“ခရမ်းကြွပ်သီး စိုက်ပျိုးဝင်ငွေတိုး”

Powered by Drupal

   ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ငရုတ်၊ ကြက်သွန်၊ မြေပဲစသည့်သီးနှံမျိုးစုံ စိုက်ပျိုးသည့်အပြင် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းကြွပ်သီးပင်ကို ကျောက်ဆည်မြို့နယ်၊ ပေါင်လောင်ကျေးရွာတွင် စိုက်ပျိုးကြောင်း သိရှိရပါသည်။ ခရမ်းကြွပ်ပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ ခရမ်းကြွပ် စိုက်ပျိုးမည်ဆိုပါက မျိုးစေ့ကိုအရင် ပျိုးထောင်ပြီး၊ ပျိုးသက် (၁)လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ (၂)လ၊ (၃)လခွဲ အကျော်တွင် အသီးများစတင် ခူးဆွတ်နိုင်ပြီး တစ်ပတ်ခြား တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့် တစ်ပတ်အထွက်နှုန်းပိုမိုလာကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် စတင်ခူးဆွတ်ချိန် တွင် ပိဿာ (၂၀-၃၀)ခန့် ထွက်ရှိပြီး အထွက်နှုန်းအများဆုံးအချိန်တွင် ပိဿာ (၁၅၀)ခန့် အထိ ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၂)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ် လုပ်သားခ၊ မျိုး၊ သွင်းအားစု၊ မြေဆီ၊ ပိုးသတ်ဆေး စုစုပေါင်း ကုန်ကျစရိတ် (၉၀၀၀၀၀/- မှ ၁၀၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ ခရမ်းကြွပ်သီး ဖောက်သည်ဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၇၀၀/-)ကျပ်၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀) ကျပ် ဈေးနှုန်းများဖြင့် အရောင်း ဝယ်ဖြစ်နေကြောင်း၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၁၀၀၀၀၀၀/-) ကျပ် အမြတ်ရရှိကြောင်း၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းအထိလာရောက်ဝယ်ယူပြီး ကျောက်ဆည်၊ စဉ့်ကိုင်နှင့် မန္တလေးမြို့ များသို့ တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)