ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဖရုံစေ့လှော်ဈေးနှုန်းဈေးကွက်

    ဖရုံစေ့လှော်စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး အာဟာရ ဓာတ်များလည်း ကြွယ်ဝစွာပါဝင်ကြောင်း၊   မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော ဖရုံစေ့လှော် များကို မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်တွင် ဖရုံစေ့လှော်  နို့ဆီဗူးတစ်ဗူးလျှင် (၃၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၁၁၅၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းစားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက် ရှိကြောင်း၊ ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာခန့် စားသုံးပေးခြင်းဖြင့် ပရိုတင်း ဓာတ်ကြွယ်ဝကြောင်း၊ ကြွက်သား နှင့် ဆဲလ်များ အားကောင်းစေပြီး အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး ကိုအထောက် အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြား ကျန်းမာရေးကို လည်းအထောက်အကူ ပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်း မွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာတွေကို သက်သာ စေကြောင်း၊ ညအိပ်မပျော် ဖြစ်နေသော သူများအတွက် မအိပ်ခင် ဖရုံစေ့လှော် နည်းနည်းစားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင် သောကြောင့် အိပ်စက်ခြင်းကို အထောက် အကူပြုကြောင်း  ဖရုံစေ့လှော်သည် အာဟာရဓာတ် များစွာပါဝင်သောကြောင့် လူတိုင်းစား သုံးသင့်ကြောင်း သိရှိရသည်။

 

Doca(မန္တလေး)

မြင်းခြံမြို့နယ်၏ပဲတောင့်ရှည် စိုက်ပျိုးထားရှိမှုနှင့် တစ်ဧကအကျိုးအမြတ် ဈေးနှုန်းဈေးကွက်

       မြင်းခြံမြို့နယ်သည် ဥယျာဉ်ခြံမြေများ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသအတွင်းရှိ ကျေးရွာများဖြစ်သော အနိမ့်ရွာ၊ သာပေါင်း၊ ခေါင်းကွဲကျေးရွာများတွင် ပဲတောင့် ရှည်များကို စီးပွားဖြစ် တစ်နိုင်တပိုင်စိုက်ပျိုးထားကြောင်း သိရှိရသည်။ ပဲတောင့်ရှည်တွင် အပင်ပုမျိုး (နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး(နွယ်တက်မျိုး)ဟူ၍ နှစ်မျိုးရှိပြီး အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြကြောင်း၊ အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍ အမျိုးမျိုးရှိကြောင်း၊ ပဲတောင့်ရှည်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရကြောင်း၊ မြေကောင်းလျှင် အထွက်ပိုကောင်း ကြောင်း၊ စိုက်ပျိုးရာတွင် ရေမဝပ်သော မြေတွင် စိုက်ပျိုးပြီး ထွန်ရေးအသင့်အတင့်ဖြင့် စိုက်ပျိုး နိုင်ကြောင်း သိရှိရသည်။ မျိုးစေ့ချရာတွင် အစိုဓာတ်များလွန်းက ပုပ်သွားတတ်ကြောင်း၊ တိုက်ရိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တိုင်‌ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြား၍ တစ်ပင် နှင့်တစ်ပင် (၉-၁၀)လက်မ ခွာ၍စိုက်ပျိုးကြကြောင်း၊ အပင်များရှည်လာသောအခါ အနည်း ဆုံး (၇)ပေခန့်ရှည်သော ဝါးတိုင် (သို့မဟုတ်)သစ်သားတိုင်များကို အပင်၏ တိုင်ခြေတွင် ထောင်ပေး ရကြောင်း၊ အပင်ခြေတွင် ရေမဝပ်ရန် သတိပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး (၃၀) ရက်အကြာ  အစေ့နုသော အချိန်တွင် ပဲတောင့်ရှည်များကို ခူးဆွတ်ရကြောင်း၊ တစ်ဧက လျှင် အထွက်နှုန်း (၉၅၀)ပိဿာခန့်ထွက်ရှိကြောင်း၊ မြေပြင်ခ၊ မျိုး၊ ဝါးဖိုး၊ လုပ်သားခ၊ သွင်းအားစု၊ စိုက်ပျိုး စရိတ်အပါအဝင် တစ်ဧကကုန်ကျစရိတ်(၁၈)သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ခင်းအရောက် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှုန်းဖြင့် ကုန်သည်များကိုယ်တိုင် စိုက်ခင်းများသို့ လာ ရောက် ဝယ်ယူကြကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀၅၀၀၀၀)ကျပ်ခန့် ရရှိကြောင်း၊ တောင်သူများအနေဖြင့် ကုန်ကျစရိတ်နည်းပြီး ကာလတိုအတွင်း စီးပွားဖြစ် တွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်း ပဲတောင့်ရှည်စိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်နောက် ဆုံးပတ်တွင် မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ရောင်းချနေသော ပဲတောင့်ရှည် လက်လီ ၂၅ ကျပ် သားလျှင် (၁၂၀၀)ကျပ်၊ တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းစားသုံးရန်နှင့် အင်းစိန်မြို့ ဘိုကုန်း ဈေးသို့ တင်ပို့ရောင်းချကြောင်းသိရှိရသည်။

 

Doca(မန္တလေး)

ဈေးနှုန်းကျလာသောငါးကြင်းခြစ်(အသား)ဈေးနှုန်းဈေးကွက်

  မြင်းခြံမြို့၊ အေးမြသီတာဈေးရှိ အသားငါးတန်းများတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးမျိုးစုံရောင်းချလျက်ရှိရာ ငါးကြင်းချစ်(အသား)သည်လည်းဈေးကွက်တွင် လူကြိုက်များ၍ စားသုံး မှုများသောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။  ၂၀၂၅ခုနှစ် ဇူလိုင်လ နောက် ဆုံးပတ်တွင် ငါးကြင်းချစ် ၂၅ ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ တစ်ပိဿာလျှင် (၂၆၅၀၀) ကျပ်ပေါက်ဈေးများရှိကြောင်း၊

   ယခင်လ ဇွန်နောက်ဆုံးပတ်တွင် ငါးကြင်းခြစ်အသား (၂၅)ကျပ်သားလျှင်(၇၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ် ပေါက်ဈေးများ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကာလ တူနှိုင်းယှဉ်ပါက ယခု ဇူလိုင်နောက်ဆုံးပါတ်တွင် ငါးကြင်းချစ်တစ်ပိဿာလျှင်ထမပတ်တွင် ငါး ကြင်းခြစ် အသား (၂၅)ကျပ်သား လျှင်(၅၀၀)ကျပ်၊ တစ်ပိဿာလျှင်(၂၅၀၀)ကျပ်ခန့် ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုအချိန်တွင် မြစ်ရေကျချိန်ဖြစ်သောကြောင့် ဒေသတွင်း ငါးများ ပေါများ စွာ ရရှိသောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း နေ့စဉ် ငါးကြင်းခြစ်အသား (၆-၈ပိဿာ)ခန့် ပုံမှန်ရောင်းချရကြောင်း၊ ဒေသတွင်း စားသုံးရန်နှင့် ထမင်းဆိုင်၊ စားသောက်ဆိုင်များမှ အများဆုံး ဝယ်ယူကြကြောင်း၊ ဒေသတွင်းလိုအပ်သောငါးများ ကို ရန်ကုန်မြို့ရှိကြည့်မြင်တိုင်ဈေးမှ တင်သွင်း ပြီး မြင်းခြံဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြောင်း၊ ငါးကြင်းခြစ်သားသည် အရိုးလွတ်သောကြောင့် လူကြိုက်များပြား၍ နေ့စဉ်အဝယ်ဖြစ်လျှက်ရှိကြောင်း  ငါးရောင်းချသူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

Doca(မန္တလေး)

 

 

ဆီးကျောက်တည်ခြင်းကိုသက်သာစောင်းလျားသီးဈေးနှုန်

     စောင်းလျားသီးမှာပါတဲ့အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းက အဆိပ်အတောက်တွေ ကို နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကိုလျော့ချပေးနိုင်ကြောင်း၊ အထူးသဖြင့် အရေပြားရောင်ရမ်း လူနာတွေ စားသုံးပေးသင့်ကြောင်း၊  ဗီတာမင်စီများစွာ ပါဝင်၍ ကော်လဂျင် ထုတ်လုပ်ပေးကြောင်း၊ ကြွက်သားတစ်သျူးတွေထဲတွင် သွေးလှည့်ပတ်ခြင်းကို ကောင်းစေကြောင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောင်ရမ်းမူများကိုလျော့ကျစေကြောင်း၊ သွေးတိုးကိုထိန်းညှိကာ နှလုံးကျန်းမာရေးကို အထောက် အကူပြုကြောင်း၊ နို့တိုက်မိခင်များအတွက် နို့ပိုထွက်ဖို့အထောက်အကူပြုကြောင်း၊ အမျှင်နှင့်အာဟာရ ဓာတ်များစွာပါဝင်ကြောင်း၊ ခန္ဓာကိုယ်ရဲ့အစာခြေဖျက်မှုကိုအားပေးကာ ဝိတ်ကျစေကြောင်း၊ ဗီတာမင်စီ ပါဝင်မှုများပြီး ပုံမှန်စားရင် ကိုယ်ခံအားကောင်းကြောင်း၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် သွေးတိုးကို ကာကွယ်ပေးကြောင်း၊ စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါဝင်တာမို့ ပုံမှန်စားရင်လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေကြောင်း၊ အသည်းအဆီဖုံးရောဂါနှင့် ဆီးချိုသမားတွေ ဆီးချိုတက်နေရင် နေ့စဉ်တစ်လုံးပုံမှန်စားသင့်ကြောင်း၊ စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေကြောင်း၊ ဗီတာမင်အေကြွယ်၀စွာပါ၀င်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေကြောင်း၊ စောင်းလျားသီးကိုဖျော်ရည်(သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့်ချက်စားပါက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့်သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်းတို့ကို သက်သာပျောက် ကင်းကြောင်း၊ စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးကြောင်း၊ အသီးမှည့်ကို စားပေးခြင်းကလည်း ဝမ်းချုပ်ရောဂါ၊ ရေငတ်ရောဂါများကို ပျောက်ကင်းစေကြောင်း စာပေများမှ ဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် မြင်းခြံမြို့၊စံပြဈေးတွင်ရောင်းချနေသော စောင်းလျားသီး တစ်ပိဿာလျှင် (၅၀၀၀-၅၅၀၀)ကျပ်ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းကျေးရွာများမှ နေအိမ်ခြံစည်းရိုးများနှင့် မြေလွတ်များတွင် စိုက်ပျိုးထားရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းစားသုံးကြ၍ အချဉ်ပေါင်းထုတ်လုပ်သူများက အများဆုံးဝယ်ယူကြောင်း၊ စောင်းလျားသီးစိုက်ပျိုးခြင်းဖြင့် တစ်နိုင်    တစ်ပိုင် ဝင်ငွေရရှိကြောင်း သိရှိရသည်။

          Doca(မန္တလေး)                                    

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၂၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၂၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၇;၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၆၈၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၉.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀း၇၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၃၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

    ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၃၀၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။   

   ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

    စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား စားအုန်းဆီနှင့် ကြက်ဥများ ရောင်းချပေးခြင်း

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၈.၇.၂၅) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာရုံးရှေ့တွင် စားအုန်းဆီ၊ ကြက်ဥတို့ကို သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့  ရောင်းချပေးရာတွင် စာသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊ စားအုန်းဆီ (၁) ပိဿာ (၇၀၀၀) ကျပ် ဈေးနှုန်းများဖြင့် ပြည်သူများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း