ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

သာစည်မြို့နယ်အတွင်းရှိ ခရမ်းချဉ်သီးစိုက်ပျိုးခြင်းဖြင့်ဝင်ငွေရရှိ

  သာစည်မြို့နယ်သည် လယ်ယာထွက်ကုန်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ဟင်းသီးဟင်းရွက်    သစ်သီးဝလံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။

          သာစည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးအမျိုးအစားများ ဖြစ်ကြသော ရှမ်းသီး(ခေါ်) အင်းသီး၊ ထိုင်ဝမ်သီး၊ဗမာသီးများ မျိုးစုံစွာ ဝင်ရောက်လျက်ရှိပါသည်။ ခရမ်းချဉ်သီး(အင်းသီး)နှင့် ထိုင်ဝမ် သီးတို့ကို ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်ဒေသတို့မှ ဝင်ရောက်လျက်ရှိပြီး ဈေးကွက်တွင် ဝယ်လိုအား ရှိသည့်အတွက် သာစည်မြို့နယ်တွင်လည်း ထိုင်ဝမ် ခရမ်းချဉ်သီးများကိုလည်း စီးပွားဖြစ် စိုက်ပျိုး လာကြပါသည်။ မိုးရာသီဖြစ်သည့် ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး(၃) လအကြာ တွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာ တွင် မြေပြုပြင်ခြင်း၊ လုပ်သားခနှင့် သွင်းအားစု စုစုပေါင်း တစ်ဧကလျှင် (၁၀၀၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ရွာအရောက်ပွဲစားများ လာရောက်ဝယ်ယူမှုရှိသည့်အပြင် တောင်သူများက ကိုယ်တိုင် မိတ္ထီလာမြို့သို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်မိုးရာသီတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခရမ်းချဉ်သီးပင် များ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ စက်တင်ဘာလဆန်းမှ စ၍ ခူးဆွတ်ကာ ဈေးကွက်သို့တင်ပို့နိုင်ပြီ ဖြစ်ကြောင်း၊ တစ်ပိဿာလက္ကားဈေး အနေဖြင့် (၁၀၀၀)ကျပ်ဈေးဖြင့် ရောင်းချရသဖြင့် တောင်သူများ အကျိုးအမြတ် ရရှိကြောင်း သိရသည်။

DOCA(မန္တလေး)

 

ပဲသီးတောင့်ရှည်စျေးအနည်းငယ်ကျ

          ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲသီးတောင့်ရှည်ကုန်စိမ်းများ ဝင်ရောက်မှုများပြားလျှက်ရှိပြီး၊မိုးရာသီဖြစ်၍ ပဲသီးတောင့် ရှည်စျေးအနည်းငယ်ကျဆင်းလျှက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း ဝင်ရောက်လျှက် ရှိသည့် ပဲသီးတောင့်ရှည်များအား အစိမ်းရောင်နှင့်ခရမ်းရောင်ပဲသီးတောင့်များ တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ ပထမပတ် အတွင်း ဖြစ်ပေါ်သည့် ပဲသီးတောင့်ရှည်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်၊လက်လီစျေး၄၅၀၀ကျပ်နှင့်၅၀၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ပဲသီးတောင့်ရှည်ပေါက်စျေးမှာ စက်တင်ဘာလနောက်ဆုံးပတ်ပေါက်စျေးနှင့်နှိုင်းယှဉ်ပါက ၁ ပိဿာလျှင် ၃၀၀ကျပ်နှင့် ၅၀၀ကျပ်အတွင်း ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။မန္တလေးမြို့၊သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင် ရောက်မှု မှာ ကုန်စည်အမျိုးအစားအလိုက် (Canter၁၂ဘီးနှင့်၆ဘီး)ယာဉ် (၄၀) စီးနှင့်(၆၀)စီး အကြားဝင် ရောက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

စျေးအနည်းငယ်တက်သည့်ကညွတ်

             ကုန်စိမ်းစျေးကွက်သို့ ပြင်ဦးလွင်ဒေသထွက်ကညွှတ် ကုန်စိမ်းများ ဝင်ရောက်မှုနည်းသည့် အတွက်စျေးအနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။ ကညွတ်မှာကျန်းမာရေးအစားအစာ အဖြစ်စားသုံးလျက်ရှိပြီး၊ထမင်းမြိန်သည့်အစားအစာအဖြစ်စားသုံးလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်ကုန်စိမ်းများ ဝင် ရောက်မှုများပြားလျက်ရှိပါသည်။မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိကုန်စိမ်း စျေးကွက် တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ကညွတ်စျေးနှုန်းများမှာ ၁ပိဿာ လျှင် လက္ကားစျေး ၁၂၀၀၀ ကျပ် နှင့် ၁၄၀၀၀ ကျပ်၊လက်လီစျေး၁၅၀၀၀ကျပ်နှင့် ၁၇၀၀၀ကျပ် စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ပွင့်ဖြူဒေသတွင် ရာသီပေါ်ပိန်းဥဈေးကောင်းရလျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ယောစုကျေးရွာ၊ ပိန္နဲတောကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မုန်းနားစုကျေးရွာ၊ ရွာသာကုန်းကျေးရွာနှင့် ဒေးဒရဲကျေးရွာတို့သည် မုန်းချောင်း ရေကိုအမှီပြု၍ လယ်ယာမြေများတွင် ရေသွင်းစိုက်ပျိုးကာ ဟင်းသီးဟင်းရွက်သီးနှံစားပင်မျိုးစုံကို စီးပွား ဖြစ်စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရသည်။ အဆိုပါစားပင်သီးနှံများထဲမှ ပိန်းဥသီးနှံသည် ဈေးကွက်ရှိ သည့်အပြင် ဈေးကောင်းလည်းရရှိသဖြင့်  တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။  

   ပိန်းဥကို သားတက်(Sucker)မှလည်းကောင်း၊ ဥမွှာမှလည်းကောင်း၊ ပိန်းရိုး၏အရင်းမှလည်းကောင်း ထိပ်ဖျားမှ(.-)လက်မခန့်ဖြတ်၍ စိုက်ပျိုးနိုင်ကြောင်း၊  သားတက်မှစိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့် ပေါက်စေရန် အရင်ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ချရကြောင်း၊ မြေသားနက်၍ လေဝင်လေထွက် ကောင်းမွန် ပြီး ရေမဝပ်စေရန်လိုအပ်ကြောင်းသိရသည်။ ပိန်းဥကို ရာသီမရွေး၊ နေရာဒေသမရွေး စိုက်ပျိုး နိုင်ပြီး စိုက်ပျိုးပြီးချိန်မှ ()လခန့် အကြာတွင် နှုတ်ယူရိတ်သိမ်းနိုင်ကြောင်းသိရှိရပါသည်။ ပွင့်ဖြူဒေသထွက် ပိန်းဥများကို မင်းဘူး၊ စကု၊ စလင်းနှင့် မကွေးမြို့များသို့တင်ပို့ရောင်းချပြီး ပေါ်ဦးပေါ်ဖျားအချိန် စက်တင်ဘာလဆန်းတွင် ပိန်းဥ တစ် ပိဿာလျှင် ကျပ်(၅၀၀၀)ဖြင့် ဈေးကောင်းရရှိပြီး ပိန်းဥ လှိုင်လှိုင်ပေါ်ချိန်အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၃၅၀၀ မှ ၄၀၀၀)အထိ ဈေးရရှိသောကြောင့် ပိန်းဥသီးနှံစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေပိုမို ရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(မကွေး)

ဘိုစားပဲသီးတောင့်စျေးနှုန်းစျေးကွက်

     ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ဘိုစားပဲသီးကုန်စိမ်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း  သိရှိရပါ သည်။စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ဘိုစားပဲသီးတောင့်များအား အစိမ်းရောင်နှင့် ခရမ်း ရောင်ပဲသီးတောင်များတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့် ၄၁လမ်းစျေးရှိကုန်စိမ်း စျေးကွက် တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ဘိုစားပဲသီးတောင့် စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၅၀၀၀ ကျပ် နှင့် ၆၀၀၀ ကျပ်၊လက်လီစျေး၇၀၀၀ကျပ်နှင့် ၇၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် (Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ငရုတ်သီးစိမ်းစျေးအနည်းငယ်ကျဆင်း

          ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်း လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်းဝင်ရောက်လျှက်ရှိသည့်ငရုတ်သီး စိမ်းအမျိုး အစား များမှာ ကုလားအော်ငရုတ်၊ လျှာဂျွန်းထိုးငရုတ်၊ ငရုတ်ရှည်နှင့် ငရုတ်ပွသီးများတွေ့ရှိရပြီး၊ အလေး ချိန်ဖြင့် ရောင်းချသကဲ့သို့ ငရုတ်ပွလုံးလေးများအား အလုံးအရွယ် အစားအလိုက်ရောင်းချကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာစျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် ငရုတ်သီးပွ (လုံးသေး)စျေးနှုန်းများမှာ ၁ပိဿာ လျှင် လက္ကားစျေး ၆၀၀၀ ကျပ် နှင့် ၇၀၀၀ ကျပ်၊ လက်လီ စျေး၈၀၀၀ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ(လုံးသေး) တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ကျပ် ၊ မိုးထောင်ငရုတ်ရှည် ၁ပိဿာလျှင် လက္ကားစျေး ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ လက်လီစျေး ၅၀၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ်ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ် (၄၀) စီးနှင့် (၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်လျက်ရှိသော ဒေသထွက် ဆောင်းသခွားသီးဈေးနှုန်း

  ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်တွင် ဆောင်းသခွားသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။

          ဘားအံမြို့၊ အနီးတစ်ဝိုက်ကျေးရွာများတွင် ဆောင်းသခွားသီးကို တစ်နိုင်တစ်ပိုင် စိုက်ပျိူး ကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြောင်းနှင့် ဒေသထွက်ဆောင်းသခွားသီးများအား ဘားအံမြို့ရှိ ရေပေါ်ဈေးကို အခြေခံ၍ လက်လီ/လက်ကား ဖြန့်ဖြူးလျက်ရှိကြောင်းသိရသည်။ ဈေးနှုန်းများမှာ လက်ကားဈေးနှုန်းတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ လက်လီဈေးနှုန်းတစ်ပိဿာလျှင် (၃၀၀၀၊ ၂၈၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခုနှစ်တွင် နယ်မြေဒသလမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် တစ်ဖက်ထိုင်းနိုင် ငံမှ သခွားသီးဝင်ရောက်လာမှုနည်းပါးကာ ဒေသထွက် မိုးသခွားသီးများ အရောင်းအဝယ်သွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

အရောင်းသွက်သည့်နဂါးမောက်သီး

        စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်သစ်သီးများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်နဂါးမောက်သီးများဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်တွင်  နဂါးမောက်သီးအတွင်းသား အဖြူရောင်၊ ခရမ်းရောင်နှင့် အနီရောင် တို့ တွေ့ရှိရပြီး၊ အလုံးအရွယ်အစားအလိုက်စျေးကွာခြားမှုရှိကြောင်း တွေ့ရှိရပါသည်။ မန္တလေးမြို့၊ စျေးချိုတော်သစ်သီးရောင်းချသည့်စျေးတန်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် နဂါးမောက်သီး ၁၀ လုံးစျေးနှုန်းများမှာ  (လုံးကြီး)(အတွင်းသားဖြူ) ၂၀၀၀၀ကျပ်နှင့် ၂၅၀၀၀ ကျပ်၊ (လုံးလတ်)၁၂၀၀၀ကျပ်နှင့်၁၃၀၀၀ကျပ်၊ (လုံးသေး)၇၀၀၀ကျပ်နှင့် ၈၀၀၀ကျပ် စျေး တို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဖြစ်သည့်အတွက် ဘုရားပွဲနှင့် အလှူ ပွဲတော်များကျင်းပသည့်ရာသီဖြစ်ပြီး၊ သစ်သီးမျိုးစုံအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

 

ကြက်ဥ ၊ ဘဲဥ ဈေးနှုန်း/ဈေးကွက်အခြေအနေ

   ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးတွင်ရောင်းချလျက်ရှိသော ကြက်ဥ /ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးအလုံးကြီးတစ်လုံးလျှင် (၆၅၀) ကျပ်၊ ဘဲဥအလုံးလတ် တစ်လုံးလျှင် (၆၀၀) ကျပ်၊ ဖြစ်ကြောင်းနှင့် ကြက်ဥအလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ ကြက်ဥအလုံးလတ် တစ်လုံးလျှင်(၄၅၀)ကျပ်၊ ဖြစ်ကြောင်းသိရသည်။

          ကရင်ပြည်နယ်တွင် ဒေသတွင်းစားသုံးရန်အတွက် ကြက်ဥ/ဘဲဥများကို တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်စသည့်ဒေသများမှ ဝင်ရောက်ကြောင်းနှင့် ဒေသတွင်းမွေးမြူရေးများမှလည်း ထွက်ရှိ ကြောင်း သိရသည်။

DOCA(ကရင်)

ဘားအံမြို့ပေါ်ရှိခရမ်းချဉ်သီးဈေးနှုန်းအခြေအနေ

  ၂၀၂၅ ခုနှစ်၊ ဆောင်းအကူးကာလ အောက်တိုဘာတတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက်နှင့်အခြားဒေသထွက် ခရမ်းချဉ်သီးများ အရောင်းသွက်လျက်ရှိနေကြောင်း သိရ သည်။

          ဈေးနှုန်းအနေဖြင့် ယခင်လက ခရမ်းချဉ်သီး အလုံးကြီးဈေးနှုန်း တစ်ပိဿာလျှင် (၃၅၀၀)ကျပ်၊ အလုံးသေးဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ယခုအခါ ခရမ်းချဉ်သီး အလုံးကြီး ဈေးနှုန်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အလုံးသေးဈေးနှုန် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

          ကရင်ပြည်နယ်ဒေသအတွင်း ဖြစ်ပေါ်နေသော စက်တင်ဘာလ နောက်ဆုံးပတ်နှင့် အောက်တိုဘာလ တတိယပတ် ဈေးနှုန်း နှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင် ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ရပြီး ယခုလို ခရမ်းချဉ်သီးဈေးနှုန်းအနည်းငယ်ကျရခြင်း   မှာ ဒေသထွက်ခရမ်းချဉ်သီးနှင့်အခြားဒေသထွက် ခရမ်းချဉ်သီးများအဝင်များလာခြင်း တို့ကြောင့်ဖြစ် ကြောင်း သိရသည်။

DOCA(ကရင်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း