ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံ‌ဒေသထွက်ကြောင်လျှာပွင့်အစိုဈေးနှုန်း

        မြင်းခြံမြို့နယ်ရှိအတွင်းရှိ နဘူးအိုင်ကျေးရွာ၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာများရှိ နေအိမ်ခြံဝန်းများအတွင်း၌ ကြောင်လျှာပင်များကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိကြောင်း၊ ၎င်းအပင်များမှရရှိသော ကြောင်လျှာပွင့်အစိုများကို တောင်သူများကိုယ်တိုင် မြင်းခြံမြို့ရှိ အေးမြသီတာဈေးသို့ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံး ပတ်တွင် ရောင်းချနေသော ကြောင်လျှာပွင့်အစို ၁၀ ပွင့် လျှင် (၅၀၀) ကျပ်ခန့်ပေါက် ဈေးများ ဖြင့်ရောင်း ချကြောင်း၊ ကျန်းမာရေးအတွက် ကြောင်လျှာပွင့်အစိုသည် နားအူနားလေးခြင်းများကို သက်သာ ခြင်းကြောင့်ဈေးကွက်တွင် စားသုံးမှုများ၍ ဝယ်ယူသူများပြားပြီး အရောင်းအဝယ်ကောင်း ကြောင်း၊ အသုပ်စုံ‌ရောင်းချသူများကိုလည်းဖောက်သည်ပေးရကြောင်း၊လက်လီလက်ကားသမားများကိုလည်းရောင်းချရကြောင်း၊နေ့စဉ်ကြောင်လျှာပွင့်ရောင်းချငွေ (၄၀၀၀၀-၅၀၀၀၀)ကျပ်ခန့်ဝင်ငွေ ရရှိကြောင်း တောင်သူ၏ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

ကင်ဆာရောဂါကိုလျော့ချပေးသောကြက်သွန်ဖြူ

             ကြက်သွန်ဖြူသည် အိမ်ရဲ့စားဖိုဆောင်တွင် အလွယ်တကူရနိုင်ပြီး ကျန်းမာ‌ရေးအတွက် အကျိုးကျေးဇူးများစွာရှိသော သဘာဝဆေးတစ်လက်ဖြစ်ကြောင်း၊ အိပ်မပျော်ခြင်းနှင့် ခေါင်း တစ်ခြမ်းကိုက်ခြင်းများအတွက်  တစ်နေ့ကို ကြက်သွန်ဖြူ(၃-၇)မွှာ စားသုံးပေးပါက သွေးကို သန့်စင်  အဆိပ်အတောက်တွေကို ဖယ်ရှားပေးသောကြောင့်  အိပ်မပျော်ခြင်းနှင့်  ခေါင်းတစ်ခြမ်း ကိုက်ခြင်း ကိုသက်သာစေကြောင်းသိရှိရသည်။ ကြက်သွန်ဖြူနှင့်  အုန်းဆီစစ်စစ်ကို ရောပြီး ကျေားရိုးတစ် လျောက် နှိပ်နယ်ပေးရကြောင်း၊ ကြက်သွန်ဖြူ၊ သံပရာရည်နှင့်  အုန်းဆီစစ်စစ်တို့ကို  ရောစပ်ပြီး သောက်သုံးပါက အားအင်ကုန်ခမ်းခြင်းကိုသက်သာကြောင်း၊ ကြက်သွန်ဖြူရည် တစ်ဇွန်း (ထမင်းစားဇွန်း)ကို သံလွင်ဆီ(သို့မဟုတ်) ထောပတ်ဆီတစ်ဇွန်းနှင့် ရောပြီးအပူလောင် ထားသည့် နေရာကို လိမ်းပေးခြင်းဖြင့် အပူလောင်နာကို သက်သာပျောက်ကင်းကြောင်း၊ ကြက်သွန်ဖြူ ကိုပုံမှန်စားပေးခြင်းဖြင့် အူလမ်းကြောင်းထဲကရောဂါပိုးများကို တိုက်ဖျက်ပေးခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေကိုလျော့ချပေးကြောင်း၊ ကြက်သွန်ဖြူတစ်မွှာကိုကြိတ်ခြေ ပြီးသွားပိုးစားသည့်နေရာပေါ်တင်ပေးခြင်းဖြင့်သက်သာကြောင်း၊ ၎င်းအားစားပေးခြင်းဖြင့် ကိုလက် စထရောကျဆင်းကြောင်း၊ အရေပြားမှိုပိုးဝင်ပြီး ယားယံသောနေရာများကို ကြက်သွန်ဖြူ ဆီလိမ်းပေးပါက မိနစ် (၃၀)အတွင်းယားယံခြင်းများ သက်သာပျောက်ကင်းကြောင်း၊ သိုင်းရွိုက် ဂလင်းအားကောင်းစေရန်အတွက် ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးခြင်းဖြင့် အားကောင်းစေ ကြောင်း၊ ဆီးချိုရောဂါအတွက် ကြက်သွန်ဖြူကို နံနံပင်နှင့် ရောစပ်ပြီး နေ့စဉ်စားသုံးပေးပါက သွေးအတွင်းရှိ ဂလူးကို့စ်ပိုလျှံတာကို ဖယ်ရှားပေးကြောင်း၊ အစာမကြေဖြစ်ပါက အစာစားပြီး နှစ်နာရီကြာသည့်အခါ ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် သက်သာကြောင်း၊ နှာစေး နှာမွှန်ပါက ကြက်သွန်ဖြူကိုစားပေးခြင်းဖြင့်ပျောက်ကင်းကြောင်း၊ ကြက်သွန်ဖြူ(၃)မွှာခန့်ကို ညက်အောင်ကြိတ်ပြီး ရေတစ်ဖန်ခွက်နှင့် ရောကာမနက်ပိုင်းတွင် သောက်ပေးပါက သွေးတိုးရောဂါ သက်သာကြောင်း၊ အမျိုးသမီးများ ဓမ္မတာလာစဉ် နာကျင်မှုကိုသက်သာစေရန် ကြက်သွန်ဖြူ (၃)မွှာကိုစားပေးခြင်းဖြင့် နာကျင်မှုကိုသက်သာပျောက်ကင်းသလို  ကျန်းမာရေးအတွက် အကျိုးများစွာရှိသော ကြက်သွန်ဖြူသည် မီးဖိုချောင်တွင်အလွယ်တကူရရှိနိုင်၍ ဆေးဖက်ဝင်သော ဆေးစွမ်းတစ်လက်ဖြစ်ကြောင်းစာပေများမှဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် မြင်းခြံမြို့အေးမြသီတာဈေး၌ ရောင်းချနေသော ကြက်သွန်ဖြူ တစ်ပိဿာလျှင်  ၃၀၀၀ ကျပ်မှ ၉၀၀၀ ကျပ်ခန့်အထိ ပေါက်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရသည်။

DOCA (မန္တလေး)

ရွှေဘိုဈေးကွက်တွင်  ရောင်းချသည့် ပုဂံပဲနှင့် ပဲတီဆံဈေး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိဘဲ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပုဂံပဲနှင့်ပဲတီဆံများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့ရှိ ပွဲရုံများမှဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

ပုဂံပဲ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

ပဲတီဆံ

     ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၅၀ဝိ/-) ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့် သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြေပဲစိုက်ပျိုးထွက်ရှိမှု ဈေးနှုန်းဈေးကွက်နှင့်တောင်သူ အကျိုးအမြတ်ရရှိမှုအခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ် သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာ အနည်းငယ်သာစိုက်ပျိုးမှု ရှိပါသည်။ ၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့်(၆၃၅၀၀)ဧကဖြစ်ပြီး၊  စိုက်ပျိုးမှု မှာ(၆၅၅၇၃)ဧက စိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧကအနေဖြင့်(၂၃၂၀၀)ဧက အထွက်နှုန်းမှာ(၅၂.၄၇)တင်း နှုန်းဖြင့် အထွက်တင်းစုစုပေါင်း (၁၂၁၇၃၀၄)တင်း ထွက်ရှိခဲ့သည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထား မှု(၃၁၉)ဧကရှိပါသည်။ ထွက်ရှိသောမြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။

          ၂၀၂၄-၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် မြေပဲဆီဆံတစ်တင်းလျှင်(၁၁၂၅၀၀)ကျပ်၊ မြေပဲလုံဆံ တစ်တင်းလျှင်(၁၁၇၀၀၀)ကျပ်နှင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၅-၂၀၂၆ ခုနှစ်ကာလတူ လတွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၀၆၅၀၀) ကျပ်၊ မြေပဲလုံးတစ်တင်းလျှင်(၁၀၉၅၀၀)ကျပ်နှင့် မြေပဲ မျိုးဆံတစ်တင်းလျှင်(၁၂၀၀၀၀)ကျပ်ဝန်းကျင် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။

     ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်းမှာ(၅၂.၄၇)တင်းနှုန်းထွက်ရှိခဲ့သည်။ ယခုမြေပဲတောင့်တစ်တင်းလျှင်(၃၁၅၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး တစ်ဧကဝင်ငွေ(၁၆၅၂၈၀၅)ကျပ် နှုန်း ရရှိ၍ တစ်ဧကတောင်သူအကျိုးအမြတ်မှာ(၇၁၁၈၀၅)ကျပ်ရရှိခဲ့သည်။ ဒေသထွက်မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါး လာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာသည်။ တောင်သူအကျိုးအမြတ်ရရှိသော မြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချမှုမပြုဘဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြု လုပ်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာခြင်း၊ ဒေသတွင်း လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများ စားသုံးရခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိ စေသည့်အတွက် အကျိုးကျေးဇူးများစွာရရှိစေသော ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါ သည်။

DOCA (မန္တလေး)

 

စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

စားတော်ပဲ

         ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲ ဈေးနှုန်းမှာ ()ပြည်လျှင်(၉၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

စားတော်ပဲလုံးရေစိမ်

      ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင် များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

      စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြကြောင်း သိရပါသည်။

ကုလားပဲဆံ

          ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင် ရောင်းချသည့် ကုလားပဲဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၁၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၉၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၁၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

      ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ ပထမအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပူစီနံဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ရာသီအလိုက် စားဖိုဆောင်သီးနှံများကိုစိုက်ပျိုးလျက်ရှိရာမှ ပူစီနံများကို အနည်းငယ်မျှသာ စိုက် ပျိုးကြပြီး ခူးဆွတ်ရောင်းချကြကြောင်းလည်း သိရှိရပါသည်။ ပူစီနံများကို မြန်မာဟင်းများတွင် သာမက မုန့်ဟင်းခါးအသုပ်စုံတို့တွင်လည်း တွဲဖက်စားသုံးကြပါသည်။ ဆောင်းရာသီတွင်သာ အထွက်များသောကြောင့် ကျန်ရာသီများမှာ ဈေးကြီးပေးကာဝယ်ယူကြရကြောင်း သိရှိရပါသည်။

    ယခု၂၀၂၅ခုနှစ်၊အောက်တိုဘာလများတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ပူစီနံဈေး နှုန်းမှာ တစ်စည်းလျှင် (၅၀၀)ကျပ်ရှိပြီး နံနံပင်တစ်စည်းလျှင်လည်း (၅၀၀)ကျပ်သာရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိမျှစ်ချဉ်ဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ပေါ်ရှိ စျေးများတွင် မိုးရာသီတွင်အထွက်များသော မျှစ်ချဥ်သည်  အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့သည် ပင်လယ်ကမ်းရိုး တန်းဒေသဖြစ်သည့်အပြင် စားဖိုသီးနှံများလည်း ပေါများသောဒေသဖြစ်ပါသည်။ မျှစ်ကိုမိုးရာ သီ၌သာရရှိသောကြောင့် ကျန်ကာလများတွင် အလွယ်တကူရရှိနိုင်ရန် အချဥ်ဖောက်၍စားသုံး ကြသလို ကြော်ချက်၊ အပြုတ်၊ အတို့ အမြုပ်အဖြစ်လည်းစားသုံးကြသည်။ ချဉ်သောအရသာ ရှိ၍ အနံ့ပျင်းသောကြောင့် မျှစ်ချဥ်ကို ဟင်းခပ်အမွှေးအကြိုင်များများဖြင့်ချက်စားလျှင် ကောင်းမွန်သော ဟင်းတစ်ခွက်ရရှိမည်ဖြစ်ပါသည်။

    ၂၀၂၅ခုနှစ်၊ ယခုအောက်တိုဘာလလများတွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော မျှစ်ချဥ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

    မြိတ်မြို့ပေါ်ရှိ ငရုတ်သီးခြောက်/အပု ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီးတွင် ငရုတ်သီးများကို ကြိုက်နှစ်သက်သော အစားအစာများ တွင် စားသောက်ကုန်တစ်ခုဖြစ်သော ငရုတ်သီးခြောက်( အရှည်/အပု) တစ်မျိုးလည်း အပါအဝင်ဖြစ်သည်။ ငရုတ်သီးခြောက်ကို ဟင်းအနှစ်ချက်လုပ်၍ ချက်ပြုတ်စားသုံးကြပါ သည်။

          ယခင်စက်တင်ဘာလတွင်ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ထိရှိကြောင်း သိရှိရပါသည်။ ယခုအောက်တိုဘာပထမပတ်တွင် ငရုတ်သီးခြောက်အရှည်တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်နှင့် (၁၅၀၀၀)ကျပ်ခန့်ထိရှိပြီး ငရုတ်သီးအပုတစ်ပိဿာလျှင် (၂၀၀၀)ကျပ်ခန့်ထိ အသီး သီးရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ထန်းလျက်ဈေးကွက်

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်း များ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြ ခဲ့ခြင်း ဖြစ်ပါသည်။ ထန်းလျက်သည် မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပြီး လူတွေရဲ့ ကျန်းမာ ရေးကို အလွန်ပင်အထောက်အကူဖြစ်စေပါသည်။ ထန်းလျက်ကို မြန်မာတွေက ထမင်းစား ပြီးလျှင် အချိုတည်းစရာအဖြစ်စားတတ်ကြပါသည်။ ထန်းလျက်သည်အစာကြေလွယ်ပြီး သွေးအားကို သန့်ရှင်းစေခြင်း၊ ထန်းလျက်ကိုဂျင်းနှင့်ရောစားပေးလျှင် အသစ်အမြစ်နာကျင် ခြင်းကိုကာကွယ်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်ဝန်လွယ်စေပြီး သွေးအားနည်း ခြင်းကို ကာကွယ်ပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်းရရှိစေပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်း ဆိုင်များတွင် ရောင်းချနေသော ထန်းလျက်သည် တစ်ပိဿာလျှင်(၉၀၀၀)ကျပ်ရှိကြောင်း သိ ရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း