
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ နှစ်ရှည်သီးနှံဖြစ်သည့် ဂွေးပင်၊ မာလကာသီးပင်၊ ဩဇာသီးပင်၊ သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်နှင့် မန်ကျည်းသီးပင် များကိုလည်း မိမိတို့ နေအိမ်ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ကြပါ သည်။ စိုက်ပျိုးရရှိသော သီနှံများထဲမှ ဩဇာသီး၊ ဂွေးသီးနှင့် မာလကာသီးမျာကို မုံရွာမြို့၊ ချင်းတွင်းရတနာဈေး၊ သံလမ်းဈေးနှင့် ဈေးဟောင်းတို့တွင် လာရောက်ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစား အလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၈၀၀)ကျပ်၊ အရွယ်သေး အလုံးသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးချိုသီး ဈေးနှုန်းမှာ ဂွေးချိုသီး (၁၃)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ ကီလိုမာလကာသီးဈေးနှုန်းများ အနေဖြင့် အကြီးတစ်လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၅၀၀) ကျပ်ဖြစ်ပြီး အကြီးအသေး ပေါ်မူတည်ပြီး ရောင်းချလျက်ရှိကြောင်း သိရပါသည်။
DOCA (စစ်ကိုင်း)