ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

   ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၆၀)ကျပ်၊ 95 Octance(၃၁၂၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၆၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၉၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၅-၈-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၃၀၁၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၃၅၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၄၅)ကျပ်၊ 95 Octanceတွင်(၄၀)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၁၀၀)ကျပ်နှင့် ပရီမီယမ် ဒီဇယ်တွင်(၁၁၅)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)