ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့ရှိ ငါးဖယ်ဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံ များ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးအမျိုးမျိုးကိုလည်း‌ ရောင်းချလျက်ရှိရာ ငါးဖယ်မှာလည်း အပါအဝင်ဖြစ်ပါသည်။ ငါးဖယ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက် လျက်ရှိပြီး ငါးဖယ်ကို  အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍လည်း ငါးဖယ်ခြစ်အဖြစ် ရောင်းချလျက်ရှိကြောင်း၊ငါးဖယ်ခြစ်မှာ  အရိုးမပါသဖြင့် ချက်ပြုတ်သူအိမ်ရှင်မများအတွက် လွယ်ကူကောင်းမွန်သော ငါးတစ်မျိုးဖြစ်သည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် အတွင်းရောင်းချလျက်ရှိသော ငါးဖယ်အကောင်လိုက်ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက်(၁)ပိ ဿာလျှင် (၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၄၀၀၀)ကျပ် နှင့်ငါးဖယ်ခြစ်(၁)ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၇၅၀၀)ကျပ်၊ (၁၀)ကျပ် သားလျှင်(၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 စျေးငြိမ်နေသောအစေ့ထုတ်ပြောင်း

         ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ် အတွင်း ဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့ (စီပီ) ၇၆၀၀၀ ကျပ် နှင့်၇၇၀၀၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ)၇၁၀၀၀ကျပ်နှင့် ၇၂၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၄၀၇ကျပ် နှင့်၁၄၂၆ကျပ်၊ပြောင်းဖူးစေ့(ဗမာ)၁၃၁၅ ကျပ်နှင့် ၁၃၃၃ ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့် (စီပီ) ၁၃၈၀ ကျပ်နှင့် ၁၃၈၉ ကျပ်တို့ ဖြစ်ကြောင်း သိရှိရပါ သည်။ ယခုနှစ်စေျး နှင့်ယခင်နှစ် ကာလ တူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြင်းခြံမြို့၏ပေါ်ဦးပေါ်ဖျားလိမ္မော်သီးဈေးနှုန်း

   မြင်းခြံမြို့နယ်ရှိ သစ်သီးအရောင်းဆိုင်များတွင် သစ်သီးမျိုးစုံရောင်းချလျက်ရှိရာ ရာသီပေါ် လိမ္မော်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလနောက်ဆုံးပတ်တွင် လိမ္မော်သီး(၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်၊ တစ်ပိဿာ လျှင် (၁၂၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ ‌ပေါ်ဦးပေါ်ဖျားထွက် ပေါ်ချိန်ဖြစ် သောကြောင့် ဈေးနှုန်းမြင့်တက်သော်လည်း စားသုံးမှုများပြီး အရောင်းအဝယ် ကောင်းကြောင်း၊ လိမ္မော်သီးများလှိုင်လှိုင်ထွက်ပေါ်ချိန်သည် အောက်တိုဘာလမှ ဖေဖော်ဝါရီလဖြစ်ပြီး ထိုကာလ များ၌ လိမ္မော်သီးဈေးနှုန်းများကျဆင်းနိုင်ကြောင်း လိမ္မော်သီးထွက်ပေါ်ချိန်သည် စိုက်ပျိုးသည့် ဒေသ၊ မျိုးကွဲနှင့် ရာသီဥတုအပေါ်မူတည်၍ ကွဲပြားကြောင်း သစ်သီးရောင်းချသူ၏ ပြောပြ ချက်အရသိရှိရသည်။ လိမ္မော်သီးစားသုံးခြင်းဖြင့် အသည်းကင်ဆာ ဖြစ်နိုင်ခြေကိုလျော့ချပေး ကြောင်းနှင့် ကျောက်ကပ်ရောဂါကို ကာကွယ်ပေးကြောင်းသိရှိရသည်။

 DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသည့် ငါးခြောက်ဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်များမှာ ရန်ကုန်မြို့မှမှာယူရောင်းချကြကြောင်း သိရှိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၏ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးခြောက်ဈေးနှုန်းများမှာ ငါးရံ့ ခြောက်(လုံး)(၁)ပိဿာလျှင် (၂၈၀၀၀)ကျပ်၊ ငါးကြီးသားခြောက်(၁)ပိဿာလျှင် (၁၀၀၀၀၀)ကျပ်၊ ငါးနီတူခြောက်(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ လသာခြောက်(အချို)(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးရောင်ခြောက်(၁)ပိဿာလျှင်(၃၇၀၀၀)ကျပ်၊ အာပြဲခြောက်(၁)ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ အသား မျှင်ခြောက်(၁)ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ငါးတံခွန်ခြောက်(၁)ပိဿာလျှင်(၂၅၀၀၀)ကျပ်ဖြင့်ရောင်း ချကြောင်း၊ ယခုအခါ အလှူအတန်းများပြုလုပ်ရာတွင် ငါးခြောက်များကို အသုံးပြုကြသဖြင့် အရောင်းဝယ်သွက်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးအတွင်း ငါးခြောက်ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

  အောက်တိုဘာလပထမပတ်မန္တလေးဆီကြိတ်ဖတ်စျေးကွက်

                  မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များဖြစ် ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရ ပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ၁၃၅၀ဝိ/-နှင့်၁၅၀၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရ ပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၂၀ဝိ/- နှင့် ၅၃၀ဝိ/-၊နှမ်းဖတ် ၃၂၅ဝိ/-နှင့်၃၃၀ဝိ/-၊နေကြာဖတ် ၂၈၀ဝိ/-၊မုန်ညင်းဖတ် ၂၇၅၀ကျပ်နှင့် ၂၈၀၀ကျပ် တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

မိတ္ထီလာမြို့နယ်မုန်လာဥဖြူစိုက်ပျိုးခြင်းဖြင့်အကျိုးအမြတ်ရရှိ

  ဟင်းသီးဟင်းရွက်သီးနှံများတွင်အပါအဝင်ဖြစ်သည့် မုန်လာဥဖြူကိုမိတ္ထီလာခရိုင် အနေဖြင့်စိုက်ပျိုးမှုနည်းပါးသော်လည်း မိတ္ထီလာမြို့နယ်ဆည်ကုန်း၊ ငွေကုန်းကျေးရွာများ၌ စိုက်ပျိုးမှုရှိကြောင်းသိရသည်။

          မုန်လာဥဖြူစိုက်ပျိုးရာတွင် အရပ်မျိုးစေ့ကိုအစေ့ချစိုက်ပျိုးပြီးနောက် ဘောင်ခတ်ပေး ရပါသည်။ (.၅၀)ဧကလျှင်မျိုးစေ့နို့ဆီဘူး (၄)ဘူးကုန်ကြကြောင်းတစ်ထုပ်လျှင်(၁၅၀၀၀) နှုန်းဖြင့် (၆၀၀၀၀)ကျပ်မြေဩဇာဖိုး (၁၅၀၀၀၀)လုပ်အားခ(၁၂၀၀၀၀)  အပါအဝင် (.၅၀)ဧကကုန်ကျ စရိတ်(၃၃၀၀၀၀)ကုန်ကျပါသည်။ မုန်လာဥဖြူသည်စိုက်ပျိုးပြီး (၄၅)ရက်အကြာတွင် စတင်နှုတ်သိမ်းပြီး အထွက်နှုန်းမှာ ကျပ်သိန်း(၂၀)ခန့် ရရှိပါသည်။ တောင်သူအကျိုးအမြတ်ရရှိမှုမှာ (.၅၀)ဧကလျှင်(၁၆၇၀၀၀၀)ကျပ်ရရှိသဖြင့် အကျိုးအမြတ်များသော သီးနှံဖြစ်ပြီး ထွက်ရှိမှုမှာ(၂)လခန့် ကြာပါသည်။ မုန်လာဥဖြူတစ်စီးလျှင် လက်လီ(၁၀၀၀)ရှိပြီး လက်ကား(၁၀)စီးလျှင် (၅၀၀-၆၀၀)ကျပ်ထိရှိပြီး (၁)စီးလျှင်(၅)ပင်ပါရှိသည်။

          မိတ္ထီလာဈေးကွက်အနေဖြင့် မုန်လာဥကို ရှမ်းပြည်နယ်တောင်ပိုင်းမှ အများဆုံးတင်သွင်း ရသည့်အတွက် ယခုလိုဒေသထွက် စိုက်ပျိုးမှုရှိခြင်းမှာ စိုက်ပျိုးတောင်သူများအတွက် အကျိုးအမြတ်ရရှိရုံသာမက စားသုံးသူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ပါသည်။ မိတ္ထီလာခရိုင်အတွင်း (၂၀၂၅-၂၀၂၆) ခုနှစ်ဟင်းသီးဟင်းရွက် ဧကပေါင်း (၉၀၇၂)ဧကရှိကြောင်း မြေစာရင်းဦးစီးဌာန၏ စာရင်းအရသိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့၊ မြို့မဈေးတွင်ရောင်းချနေသော ငါးချဉ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်သီးနှံများ၊ အသားမျိုးစုံနှင့် ဒေသထွက်ငါးမျိုးစုံအပြင် ငါးကိုအချဉ်သိပ်၍ ငါးချဉ်အဖြစ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ငါးချဉ်ပြုလုပ်ရာတွင် ငါးကြင်းချဉ်နှင့် ငါးသေးချဉ်စသည်ဖြင့် အမျိုးမျိုးပြုရောင်းချလျက်ရှိရာကုန်ကြမ်းများဖြစ်သော ငါးကြင်းနှင့် ငါးအသေးကောင်လေးများကို ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့နယ်မှ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ငါးကြင်းချဉ်(၁) ပိဿာလျှင်(၃၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ငါးသေးချဉ်(၁)ပိဿာလျှင် (၂၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးချဉ်များကို ချက်၍လည်းကောင်း၊ အစိမ်းအတိုင်း သုပ်စား၍လည်းကောင်း စားသုံးကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း  ငါးချဉ်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့အာလူးဈေးနှုန်းဈေးကွက်အခြေအနေ

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့၊ ပြည်သာယာ ဈေးတွင်အာလူးသီး များအရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသောအာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့၊ မန္တလေးတိုင်း ပြင်ဦးလွင်ဒေသများမှ ဝင်ရောက်ကြောင်း သိရသည်။ အာလူးသီးသည် ကစီဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်း ကိုကာကွယ်ပေး နိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ် စားသောက်ခြင်းဖြင့် အာဟာရဓာတ်များကို အပြည့်အဝရရှိစေပါသည်။ ယခု စက်တင်ဘာလ အတွင်းဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၈၀၀-၅၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ပါက တစ်ပိဿာအပေါ် (၁၀၀၀)ကျပ် ဝန်းကျင်ဈေးမြှင့်လာကြောင်းဈေးကွက် အတွင်းမှသိရသည်။

DOCA(မန္တလေး)

 

မန္တလေးမြေပဲစျေးနှုန်းစျေးကွက်

          မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၆၀၀ ကျပ်နှင့်၈၃၀၀ကျပ်၊S1 ဆီဆန်  ၆၈၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆန် ၇၄၀၀ ကျပ်နှင့် ၇၅၀၀ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၇၇၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ S1 ဆီဆန် ၆၆၀၀ကျပ်နှင့် ၆၈၀၀ ကျပ်၊S1ဆီဆန်(နွားထိုးကြီး) ၇၀၀၀ကျပ်နှင့် ၇၅၀၀ ကျပ်၊S1 ရွေးဆန် ၇၅၀၀ကျပ်နှင့် ၇၈၀၀ကျပ်၊ အနီလုံးဆန် ၇၅၀၀ကျပ်နှင့်၈၅၀၀ကျပ် တို့ဖြစ် ကြောင်းသိရှိရပါသည်။ယခင်နှစ်နှင့်ယခုနှစ်ကာလတူမြေပဲပေါက်စျေးနှိုင်းယှဉ်ပါက စျေးအနည်းငယ် ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

                                                                        

မိတ္ထီလာဈေးကွက်ရှိ နှမ်း၊ နှမ်းဆီဈေးကွက်

   မိတ္ထီလာဈေးကွက်ရှိ စက်တင်ဘာလနောက်ဆုံးပတ်၌ ဆီထွက်သီးနှံနှမ်းဈေးမှာ ဈေးငြိမ် နေကြောင်းသိရသည်။ ဒေသခံတောင်သူများအနေဖြင့် မိုးနှမ်းကို စိုက်ပျိုးမှုများရာမှ နှမ်းညိုနှင့် နှမ်းဖြူကို စိုက်ပျိုးမှုများသဖြင့် ဈေးကွက်တွင် ၎င်းမျိုးများသာ အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရသည်။ မေ၊ ဇွန်လများကစိုက်ပျိုးခဲ့သော နှမ်းမှာ ဩဂုတ်လမှစတင်၍ ဈေးကွက်သို့ ဝင်ရောက်ခဲ့ရာ နှမ်းညိုတစ်တင်း(၁၅)ပိဿာလျှင် (၈၅၀၀၀-၈၈၀၀၀)ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၉၀၀၀၀-၉၂၀၀၀)ကျပ်ဈေးရှိခဲ့ပါသည်။ ဈေးကွက်သို့ အဝင်လှိုင်ချိန်တွင် ဈေးအနည်းငယ်ကျဆင်းလာရာ လက်ရှိအချိန်တွင် နှမ်းညိုတစ်တင်းလျှင်(၈၆၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၉၀၀၀၀)ကျပ်ဈေးရှိနေပါသည်။ ဒေသတွင်း တောင်သူများက လက်ကျန်ရှိ သောနှမ်းများကို လာရောက်ရောင်းချကြရာ ဆီစက်သမားများနှင့် မန္တလေးကုန်သည်များသို့ ပြန် လည်ရောင်းချရကြောင်း ကုန်သည်များထံမှ သိရသည်။ ဒေသတွင်း နှမ်းထွက်သည့်ကာလဖြစ်၍ နှမ်းဆီဈေးမှာလည်း ကျဆင်းလာရာ ယခင်လက တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ရှိခဲ့ရာမှ ယခုလ တွင် (၁၂၅၀၀)ကျပ်သို့ ဈေးနှုန်းကျဆင်းလာပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း