ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

             ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၁၂.၈.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၉၅၀ အိတ်နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၆၈၇ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၅၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၂၁ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၈၅၀ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၂၈၃၄ အိတ်၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၅၉၀၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၆၉၈၊  ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၇၅ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၇၈၃ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၂၄၇၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၃၆၄၊ ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ ကျပ်၊ လက်စအိတ်ရေ ၁၄၉၃၊ ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၆၀၊ ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊  ဆန်ကွဲအိတ်ရေ ၄၉၂၀ နှင့် ဈေးနှုန်းမှာ ၄၆၀၀၀ မှ ၄၈၀၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။

          ၁၂.၈.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အိတ်စုစုပေါင်း (၃၈၉၉၂) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်းနှင့် ဆန်ဈေးနှုန်းများမှာ အနည်းငယ်ပြောင်းလဲမှုရှိကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချလျက်ရှိသော စားဖိုဆောင်သီးနှံဈေးနှုန်းအခြေအနေ

   မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် စားဖိုဆောင်သီးနှံများ ဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ပန်း‌ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ဘိုစားပဲများကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

 ယခု ဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၊ မောင်ငံဈေးတွင် ရောင်းချနေသော စားဖိုဆောင်သီးနှံများဖြစ်သည့် ပန်းဂေါ်ဖီဈေးနှုန်းမှာ အပွင့်ကြီးတစ်ပွင့်လျှင် (၄၀၀၀) ကျပ်၊ အပွင့်လတ် တစ်ပွင့်လျှင် (၃၅၀၀) ကျပ်၊ အပွင့်သေး တစ်ပွင့်လျှင် (၃၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ဘိုစားပဲ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိရာ ယခုဝါတွင်းကာလတွင် ကုန်စိမ်းသီးနှံများ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘောများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၃.၈.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ ဝါးခယ်မမြို့နယ်မှ ရွှေစန္ဒာလင်းရေယာဉ်ဖြင့် ပေါ်ဆန်း (၁၇၃)အိတ်၊ ပေါ်ကျွဲ (၅၀) အိတ်၊ ဧည့်မထ (၂၉၀၇)အိတ်နှင့် ဆန်ကွဲ(၅၀) အိတ်၊ မော်ကျွန်းမြို့နယ်မှ ကောင်းထက်ရေယာဉ်ဖြင့် ဧည့်မထ (၈၈၉) အိတ်၊ လပွတ္တာမြို့မှ ရွှေနဒီရေယာဉ်ဖြင့် ကြားပျံ(၅၆၁) အိတ်၊ ပေါ်ဆန်း(၆၃၁) အိတ်၊  ဧည့်မထ (၅၈၁) အိတ်၊ ဆန်ကွဲ(၁၀၄၅) အိတ်၊ ကားဖြင့် ဧည့်မထ (၃၅၀) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

          သို့ဖြစ်ပါ၍ ၁၃.၈.၂၀၂၅ ရက်နေ့တွင် ကြားပျံ(၅၆၁) အိတ်၊ ပေါ်ဆန်း(၈၀၄) အိတ်၊ ပေါ်ကျွဲ(၅၀) အိတ်၊ ဧည့်မထ(၄၇၂၇) အိတ် နှင့်ဆန်ကွဲ(၁၀၉၅) အိတ် စုစုပေါင်း (၇၂၇၃) အိတ် အဝင်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချောင်းဆုံမြို့နယ် ‌ဒေသထွက် ပိန်းဥနှင့် ခဝဲသီးဈေးနှုန်းအခြေအနေ

 မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများသည် စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပိန်းဥ၊ ခဝဲသီး၊ ပဲတောင့်ရှည်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်ရွက်၊ ရုံးပတီသီး၊ သခွားသီးများ စိုက်ပျိုးလျက်ရှိသည့်အနက် ဒေသထွက် ပိန်းဥနှင့် ခဝဲသီးများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

      ချောင်းဆုံမြို့နယ်၊ မြို့မဈေးအတွင်း ရောင်းချနေသည့် ပိန်းဥ နှင့် ခဝဲသီးများကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။ ယခု ဩဂုတ်လ ဒုတိယပတ်တွင် ဒေသထွက် ပိန်းဥဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ခဝဲသီးတစ်တောင့်လျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့၌ ငါးနှပ်(ခေါ်)အာဗြဲငါးအစိုများ လှိုင်လှိုင်ထွက်ရှိ

   မွန်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်းနံဘေးတွင် တည်ရှိပြီး မြစ်ချောင်းများပေါ များသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ရေချို၊ ရေငံငါးထွက်ရှိသော ပြည်နယ်တစ်ခုဖြစ် သည်။ ယခုလို မိုးရာသီတွင် ရေချို၊ ရေငံ ငါးပေါများစွာထွက်ရှိပြီး ငါးနှပ်(‌ခေါ်)အာဗြဲငါးအစိုများ ပေါများစွာထွက်ရှိလျှက်ရှိသည်။ အဆိုပါ ငါးနှပ်များကို ‌ဒေသခံများက ဆီပြန်ချက်ခြင်း၊ မွန်ရိုးရာ ငါးနှပ်ဟင်းချဉ်စပ်ချက်စားခြင်းဖြင့် ထမင်းမြိန်စေသော ဟင်းလျားများဖြစ်ကြသည်။ မွန်ချက် ငါးနှပ်ဟင်းချဉ်စပ်ကို ‌ဒေသခံများသာမက အခြားဒေသမှလူမျိုးများပါ ကြိုက်နှစ်သက်သော ဟင်းလျာတစ်မျိုးဖြစ်သည်။

          အဆိုပါ ငါးနှပ်(ခေါ်)အာဗြဲငါးများကို မွန်ပြည်နယ်အတွင်းရှိ ဈေးများတွင် ပေါများစွာ တွေ့ရသည်။ ငါးနှပ်(‌ခေါ်)အာဗြဲငါးအစို တစ်ပိဿာလျှင် အကြီး (၁၂၀၀၀) ကျပ်၊ အလတ် (၁၀၀၀၀) ကျပ်၊ အသေး (၉၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိသည်။

DOCA(မွန်)

မော်လမြိုင်မြို့၌ မြေပဲဆီဈေးနှုန်းကျဆင်း

  ယခုဩဂုတ်လ ဒုတိယပတ်တွင် မော်လမြိုင်မြို့၌ မြေပဲဆီဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယပတ်တွင် မြေပဲဆီဈေး တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ် သို့ကျဆင်းလာကြောင်း သိရှိရသည်။ ဇူလိုင်လနောက်ဆုံးပတ်တွင် မြေပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၁၀၀၀) ကျပ်ဖြစ်ပေါ်ခဲ့ရာ ဇူလိုင်လနောက်ဆုံးပတ်နှင့်နှိုင်းယှဉ်လျှင် ယခု အပတ်တွင် (၃၀၀၀) ကျပ်ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

   မြေပဲဆီဈေးနှုန်းကျဆင်းရခြင်းမှာ ဩဂုတ်လဒုတိယပတ်တွင် မြေပဲဆံဈေးနှုန်းကျဆင်း ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ဇူလိုင်လ နောက်ဆုံးပတ်တွင် မြေပဲဆံဈေးနှုန်းမှာ ၂၀ ပိဿာပါတစ်တင်းလျှင် (၁၈၅၀၀၀) ကျပ်ဖြစ်ပေါ်ခဲ့ရာမှ ဩဂုတ်လဒုတိယပတ်တွင် မြေပဲဆံ ၂၀ ပိဿာပါတစ်တင်းလျှင် (၁၅၅၀၀၀) ကျပ်သို့ ကျဆင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရှိရသည်။ မြေပဲဆံများကို ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မှာယူရရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘော/ ကားများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၂.၈.၂၀၂၅ ရက်နေ့တွင် ဖျာပုံမြို့နယ်မှ ရွှေစင်သင်္ဘောဖြင့် ကြားပျံ(၆၄၀) အိတ်၊  ပေါ်ကျွဲ (၃၅၀) အိတ်၊ ဧည့်မထ(၁၃၁၀)အိတ်၊ ဆန်ကွဲ(၁၇၅၀) အိတ်၊ မော်ကျွန်းမြို့နယ်မှ နေဗလရေယာဉ်ဖြင့်  ပေါ်ဆန်း(၁၈၀၀) အိတ်၊ဧည့်မထ (၅၁၀၀) အိတ်၊ ဆန်ကွဲ(၇၅၀) အိတ်၊ လပွတ္တာမြို့မှ ဝမ်းစတားထွန်းသင်္ဘောဖြင့်  ကြားပျံ(၁၂၄) အိတ်၊ ပေါ်ဆန်း (၁၄၅၈) အိတ်၊ ပေါ်ကျွဲ (၂၃၀) အိတ်၊ ဆန်ကွဲ(၂၇၅) အိတ်၊ ကျိုက်လတ်မြို့မှ ရွှေမြိုင်အောင်သင်္ဘောဖြင့် ဧည့်မထ(၈၀၀) အိတ်၊ ဆန်ကွဲ (၁၀၀၀) အိတ်၊ ဒေးဒရဲမြို့မှ ကားဖြင့်  ကြားပျံ(၁၀၉၄) အိတ်၊ ပေါ်ဆန်း(၃၂၉) အိတ်၊ ဧည့်မထ(၂၂၅၀) အိတ်၊ ဆန်ကွဲ(၂၁၀) အိတ်၊  ကော့မှူးမြို့မှ ကားဖြင့် ပေါ်ဆန်း(၇၅၀)အိတ်၊ ပေါ်ကျွဲ(၈၀၀)အိတ်၊ ဧည့်မထ (၂၃၀၀) အိတ်၊ ဆန်ကွဲ(၂၀၀) အိတ် တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက်၊ဆူးပုပ်ရွက် ဈေးနှုန်း

   ကရင်ပြည်နယ်၊ ဘားအံမြို့ဈေးကွက်အတွင်း ဟင်းသီးဟင်းရွက်ဖြစ်သည့် ဘားအံမြို့ဒေသထွက် ကင်ပွန်းချဉ်ရွက်၊ဆူးပုပ်ရွက်များ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

    ဘားအံမြို့ အနီးတဝိုက်ကျေးရွာများရှိ ဒေသခံတောင်သူများသည် ကင်ပွန်းချဉ်ရွက်နှင့် ဆူးပုပ်ရွက်များကို တပိုင်တနိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ဒေသထွက် ကင်ပွန်းချဉ်ရွက်နှင့်ဆူးပုပ်ရွက်များကို ဘားအံမြို့ပေါ်ဈေးများတွင် အစည်းလိုက်လားရောက်ရောင်း ချကြသည်။ ကင်ပွန်းချဉ်ရွက်ဈေးနှုန်းများမှာ ကင်ပွန်းချဉ်ရွက် အစည်းကြီးတစ်စည်းလျှင်(၃၀၀၀)ကျပ်၊ အစည်းသေး တစ်စည်းလျှင် (၈၀၀) ကျပ်၊ အစည်းသေး( ၃ )စည်းပါ တစ်စည်းလျှင်(၂၀၀၀)ကျပ်နှုန်း နှင့် ဆူးပုပ်ရွက်ဈေးနှုန်းများမှာ ဆူးပုပ်ရွက် အစည်းသေးတစ်စည်းလျှင် (၅၀၀)ကျပ်၊  (၅)စည်းပါ အစည်းကြီး တစ်စည်းလျှင်(၂၀၀၀)ကျပ်နှုန်းတို့ဖြစ် ဈေးကောင်းရကာ အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)

ရန်ကုန်မြို့သို့ နေ့စဉ်သင်္ဘောများဖြင့် ဆန်ဝင်ရောက်မှုအခြေအနေ

            ၁၁.၈.၂၀၂၅ ရက်နေ့ ဖျာပုံမြို့နယ်မှ ရွှေမေတ္တာရေယာဉ်ဖြင့်  ကြားပျံ(၅၁၅) အိတ်၊ ပေါ်ကျွဲ (၂၅၀) အိတ်၊ ဧည့်မထ (၃၀၅၅)အိတ်နှင့် ဆန်ကွဲ(၁၁၀၀) အိတ်၊ ဘိုကလေးမြို့နယ်မှ မင်းသစ်ကျော် ရေယာဉ်ဖြင့် ကြားပျံ (၈၅၀) အိတ်၊ ပေါ်ဆန်း(၅၈၈) အိတ်၊ ဧည့်မထ (၂၁၅၈) အိတ်၊ ဆန်ကွဲ(၅၅၉) အောင်မြန်မာသင်္ဘောဖြင့် ကြားပျံ(၈၀၀) အိတ်၊ ပေါ်ဆန်း (၅၀၀)  အိတ်၊ ဆန်ကွဲ(၇၀၀) အိတ်၊ သုခဝတီသင်္ဘောဖြင့်  ကြားပျံ (၈၅၁) အိတ်၊ပေါ်ဆန်း(၆၀၀) အိတ်၊ ပေါ်ကျွဲ(၃၀၀) အိတ်၊ ဧည့်မထ (၂၄၄၉) အိတ်၊  ဆန်ကွဲ (၈၀၀) အိတ်၊ ဒေးဒရဲမြို့နယ်မှ ဇမ္ဗူထွန်း သင်္ဘောဖြင့်  ပေါ်ဆန်း(၅၆၉) အိတ်၊ လပွတ္တာမြို့မှ ထိန်လင်းရတနာ သင်္ဘောဖြင့် ကြားပျံ(၁၃၈၄) အိတ်၊ ပေါ်ကျွဲ(၅၇၀) အိတ်၊ ဆန်ကွဲ(၅၉၃) အိတ်၊ ကော့မှူးမြို့နယ်မှ ကားဖြင့် ပေါ်ဆန်း(၁၄၅၀)အိတ်၊ ပေါ်ကျွဲ(၈၀၀)အိတ်၊ ဧည့်မထ(၃၀၅၀) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘားအံမြို့တွင်းရှိပဲပြား ဈေးနှုန်း

   ၂၀၂၅ ခုနှစ်၊ မိုးရာသီဩဂုတ်လ တတိယပတ်တွင် ကရင်ပြည်နယ်၊ဘားအံမြို့ပေါ်ဈေးများ အတွင်း ပဲပြားဈေးနှုန်း နှစ်တစ်နှစ်တိုင် တည်ငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

       ပဲပြားသည် ပရိုတင်းဓာတ်ကြွယ်ဝ၍  ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာတစ်မျိုးဖြစ် သည်။

    ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ယခင်နှစ် ပဲပြားဈေးနှုန်းနှင့် ယခုနှစ် ဩဂုတ်လတတိယပတ် အထိ ပဲပြားဈေးနှုန်းမှာ ပဲပြားတစ်ပြားလျှင်(၂၅၀)ကျပ်၊ ပဲပြား(၁၃)ပြားလျှင် (၃၀၀၀)ကျပ်နှင့် ပဲပြား (၁၀၀)ပြားလျှင် (၂၂၀၀၀)ကျပ်နှုန်းတို့ဖြစ် ရောင်းချကြောင်း၊ ၎င်း ပဲပြားများသည် ဘားအံမြို့တွင် ထုတ်လုပ်သလို မော်လမြိုင်မြို့ဘက်မှ ဝင်ရောက်လားသည်များလည်းရှိကြောင်း၊ ယခင်နှစ်နှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများအနည်း ငယ်မြင့်တက်နေသောလည်း ပဲပြားဈေးနှုန်းမှာ တည်ငြိမ်ကာ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း