ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်မြို့ရှိ‌ဂေါ်ဖီထုပ်ဈေးကွက်

         ဂေါ်ဖီထုပ်များ ပြည်မြို့ရှိ‌ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင်ရောက်လာခြင်းများရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှလည်း ဝင်ရောက်လာကြကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်ဘက်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)မှ (၁၀၀)အတွင်း စတင်ထွက်ရှိပြီး တစ်ဧကလျှင် ဂေါ်ဖီအထုပ်ပေါင်း (၁၀၀၀)ခန့် ထွက်ရှိကြောင်းသိရှိရပါသည်။ ပြည်ခရိုင်မှထွက်ရှိသော ‌ဂေါ်ဖီထုပ်များသည် ရွှေတောင်မြို့နယ်ရှိ ကျီးသဲနှင့် မြို့မကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ တစ်ထုပ်လျှင် (၃၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိရောင်းချကြောင်းသိရှိရပါသည်။ ယခင်လများတွင် ဂေါ်ဖီထုပ်ဈေးနှုန်းမှာ (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုလတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့သောကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိပြီး သယ်ယူသောကားများမှာ အစီးရေအနည်းငယ်သာထွက်ရှိသောကြောင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ ကားအဝင်နည်းကာ ‌ဂေါ်ဖီထုပ်ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်ရှိ ဆီထွက်သီးနှံစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

         ပြည်ခရိုင်တွင် မိုးဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲသီးနှံများမှာ ယခုနှစ် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ထွက်ပေါ်လာပြီဖြစ်၍ စက်တင်ဘာလတွင် သီးနှံများလှိုင်လှိုင်ပေါ်ထွက်လာ၍ အရောင်းအဝယ်လည်းဖြစ်လျက်ရှိပါသည်။

မိုးနှမ်းသီးနှံ

         နှမ်းသီးနှံဖြစ်သော မိုးနှမ်းကို မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးနှမ်းစိုက်ဧကမှာ (၂၇၈၈၄)ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ (၁၄.၅၀)တင်းထွက်ရှိကြောင်းသိရပါသည်။ မိုးနှမ်းတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၅)သိန်းကျပ်ကျော်ကုန်ကျကြောင်းသိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် နှမ်းနီတစ်တင်းလျှင် (၁၁၃၀၀၀)ကျပ်၊ နှမ်းနက်တစ်တင်းလျှင်  (၁၇၃၀၀၀)ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဩဂုတ်လ လကုန်ပတ်နှင့်နှိုင်းယှဉ်လျှင် နှမ်းနီတစ်တင်းလျှင် (၁၀၀၀၀)ကျပ်ဈေးကျခဲ့ပြီး၊ နှမ်းနက်မှာ တစ်တင်းလျှင် (၂၃၀၀၀)ကျပ်နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၃၀၀၀၀)ကျပ်ဈေးမြင့်တက်လာခဲ့ပါသည်။ ဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ မိုးနှမ်းများကို ပြည်ဒေသရှိ ကျေးရွာများမှထွက်ရှိသော နှမ်းများအပြင် နယ်မြို့များဖြစ်သော ရွှေတောင်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့် ကံမဘက်မှ နှမ်းအိတ်များ နေ့စဉ် တစ်နေ့လျှင် အိတ်၅၀၀ကျော်ဝင်ရောက်မှုရှိပါသည်။ ထိုသို့ဝင်ရောက်လာသော မိုးနှမ်းများကို မန္တလေးတိုင်းနှင့် မကွေးတိုင်း၊ အောင်လံမြို့တို့မှဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ်(၉၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နှမ်းနီမှာ ဒေသတွင်းသာအရောင်းအဝယ်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းလာပြီး နှမ်းနက်နှင့် စမုံနက်နှမ်းကို အခြားတိုင်းများက ဝယ်ယူမှုရှိ၍ ဈေးမြင့်တက်လာကြောင်းသိရပါသည်။

မိုးမြေပဲ

       မိုးမြေပဲကို ဇွန်လတွင်စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာပါသည်။ ပြည်ခရိုင်အနေဖြင့် မိုးမြေပဲစိုက်ဧကမှာ (၄၀၇၅၂)ဧကစိုက်ပျိုး၍ (၄၆၅၆)ဧကရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ပျမ်းမျှ (၅၆.၄၄)တင်းထွက်ရှိကြောင်းသိရပါသည်။ မိုးမြေပဲတစ်ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် (၇၆၀၀၀၀)ကျပ်ကျော်ကုန်ကျကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် ယခုစက်တင်ဘာလ နောက်ဆုံးပတ်တွင် ဆီဆန်(အဖြူ)တစ်ပိဿာလျှင် (၇၄၀၀)ကျပ်၊ ဆီဆန်(အနီ)တစ်ပိဿာလျှင် (၇၂၀၀)ကျပ်၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၈၄၀၀)ကျပ်၊ လုံးဆန်  (အနီ)တစ်ပိဿာလျှင်(၈၁၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးကွက်အနေဖြင့် ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ပြည်ဒေသရှိကျေးရွာများ၊ ပေါက်ခေါင်း၊ ရွှေတောင်တို့မှ တစ်နေ့လျှင် (၂၅)ပိဿာဝင်အိတ် ၁၀၀၀ကျော်ဝင်ရောက်မှုရှိပါသည်။ ထိုသို့ဝင်ရောက်လာသော မိုးမြေပဲများကို မန္တလေးတိုင်းနှင့် အောင်လံမြို့တို့မှဝယ်ယူမှုရှိ၍ တစ်နေ့လျှင် အိတ်(၁၀၀၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မိုးမြေပဲဆန်များကို ဒေသတွင်းဆီစက်လုပ်ငန်းရှင်များက အဝယ်ရှိသကဲ့သို့ ပဲလှော်ဖိုသမားများလည်းဝယ်ယူမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ချောင်းဆုံမြို့နယ်တာဝန်ခံမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      ၇.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

        ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ချောင်းဆုံမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်အား တစ်နေ့ထုတ်လုပ်မှုအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချောထုတ်လုပ်မှုအခြေအနေများအား ဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က တစ်ရက်လျှင်သဘာဝမြေဩဇာ အိတ် ၅၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် တစ်အိတ်လျှင် ၂၀၀၀၀ ကျပ်၊ ကုန်ကြမ်းကို ချောင်းဆုံမြို့နယ်နှင့် ပေါင်မြို့နယ်တွင်ဝယ်ယူပြီး ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တို့တွင်ရောင်းချကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သား (၇) ဦးကို အလုပ်အကိုင်ဖန်တီးပေးနိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ရော်ဘာဈေးနှုန်းဈေးကွက် အခြေအနေ

        မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ နှစ်စဉ်တိုးတက်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်၍  ထွက်ရှိသောရော်ဘာများအား ပြည်နယ်တွင်းဝယ်ယူလျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့ တင်ပို့ပြီး ပို့ကုန်ကိစ္စရပ်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

         မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိနေသည်။ ယခုအောက်တိုဘာလ ၈ ရက်နေ့တွင်မော်လမြိုင်မြို့၌ရော်ဘာဈေးနှုန်းမှာ RSS-3 တစ်ပေါင် လျှင် ကျပ် (၃၅၀၀ )၊RSS-5 တစ်ပေါင်လျှင် ကျပ်(၃၄၀၀) ပေါက်ဈေးဖြစ်ပေါ်နေပြီး ယခင်တစ်ပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်ပေါင်လျှင်ကျပ်(၁၅၀)၊ ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ် ပါက တစ်ပေါင်လျှင် ကျပ်(၁၈၀၀)ခန့် ဈေးနှုန်းတက်လာခဲ့သည်။ ‌မော်လမြိုင်မြို့မှရန်ကုန်မြို့သို့ သယ်ယူခနှုန်းထားမှာ (50)kg ပါတစ်ထုပ်လျှင် ကျပ်(၂၅၀၀)၊ ရော်ဘာတစ်တန်လျှင် ကျပ် (၅၀၀၀၀) ဖြင့်လည်းကောင်း၊ မော်လမြိုင်မြို့မှ မန္တလေးမြို့ သို့ (50)kg ပါတစ်ထုပ်လျှင် ကျပ် (၃၆၀၀)၊ ရော်ဘာတစ်တန် လျှင် ကျပ် (၇၂၀၀၀) ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း ကုန်သည်များ ထံမှသိရှိရသည်။

DOCA(မွန်)

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းဈေးကွက်အခြေအနေ

          မော်လမြိုင်မြို့၌ အောက်တိုဘာလ ၈ ရက်နေ့တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေသောဈေးမှာ ကြံ့နှစ်ကောင်(အနီ)တစ်အိတ်လျှင် ကျပ် ၁၂၃၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ် လျှင် ကျပ် ၁၂၂၀၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၁၂၄၀၀၊ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာအရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။

        အောက်တိုဘာလ ၈ ရက်နေ့တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါ တစ်အိတ်မှာ ကျပ် ၁၆၂၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၀၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၂၃၅၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၇၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၈၀၀၀၊ပုလဲအသေး တရုပ်(ရွှေတောာင်) 50kg ပါတစ်အိတ်မှာ ကျပ် ၇၉၅၀၀၊တီစူပါ(တရုတ်)သံကွင်း 50kg ပါတစ်အိတ် မှာ ကျပ် ၁၄၀၀၀၀၊ ပိုသတ်ဆေးအမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 100cc တစ်ပုလင်းမှာ ကျပ်(၅၆၀၀)  မာလာမြိုင်ဆိုက်ပါ ၁၀%(သီးရွက်စုံ) 500cc တစ်ပုလင်းမှာ ကျပ် (၂၀၅၀၀)  ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မွန်)

ပန်းတနော်မြို့တွင်စိုက်ပျိုးသော သင်ပင်စိုက်ပျိုးထွက်ရှိမှုအကျိုးအမြတ်

          ဧရာဝတီတိုင်းဒေသကြီးအတွင်း   သင်ဖြူးဖျာထုတ်လုပ်သော မြို့များအနက် ပန်းတနော်မြို့နယ်မှာ လူဦးရေ၏ ၈ဝရာခိုင်နှုန်းခန့်က  သင်ဖျာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး  အသက်အရွယ်မရွေး သင်ဖျာလုပ်ငန်းအကြောင်းကို အနည်းနှင့်အများဆိုသလို သိရှိတတ်ကျွမ်းကြသူများဖြစ်သည်။ သင်ဖျာယက်လုပ်သလို သင်ပင်ကိုလည်းစိုက်ပျိုးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု  ၃၄ အုပ်စုတွင်  သင်ခြံစိုက်ပျိုးမှု  ၁၀၅၂၅ဧကရှိပြီး ပန်းတနော်ဒေသမှထွက်သည့်သင်မှ ကုန်ကြမ်းများကို ဓနုဖြူ၊ မအူပင်၊ ညောင်တုန်း၊ ဝါးခယ်မ၊ အိမ်မဲ၊ ကျုံပျော်၊ ဟင်္သာတ၊  ကျောင်းကုန်း  အစရှိသည့် အနီးအနားရှိ  မြို့နယ်များနှင့်  စစ်ကိုင်း၊  မန္တလေး စသောဒေသများကပါ ဝယ်ယူမှုများရှိသည့်အတွက် သင်ခြံစိုက်ပျိုးရေးသည်  ၎င်းမြို့နယ်၏   အောင်မြင်သောလုပ်ငန်းတစ်ခုဟုဆိုနိုင်သည်။

         သင်ပင်စိုက်ပျိုးမှုအနေဖြင့် သင်၁ပင်လျှင် ၁၅၀ကျပ်ဖြင့်ဝယ်ယူရပြီး ၁ဧကလျှင် အပင် ၅၀၀၀ပင်စိုက်ပျိုးရကြောင်း၊ နှစ်တစ်နှစ်၏ မိုးဦးကျမှာ စတင်စိုက်ပျိုးပြီး  ၅နှစ်အကြာတွင် ၁ခါခုတ်ရကြောင်း၊ ၁ဧကလျှင် သင်စိုက်ဧကကုန်ကျစရိတ် ၁သိန်းခန့်ကုန်ကျပြီး၊ ပေါင်းရှင်းရေတင်ခမှာ ၁နှစ်လျှင် ၃သိန်းရိတ်သိမ်းချိန်အထိ ကုန်ကျစရိတ် ၁၅သိန်းကုန်ကျကြောင်းသိရသည်။ စစိုက်ပျိုးခါစနှစ်တွင် ရောင်းချသောသင်ဈေးနှုန်းအနေဖြင့် ၁ကွက်ကို ၂သိန်းကျပ်ရရှိပြီး၊ ၁ဧကလျှင် ၂၄သိန်းရရှိကြောင်း၊ နောက်ပိုင်းတွင် ၃နှစ်တစ်ခါခုတ်နိုင်ကြောင်း၊ သင်ရောင်းချမှုအနေဖြင့် ဟင်္သတ၊ ကျိုတ်လတ်၊ တံတားဦး၊ အင်းဝဘက်သို့ တင်ပိုပေးရကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့ အေးသာယာဈေး၌ ပန်းဈေးနှုန်းမြင့်တက်လာ

        မော်လမြိုင်မြို့သို့  ရှမ်းပြည်နယ်မှ ဝင်ရောက်သည့်ပန်းများရှိသလို ဒေသထွက်ပန်းများလည်းထွက်ရှိသည်။ ယခုလ အောက်တိုဘာလတွင် ပန်းဈေးနှုန်းများမြင့်တက်လာသည်။ မော်လမြိုင်မြို့ အေးသာယာဈေးတွင် ရောင်းချလျက်ရှိသောပန်းအမျိုးမျိုးမှာ ဂန္ဓာမာပန်း အပွင့်သေး (အဖြူ၊ ခရမ်း၊ အဝါ)နှင့် ဂန္ဓာမာပန်းအပွင့်ကြီး ( အဖြူ/အဝါ)၊  ပန်းထိမ်ငိုပန်း၊ နှင်းဆီပန်း (အနီရောင်၊ အဖြူရောင်၊ ပန်းရောင်)၊ ကြယ်ပန်းနှင့် သပြေပန်းများရောင်းချလျက်ရှိသည်။

        ပန်းဈေးနှုန်းအခြေအနေသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)ဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ)တစ်စည်းလျှင် ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်အတွင်း၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ခရမ်းရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၃၅၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၄၀၀၀ ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင်  ၅၀၀ကျပ်၊  (၁၀ပွင့်ပါ)တစ်စည်းလျှင် ၄၅၀၀ကျပ်၊  ကြယ်ပန်း တစ်စည်းလျှင် ၃၀၀၀ ကျပ်၊ သပြေပန်း တစ်စည်း ၃၀၀ ကျပ်မှ ၅၀၀ထိ ရောင်းချလျက်ရှိသည်။

       ယခင်လ စက်တင်ဘာလ ပန်းဈေးနှုန်းများမှာ ဂန္ဓာမာပန်းဖြူ အပွင့်ကြီး (၁၀ပွင့်ပါ) တစ်စည်းလျှင် ၄၀၀၀ကျပ်၊ ဂန္ဓာမာပန်း အပွင့်သေး (အဝါရောင်၊ အဖြူရောင်) တစ်စည်းလျှင် ၃၀၀၀ကျပ်၊ ပန်းထိမ်ငိုပန်း(၁၀ပင်ပါ) တစ်စည်းလျှင် ၃၅၀၀ကျပ်၊ နှင်းဆီပန်း အရောင်စုံ (ပန်းရောင်၊ အဖြူရောင်၊ အနီရောင်) (၁)ပွင့်လျှင်  ၃၀၀ကျပ်၊  (၁၀ဖွင့်ပါ )တစ်စည်းလျှင် ၂၅၀၀ကျပ်၊  ရေမွှေးပန်း တစ်စည်းလျှင် ၃၀၀၀ ကျပ်၊ သစ္စာပန်း တစ်စည်းလျှင် ၃၅၀၀ကျပ်၊ သပြေပန်း တစ်စည်း ၃၀၀ ကျပ်  ရောင်းချလျက်ရှိသည်။

     ဂန္ဓာမာပန်းဖြူ အပွင့်ကြီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမှ ဝင်ရောက်သည့်ပန်းဖြစ်ပြီး လမ်းခရီးကွာဝေးခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုတို့ကြောင့် ဈေးနှုန်းမြင့်တက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဂန္ဓာမာပန်း အပွင့်သေးမျိုးများမှာ ဒေသမျိုးများဖြစ်၍ သွင်းအားစုစရိတ်ကြီးမြင့်မှုကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါက  ယခုလ လဆန်းပိုင်းမှစ၍ ပန်းဈေးနှုန်းများမှာ ပျှမ်းမျှ ပန်းတစ်စည်း လျှင် ၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ခန့်အတွင်း  ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မွန်)

အောက်တိုဘာလ ဒုတိယပတ်တွင် မော်လမြိုင်မြို့၌ အာလူးဈေးနှုန်းမြင့်တက်လျက်ရှိ

        ရှမ်းပြည်နယ်မှ မော်လမြိုင်မြို့သို့ ဝင်ရောက်မှုရှိသည့်အာလူးများသည် အပတ်စဉ်ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိသည်။ ယင်းမှ တစ်ဆင့်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြသည်။ ယခင်လက အားလူးဈေးနှုန်းသည် တစ်ပိဿာလျှင် ၆၀၀၀ကျပ် ဖြစ်ခဲ့ရာမှ ယခုလ အောက်တိုဘာလ၌ အာလူးဈေးနှုန်း တစ်ပိဿာလျှင်   ၈၀၀၀ ကျပ်ရှိရာ  ဈေးနှုန်း ၂၀၀၀ ကျပ် မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ အာလူးဈေးမြင့်တက်ရခြင်းမှာ မော်လမြိုင်မြို့ ဈေးကွက်အတွင်းသို့ အာလူးဝင်ရောက်မှုနည်းပါး၍လည်းကောင်း၊  ရှမ်းပြည်နယ်မှ မော်လမြိုင်သို့ လမ်းခရီးအခက်အခဲဖြစ်၍ အာလူးတင်ပို့မော်တော်ယာဉ်ကား ဝင်ရောက်မှုနည်းပါးမှုကြောင့်လည်းကောင်း ဈေးနှုန်းမြှင့်တက်မှုဖြစ်ကြောင်း  အာလူးရောင်းချသူများမှ သိရှိရပါသည်။

DOCA(မွန်)

အောက်တိုဘာလ(ဒုတိယပတ်)တွင် ဈေးနှုန်းမြင့်တက်လာသော မွန်ပြည်နယ် ပဲမျိုးစုံ

         ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)အတွင်း ပဲမျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၇၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၆၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၂၈၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၁၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၈၅၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၁၄၆၅၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၇၀၀၀၀  ဈေးနှုန်းဖြစ်ပေါ်နေသည်။

       ယခင် စက်တင်ဘာလအတွင်း ပဲမျိုးစုံများ၏ဈေးနှုန်းအခြေအနေမှာ  ပဲတီစိမ်း(ရွှေဝါ) ၂၀ ပိဿာ (တစ်တင်း) ကျပ် ၈၃၀၀၀၊ ပဲတီစိမ်း၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၂၀၀၀၊ မတ်ပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၁၆၀၀၀၊ ပဲလွန်းဖြူ ၂၀ ပိဿာ (တစ်တင်း) ကျပ် ၇၉၀၀၀၊ ဘိုကိတ် ၂၀ပိဿာ(တစ်တင်း)ကျပ် ၈၃၀၀၀၊ ပဲပုပ်၂၀ပိဿာ(တစ်တင်း)ကျပ် ၁၃၂၀၀၀၊ မြေပဲ၂၀ ပိဿာ (တစ်တင်း) ကျပ် ၁၆၈၀၀၀  ဈေးနှုန်းဖြစ်ပေါ်ခဲ့သည်။

        ထို့သို့ မော်လမြိုင်မြို့တွင် ယခင်(စက်တင်ဘာလ)က ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းနှင့် ယခုအောက်တိုဘာလ(ဒုတိယပတ်)၌  ဖြစ်ပေါ်လျက်ရှိသော ပဲဈေးနှုန်းနှိုင်းယှဉ်ပါက ယခုလ၌ ပိုမိုဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်) 

“ တစ်ပတ်အတွင်း စားအုန်းဆီ ထုတ်ပေးမှုအခြေအနေ ” ( ၃၀.၉.၂၀၂၄ မှ ၅.၁၀.၂၀၂၄ )

        ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ  သီလဝါစက်မှုဇုန် Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့်အခြားတိုင်းဒေသကြီး၊ ပြည်နယ် များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအပေါ် လက်ကားပြန်လည်ဖြန့်ဖြူး ရောင်းချသူများအနေဖြင့် ဒေသအရောက်ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချစေရေး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေးတို့အတွက်လည်း ဝန်ထမ်းများမှ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် (၃၀.၉.၂၀၂၄)ရက်နေ့မှ(၅.၁၀.၂၀၂၄) ရက်နေ့အထိ ဆီကုမ္ပဏီ(၁၂) ခုနှင့် စားအုန်းဆီတန်ချိန် (၃၄၀၃.၅၁၇)တန်ကို ထုတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း