ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ဒေသထွက်ဘူးသီးဈေးနှုန်းများ

  ကရင်ပြည်နယ်၊ ဘားအံမြို့ရေပေါ်ဈေး၌ အောက်တိုဘာလ တတိယပတ်အတွင်း ဒေသထွက် နှင့်အခြားဒေသထွက်ဘူးသီးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။ ဘူးသီးကို ဘားအံမြို့အနီး တစ်ဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြ သည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင် အကြော် ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး စိုက်ပျိုးတောင်သူအတွက် အပိုဝင်ငွေတိုး စေပါ သည်။ ဘူးသီးကိုအလုံးအရွယ်အစားအလိုက် ဈေးနှုန်းခွဲခြားရောင်းချကြသည်။ ဘူးသီးအလုံးကြီး ဈေးနှုန်း တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ ဘူးသီးအလုံးသေးဈေးနှုန်း တစ်လုံးလျှင် (၃၀၀၀)ကျပ် တို့ဖြစ် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

   ပန်းငရုတ်သီးပွစျေးအနည်းငယ်ကျ

       ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းငရုတ်ပွနှင့်ငရုတ်သီးစိမ်းများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်း ငယ်ကျ ဆင်းကာ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်း ပန်းငရုတ်ပွများကို အစိမ်းရောင်၊ အဝါရောင်၊အနီရောင်နှင့်လိမေ္မာ် ရောင်တို့တွေ့ရှိရပြီး၊အလေးချိန်ဖြင့်ရောင်းချခြင်း နှင့် အလုံးအရွယ်အစားအလိုက် ရောင်းချခြင်းဟူ၍ နှစ်မျိုးတွေ့ရှိရပါသည်။ မန္တလေးမြို့၊ သီရိမာလာ စျေးနှင့်၄၁လမ်းစျေးရှိ ကုန်စိမ်းစျေးကွက်တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့်ငရုတ်သီးပွစျေးနှုန်းများမှာ  ၁ပိဿာလျှင် လက္ကားစျေး ၆၀၀၀ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး  ၈၀၀၀ ကျပ်နှင့် ၉၀၀၀ကျပ်၊ ပန်းငရုတ်ပွ တစ်ခုချင်းစျေးအနေဖြင့် ၃၀၀ ကျပ်နှင့် ၅၀၀ ကျပ်စျေးတို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့်၆ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀) စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ဂန္ဓမာပန်းစျေးကွက်

           ဝါတွင်းကာလမိုးရာသီအတွင်း မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်နှင့် မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်ဂန္ဓာမာပန်းများ ဝင် ရောက်လျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ စျေးကွက်အတွင်း အများဆုံး တွေ့ ရသော ဂန္ဓမာပန်းအမည်များမှာ ဆန်းမားဖြူ၊ ဆန်းမားဝါ၊ လပ်ကီးဖြူ၊လပ်ကီးဝါ၊လပ်ကီးနီ၊ ရွှေစိမ်း၊ကီလို၊ကြွေဖြူ၊ ကြွေဝါ၊ချက်စိမ်း၊ပုလဲဖြူစသည်ဖြင့် တွေ့ရှိရပါသည်။၂၀၂၅ ခုနှစ် အောက်တို ဘာလပထမပတ်အတွင်း လက်လီစျေးအနေဖြင့် ဂန္ဓာမာပန်းကြွေဖြူ တစ်ရိုး တစ်ပွင့် (၁၀ခက်ပါ) တစ်စီးလျှင် ၄၀၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ဆန်းမား၊ လပ်ကီးတစ်စီးလျှင် ၃၀၀၀ ကျပ်နှင့် ၃၅၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်သည့်မေမြို့ပန်း

   မိုးရာသီမန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့်ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်မေမြို့ပန်းများ ဝင်ရောက်လျက်ရှိပြီး၊ အရောင်း သွက် လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ မေမြို့ပန်း လက္ကားစျေး (အစီးကြီး) ၁စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၂၀၀၀ ကျပ်၊ (အစီးသေး) ၁ စီးလျှင် ၂၀၀၀ကျပ်နှင့်၂၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်းသိရှိရပါသည်။ ဝါတွင်းကာလဘုရားပွဲနှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍မေမြို့ပန်းမှာစျေးကွက် အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြေပဲမွကြော် ထုတ်လုပ်ရောင်းချမှု အခြေအနေ

      မအူပင်မြို့နယ်တွင် ‌ဒေသတွင်း အညာဒေသထွက် မြေပဲမွကြော်များ ရောင်းချလျက်ရှိသည်။ မြေပဲမွကြော် ကြွပ်ရွ၍ မာမာကြီးဖြစ်အနေပဲ စား၍ ကောင်းမွန်သော အညာဒေသလက်မှ မှာယူရောင်းချသည့် မြေပဲမွကြော် ဖြစ်သည်။ မြေပဲနှင့် ဆန်နှစ်ကို လုံး၍ ဆီဖြင့်ကြော်ထားသော မုန့်တစ်ခုဖြစ်ပြီး ရောင်းအားကောင်းသော အစားအစာတစ်ခုဖြစ်ကြောင်း သိရသည်။

      ရောင်းချမှုအနေဖြင့် မြေပဲမွကြော် တစ်ထုတ်လျှင် ၃၀၀၀ ကျပ်ဖြင့် ‌ရောင်းချကြောင်း သိရသည်။ မြေပဲ မွကြော်ကို အညာဘက်မှ ပီနံအိတ်လိုက်မှာယူပြီး မအူပင်မြို့နယ်တွင် ပြန်လည်ထုတ်ပိုး၍ အချိန်ဖြင့် ရောင်းချကြောင်း၊ ၁ထုတ်လျှင် ၂၅ကျပ်သား ရှိပြီး ၅၀ကျပ်သား ၁ထုတ်လျှင် ၆၀၀၀ကျပ်၊ ၁ပိသာလျင် ၁၀၀၀၀ကျပ်ဖြင့် ရောင်းချပြီး ရောင်းအားကောင်း၍ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် ရောင်းချနေသာ ပေါ်ဆန်း ထမင်းခြောက်ကျော်

        မအူပင်မြို့နယ်တွင် ဒေသတွင်း တစ်ပိုင်တစ်နိုင် မုန့်ရောင်းချသော လုပ်ငန်း အများအပြားရှိပြီး ဒေသတွင်းစီးပွားရေး လုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိပါသည်။ ထမင်းခြောက်ကျော် ရောင်းချသူများရှိပြီး ပေါ်ဆန်ဆန်ကို နေလှန်ကာ ကြွပ်ကြွပ် ရွရွ အနံ့မွှေးမွှေးလေးမို့ စားပီးရင်းစားချင် ဖြစ်တဲ့ မမမြ အဆင့်မြင့် ပေါ်ဆန်းဆန်ချောင်းကြော်ကို  မအူပင်မြို့နယ်တွင် ရောင်းချလျက်ရှိသည်။

       ပေါ်ဆန်းဆန်ကို ချက်ပြုတ်ပြီး နေခြောက်လှန်းကာ ဆီဖြင့် ကျော်၍ ပါကင်ဗူးများဖြင့် ရောင်းချနေကြောင်း သိရသည်။ ရောင်းချမှု ဈေးမှာ တစ်ဗူးလျှင် ၅၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တစ်ခါကျော်လျှင် ဗူး ၂၅၀ခန့် ထွက်ရှိပြီး တစ်ဗူးအလေးချိန်သည် ၁၆၀ ဂရမ်ခန့်ပါဝင်သည်။ လူတိုင်းကျန်းမာစေရန်အတွက် သဘာဝထုတ်ကုန်များကို ထုတ်လုပ်ထားကြောင်းနှင့် နို့ဆီ ၃ဗူကိုကျော်ပါက ထမင်းခြောက်ကြော် ၂ဗူးခန့် ထွက်ရှိကြောင်း သန့်ရှင်းသပ်ရပ်သော ထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီ ထုတ်လုပ်ရောင်းချလျှက်ရှိကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

“ ခရမ်းမြို့နယ်တွင်၂၀၂၅-၂၀၂၆ခုနှစ်တွင်စိုက်ပျိုးထားသောSeederစံပြကွက်မိုးစပါးများ ရိတ်သိမ်းခြင်း”

  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ခမတ်ကျေးရွာနှင့် မောင်းမကျေးရွာ များတွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် Seederစနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးစံပြကွက်များအား အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စံပြကွက်ရိတ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

ထိုမိုးစပါး စံပြကွက်ရိတ်သိမ်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်နှင့်အဖွဲ့၊ ခရိုင်အဆင့်စိုက်ကြပ်အဖွဲ့ဝင်များ မြို့နယ်စိုက်ကြပ် အဖွဲ့ဥက္ကဌ ဦးအောင်ရဲနှင့်အဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး ခရမ်းမြို့နယ်၊ ခမတ်ကျေးရွာ တွင် Seeder စံပြကွက်ဧက (၁၀၀)မှ တောင်သူဒေါ်အေးမူ၊ ကွင်းအမှတ် (၇၈၀)A၊ ဦးပိုင်အမှတ် (၁၅)တွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးစိုက်ဧက (၉.၇၇)ဧက်အား စံပြကွက်ရိတ်သိမ်းခဲ့ရာ စပါးအစိုတင်း(၁၆၄.၀၁)တင်းထွက်ရှိပြီး မောင်းမကျေးရွာတွင် တောင်သူ ဦးတင်ထွေး၊ ကွင်း အမှတ်(၇၆၀A)၊ ဦးပိုင်အမှတ် (၁၅/၁)တွင် Seederစနစ်တွင် စိုက်ပျိုးထားသော မှော်ဘီ-၃ စပါး စိုက်ဧက (၁၀.၀၀)ဧကအား စံကွက်ရိတ်သိမ်းရာတွင် စပါးအစိုတင်း (၁၈၂.၃၆)တင်း အသီးသီး ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုဈေးကွက်ရှိ မိုးမြေပဲလုံးဆံဈေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် ဒေသထွက်မိုးမြေပဲများ ဩဂုတ်လ၊ တတိယအပတ်မှ စတင်၍ ရွှေဘိုမြို့ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ()ပြည်လျှင် (၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၄၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၉၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် မြေပဲလုံးဆံ()ပြည်လျှင် (၂၀ဝိ/-)ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ ဆောင်းမြေပဲစိုက်ပျိုးရန်အတွက် မျိုးပြုလုပ်မည့်သူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန်စွန်းရွက်ဈေးနှုန်းဈေးကွက်

          ကန်စွန်းရွက်သည် လူအတန်းအစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ်ပြီးရေရရှိ သောနေရာများတွင် လွယ်ကူစွာပေါက်ရောက်ရှင်သန်နိုင်သည်။ ကန်စွန်းရွက်များကို လယ်ကန်သင်း ၊လယ်ကွက်၊ အင်းအိုင်၊ ချောင်းမြောင်းနှင့်အခြားရေရရှိသော နေရာများတွင်သဘာဝ အလျောက်ပေါက် ရောက်မှုများမှရရှိနိုင်သလို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း သီးသန့် စိုက်ပျိုးခြင်းများမှလည်း ထွက်ရှိကြ၍ရာသီချိန်ခါမရွေး စားသုံးရသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ကန်စွန်းရွက်မှာ ဗမာကန်စွန်းရွက်နှင့် တရုတ်ကန်စွန်းရွက် (စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့်သိရှိ ကြပြီး ဗမာကန်စွန်းရွက်ကို ကြိုက်နှစ် သက်မှုများသော်လည်း မိုးတွင်းရာသီကာလမှသာ အများဆုံး ထွက်ပေါ်ရရှိသဖြင့်စိုက်ပျိုးရေး ကန်စွန်းရွက်ကိုသာအားပြုစားသုံးကြပါသည်။ ကျောက်ပန်းတောင်း မြို့နယ်ရှိမြို့မစည်ပင်သာယာပျံကျဈေးအတွင်းသို့ ညောင်ဖြူပင်ကျေးရွာ၊ လဲဂွကျေးရွာ ၊ကိုင်းကျေးရွာ များတွင် စိုက်ပျိုးထွက်ရှိသောကန်စွန်းရွက်များကို ကန်စွန်းရွက်(၁)စည်းလျှင်(၁၀၀)ကျပ်၊ ကန်စွန်း(၁၀) စည်းလျှင်(၈၀၀)ကျပ်၊ ကန်စွန်းရွက်အစည်း(၁၀၀)လျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ကန်စွန်းရွက် များကိုအိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့် အထောင်းစုံရောင်းချ သော ဆိုင်များမှလည်းကောင်း ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ်သွက်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

DOCA (မန္တလေး)

 

                                                                                      

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့်အညို)ဈေး

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။

       ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ဖြူ)ဈေးနှုန်းမှာ ()ပြည်လျှင်(၀ဝိ/-) ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ဖြူ)(၁)ပြည်လျှင် (၈၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် မြေထောက်ပဲ(ဖြူ)()ပြည်လျှင် (၁၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း တူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း