ရေသွင်း၊ ရေထုတ်ခြင်း၊ မြေဩဇာပက်ခြင်း၊ ဆေးဖျန်းခနှင့် မျိုးဖိုးအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုးများကိုသာ အများဆုံး စိုက်ပျိုး ရန်အတွက် ပျိုးထောင်ကြကြောင်း၊ မျိုးစေ့(၁)ပြည်လျှင် (၅၀၀၀၀/-)ကျပ်ဖြင့် ဝယ်ယူပျိုးထောင်ရ ကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် မျိုးအနေဖြင့် (၂)ပြည်ပျိုးထောင်ရကြောင်း၊ ကြက်သွန်ပျိုး ထောင် သက်တမ်း (၁)လခွဲ(၂)လ အကြာတွင် စတင်စိုက်ပျိုးနိုင်ကြောင်း၊ ကြက်သွန်ဧက အများကြီးစိုက်သော တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် အကုန်အကျများသော်လည်း ကြက်သွန်များပေါ်ဦးပေါ်စတွင် ဈေးနှုန်းများကောင်းမွန်ရန် မျှော်လင့်ကြောင်း ကြက်သွန်အများဆုံး စိုက်ပျိုးသော ကသဲကုန်း ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)