ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ပျိုးမှိုစိုက်ပျိုးသူများယခင်လထက်စျေးကောင်းရရှိ”

           ကျောက်ဆည်ခရိုင်အတွင်းရှိ စျေးများတွင် ပျိုးမှိုများရောင်းချလျက်ရှိရာ ပျိုးမှိုစိုက်ပျိုးသော သူများမှကိုယ်တိုင်လာရောက်၍ စျေးအတွင်းသို့ရောင်းချကြသလို ကုန်စိမ်းသည်များကိုလည်း (၁၀) ကျပ်သားအထုပ်များထုပ်၍ဖောက်သည်ပေးကြောင်း၊ ပျိုးမှိုစိုက်ပျိုးမှုတွင် ငွေနှင်းမှိုနှင့် ကောက်ရိုးမှို ဟူ၍(၂)မျိုးစိုက်ပျိုးရောင်ချကြကြောင်း၊ ငွေနှင်းမှိုကိုလူကြိုက်နည်းပြီး ကောက်ရိုးပျိုးမှိုကို စားသုံးသူများကြိုက်နှစ်သက်ကြောင်း၊ ကောက်ရိုးမှိုသည် နေရာဒေသမရွေး စိုက်ပျိုးနိုင်ပြီး(၁)နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း၊ ကုန်ကြမ်းအနေဖြင့် ကောက်ရိုး၊ ဗေဒါ၊ ငှက်ပျောရွက်၊ ဂျက်စက္ကူနှင့် နွားချေးများ အသုံးပြုရပြီး ရေလောင်းရာတွင် သန့်စင်သောရေကိုလောင်းပေးရကြောင်း၊ မှိုမျိုးအသုံးပြုမှုအနေဖြင့်(၁)ဘောင်လျှင် မျိုးထုပ် (၅)ထုပ်စိုက်ပျိုးရကြောင်း၊ မျိုးဈေးနှုန်းအနေဖြင့် တစ်ထုပ်လျှင် (၆၅၀/-)ကျပ်၊ မှိုစိုက်ဘောင်(၁၀)ခုပြုလုပ်ထားပြီး ဘောင်တစ်ခုလျှင် မှိုအထွက်(၇-၁၀)ပိဿာ အထိထွက်ရှိကြောင်း၊  စိုက်ပျိုးပြီး(၁၃-၁၅)ရက်အကြာတွင် မှိုများစတင် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုသက်တမ်း(၁)လအတွင်း အနည်းဆုံး (၂-၃) ကြိမ် အထိ ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ မှိုစိုက်ပျိုးရာတွင် ရေခဏခဏလောင်းပေးရကြောင်း၊ မှိုသက်တမ်း (၁)လ အတွင်း(၁၀-၁၅) ပိဿာခန့်အထိ ထွက်ရှိကြောင်း၊ တစ်နိုင်တစ်ပိုင် မှိုစိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် (၄၅၀၀၀၀/-) ကျပ်ခန့်ကုန်ကျကြောင်း၊ ယခုလက်ရှိ ပျိုးမှိုပေါက်စျေးအနေဖြင့် (၁)ပိဿာလျှင် ယခင်လ လက်လီ(၁၅၀၀၀/-) ကျပ်၊ ယခုလလက်လီ(၃၀၀၀၀/-)ကျပ်ဖြင့်ရောင်း ဝယ်လျက်ရှိပြီး ဖောက်သည်စျေး လက်ကား(၁)ပိဿာလျှင် ယခင်လ(၉၀၀၀/-)ကျပ်၊ ယခုလ(၂၀၀၀၀/-)ကျပ်ဖြင့် ဖောက်သည် ပေးကြောင်း၊ အကျိုးအမြတ်အနေဖြင့် အနည်းဆုံး(၂)ကြိမ် ခူးဆွတ်‌ရောင်းချပါက စိုက်ပျိုးစရိတ်နှုတ်ပြီး (၁၂၀၀၀၀၀/-)ကျပ်ခန့် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း ယခင်လထက်ဈေးနှုန်းများ ကောင်းမွန်သောကြောင့် မှိုစိုက်ပျိုးသူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းခဲ့ကြောင်း၊  ပျိုးမှိုကို ချက်ပြုတ်စားသုံးရာတွင် မှိုကန်စွန်းချက်၊ မှိုပလိန်းချက်စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးကြောင်း၊ ဝယ်လိုအားရှိပြီး ကုန်ကျစရိတ် သက်သာပြီးစီးပွားလည်းဖြစ် မိသားစုအပိုဝင်ငွေတိုးသော ပျိုးမှိုများကို စိုက်ပျိုးရောင်းချသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်ဒေသထွက်မိုးငရုတ်ဈေးကွက်

    မိတ္ထီလာမြို့နယ်တွင် ဩဂုတ်လ၌ ငရုတ်ဈေးကွက်မှာ ငရုတ်ခြောက်ဈေးငြိမ်နေသော်လည်း ငရုတ်အစိုမှာ ဈေးကွက်သို့အဝင်များ၍ ဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်းသိရသည်။ငရုတ်မှာ မိတ္ထီလာခရိုင်အတွင်းစိုက်ပျိုးဆဲကာလဖြစ်ပြီး လက်ရှိအချိန်တွင် ကျောက်ဆည်ခရိုင်ထွက်ငရုတ်များ ဈေးကွက်သို့ ဝင်ရောက်မှုရှိကြောင်းသိရသည်။ မိတ္ထီလာမြို့နယ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းမှာ ငရုတ်အစိုတစ်ပိဿာလျှင် လက်ကားဈေး(၃၀၀၀-၃၅၀၀)ကျပ် ၊ လက်လီဈေး(၄၀၀၀/)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မိတ္ထီလာခရိုင်မှာ မိုးငရုတ်ကို မေ ၊ ဇွန်လများ၌ စိုက်ပျိုးကာ ဈေး ကွက်သို့ စက်တင်ဘာလမှစ၍ ဒီဇင်ဘာလအထိတင်ပို့နိုင်ကြောင်း နှင့် တင်ပို့ရာတွင်ငရုတ်ခြောက် အနေဖြင့် ရန်ကုန် ၊ တောင်ကြီးမြို့များသို့ တင်ပို့ကာ ဒေသတွင်းသီးနှံထွက်ရှိမှုများပြီး ပြည်ပဝယ်လက် မှ ဈေးကောင်းပေးသည့်နှစ်များတွင် တရုတ်နှင့် ထိုင်းသို့ ငရုတ်အစိုကို အအေးခန်းကားများဖြင့် နယ်စပ် လမ်းကြောင်းမှတင်ပို့နိုင်ကြောင်းငရုတ်ကုန်သည်များထံမှသိရသည်။

DOCA(မန္တလေး)

 

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၈၅)ကျပ်၊ 95 Octance(၃၁၅၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၀၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၂၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

   ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၀)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၉၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

   ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၄၅)ကျပ်၊ 95 Octance(၃၁၅၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၀၅)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီရောင်းချမှုအခြေအနေ

     နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၀)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၇၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၄၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octance တွင် (၄၅)ကျပ်၊ 95 Octance တွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

  မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများ အနေဖြင့် 92 Octance(၃၀၅၀)ကျပ်၊ 95 Octance(၃၁၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင် (၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုး ဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ်ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

ရွှေတောင်မြို့နယ်အတွင်းရှိ ခရမ်းသီးဈေးကွက်

       ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဒေါ်ခင်အုန်းမြင့်၏ ခရမ်းသီးစိုက်ခင်းသို့ (၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ခရမ်းသီးများကို မေလတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လကုန် ခါနီးနှင့် ဩဂုတ်လအတွင်း အသီးများကို စတင်၍ခူးဆွတ်ရပါသည်။စိုက်ဧက (၂)ယောက်စိုက်ရှိပြီး ခရမ်းသီးများကို (၅)ရက်ခြားတစ်ခါ ခူးစွတ်ပြီး တစ်ခါခူးလျှင် ပိဿာချိန် (၂၀)ကျော်ရရှိပါသည်။ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ကျောက်အိုးမှ ပွဲစားများမှ လာရောက်ဝယ်ယူပြီး နယ်များနှင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပါသည်။ (၄)လမှ (၅)အထိ ခူးဆွတ်ရောင်းချရပါသည်။ စတင်စိုက်ပျိုး ချိန်မှ ခူးဆွတ်ချိန်အထိ စုစုပေါင်း ကုန်ကျစရိတ်မှာ (၃)သိန်းရှိပြီး အကျိုးအမြတ်မှာ (၁၀)သိန်းခန့် ရှိနိုင်ကြောင်း၊ ဈေးနှုန်းအတက်အကျနှင့် အသီးအထွက်နှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်ပြောင်းလဲ နိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

 

ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ရောင်းချနေသော အခြေခံစားကုန် ဈေးနှုန်းများအခြေအနေ

      ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီးအတွင်း ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရိုးရိုးပေါ်ဆန်း တစ်ပြည်လျှင် ကျပ်(၅၁၀၀)၊ ဧည့်မထ ဆန် တစ်ပြည်လျှင် ကျပ် (၂၅ဝဝိ/-)၊ ပဲဆီရှယ်တစ်ပိဿာလျှင် ကျပ် (၁၆ဝဝဝိ/-)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် (၇၀၆၅/-)၊ ငရုတ်သီးအရှည်တစ်ပိဿာလျှင် ကျပ် (၁၁၅ဝဝိ/-)၊ ငရုတ်ခြောက်အပုတစ်ပိဿာလျှင် ကျပ် (၁၈၅ဝဝိ/-)၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၁၈ဝဝိ/-)၊ ကြက်သွန်ဖြူ (ရှမ်း) (အသစ်)တစ်ပိဿာလျှင် ကျပ် (၉ဝဝဝိ/-) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ ဆား (အချော) တစ်ပိဿာလျှင် ကျပ် (၁၈၀ဝိ/-)၊ မြေပဲဆန် တစ်ဘူးလျှင် ကျပ် (၁၃ဝဝိ/-)၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် (၆၇၀၀ဝဝိ/-)၊ အာလူး တစ်ပိဿာလျှင် ကျပ် (၅ဝဝဝိ/-)၊ သကြားတစ်ပိဿာလျှင် ကျပ် (၅၀ဝဝိ/-)၊ (မွေးမြူရေး) ကြက်သား (CP)တစ်ပိဿာလျှင် ကျပ် (၁၄ဝဝဝိ/-)၊ ကြက်သား(ဒေသကြက်) တစ်ပိဿာလျှင် ကျပ် (၂၄ဝဝဝိ/-)၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၁၉ဝဝဝိ/-)၊ အမဲသား တစ်ပိဿာလျှင် ကျပ် (၁၈ဝဝဝိ/-)၊  ဆိတ်သား တစ်ပိဿာလျှင်ကျပ် (၂၅ဝဝဝိ/-)၊ ငါးကြင်း (ဖြူ) တစ်ပိဿာလျှင် ကျပ် (၁၀ဝဝဝိ/-)၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် (၂၀ဝဝိ/-)၊ ကျောက်စိမ်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ကျပ် (၄ဝဝဝိ/-)၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အထုပ်အကြီးအသေး ပေါ်မူတည်၍ ကျပ် (၁ဝဝဝိ/- ၊ ၂ဝဝဝိ/- ၃ဝဝဝိ/-)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၃၆ဝိ/-)၊ ဘဲဥ တစ်လုံးလျှင်ကျပ် (၄၁ဝိ/-)  အသီးသီးဈေးရှိပြီး အရောင်းအဝယ်ပုံမှန်ရှိကြောင်း သိရပါသည်။

          ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်များဖြစ်သည့် အသား/ငါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အားလူးဈေးတို့မှာ ဈေးနှုန်းအတက်၊ အကျအနည်းငယ်ရှိပြီး စားအုန်းဆီ ဈေးနှုန်းမှာ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိကြောင်း ပြည်မြို့ မြို့မ စည်ပင်သာယာဈေးကြီးရှိ လက်လီ/ လက်ကားရောင်းချနေသော လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း