ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စျေးကောင်းရရှိသည့်မန္တလေးပဲကြီးစျေး

          ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၂၀၀၀၀ကျပ်နှင့် ၄၃၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၇၀၀၀၀ကျပ်နှင့်၄၀၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၂၀၀၀၀ကျပ်နှင့်၃၃၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၆၀၂ကျပ်နှင့် ၇၇၈၃ ကျပ်၊ ပဲကြီး(လတ်)၆၆၉၇ကျပ်နှင့် ၇၂၄၀ကျပ်၊ ပဲကြီး (သေး)၅၇၉၂ကျပ်နှင့်၅၉၇၃ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(ကြီး)၅၀၆၈ကျပ်နှင့်၅၃၃၉ကျပ်၊ပဲကြီး(လတ်)၄၇၀၆ကျပ်နှင့်၄၇၉၆ကျပ်၊ ပဲကြီး(သေး) ၄၁၆၃ ကျပ်နှင့် ၄၂၅၃ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

                                                                                               

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော သလဲသီးဈေးနှုန်းအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် သလဲသီးများကို ရောင်းချလျက်ရှိပါသည်။ သလဲသီးများကို နေအိမ်ခြံစည်းရိုးများတွင်စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့် အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြောင်း သိရသည်။

     သလဲသီး၏ အခွံသည် အနီရောင်ဖြစ်ပြီး အတွင်းသားလေးများသည် အရည်ရွှမ်းပြီး အရသာရှိသောကြောင့် သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာ လဒုတိယပတ်အတွင်း သလဲသီးအသေး(၁)လုံးလျှင်(၁၀၀၀)ကျပ်၊ သလဲသီးအကြီး(၁)လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့်ရောင်းအားကောင်းကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

  အောက်တိုဘာလပထမပတ်ကုလားပဲစျေး

     ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများ မှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၄၅၀၀၀ကျပ်နှင့် ၂၄၇၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၈၀၀၀ ကျပ်နှင့်၂၃၀၀၀၀ကျပ်၊ကုလားပဲ (ထိုင်ဝမ်)၂၂၇၀၀၀ကျပ်နှင့်၂၂၈၀၀၀ကျပ်၊ ကုလားပဲ (929) ၂၃၃၀၀၀ ကျပ်နှင့် ၂၃၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၂၇၉ကျပ်နှင့် ၄၃၁၄ကျပ်၊ ကုလားပဲ(V-7)၃၉၈၃ကျပ်နှင့် ၄၀၁၇ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၃၆ကျပ်နှင့် ၄၀၅၃ကျပ်၊ ကုလားပ ဲ(929)၄၁၄၂ကျပ်နှင့် ၄၂၇၈ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၄၁၅ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၃၅၆ကျပ်နှင့် ၅၀၆၇ ကျပ်၊ကုလားပဲ(929) ၅၁၇၃ ကျပ်နှင့် ၅၁၉၁ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲ စျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါ သည်။ 

DOCA (မန္တလေး)

သင်္ဘောသီးအစိမ်းနှင့်သင်္ဘောသီးအမှည့်ဈေးနှုန်းများ

    သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် သင်္ဘောပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် သင်္ဘောသီးအ စိမ်း(၁)ပိဿာလျှင်(၁၅၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၈၀၀)ကျပ်၊ သင်္ဘောသီးမှည့်အသေးတစ်လုံး လျှင် (၂၅၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း သင်္ဘောသီးမှည့်ကို စားသုံးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့် ရောင်ရမ်းမှုကိုကျဆင်းစေခြင်း၊ အရွယ်တင်နုပျို စေခြင်းနှင့် ရောဂါများကို နှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ကြောင်း၊ သင်္ဘော သီးများကို အိမ်ရှင်မများဟင်းချက်ရာ၌လည်းကောင်း၊ အသုပ်ဆိုင်များနှင့်  အထောင်းစုံရောင်းသည့် ဆိုင်များမှဝယ်ယူကြသဖြင့် သင်္ဘောသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်း ဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာလျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း(၁၀)ကျပ်သားလျှင်(၄၆၀၀)ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်း အားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

 

   ပဲထောပတ်စျေးအနည်းငယ်ကျ

      ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၃၀၅၀၀၀ ကျပ်၊ပဲထောပတ် (ကြီး)၂၉၅၀၀၀ကျပ်နှင့်၃၀၀၀၀၀ကျပ်၊ပဲထောပတ်(သေး) ၁၈၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထော ပတ်(ဂေါက်)၅၄၂၂ကျပ်၊ပဲထောပတ် (ကြီး) ၅၂၄၄ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ်(သေး) ၃၂၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၄၆၇ ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

ပူစီနံနံရွက်နှင့် သင်္ဘောနံနံပင်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ပူစီနံနံပင်နှင့် သင်္ဘောနံနံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာတော၊ လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။  

       ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ ပူစီနံနံရွက် နှင့်သင်္ဘောနံနံပင်များကို ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာများမှလည်း ကောင်းဝယ်ယူရောင်းချလျက်ရှိကြောင်း ပူစီနံနံရွက်နှင့် သင်္ဘောနံနံများကို အစည်းလေးများစည်း၍ ရောင်းချရာ(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်၊ (၇)စည်းလျှင် (၁၀၀၀)ကျပ်နှင့် သင်္ဘောနံနံ(၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂)စည်းလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သင်္ဘောနံနံကို အိမ်ရှင်မများဟင်းချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြကြောင်း၊ ပူစီနံနံရွက်များကို ဒံပေါက်ဆိုင်များနှင့် ထမင်းဆိုင်များမှဝယ်ယူသည့်အတွက် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                                                  

အရောင်းသွက်သည့်ပဲတီစိမ်းစျေးကွက် 

      ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစား ဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ)၂၈၀၀၀၀ကျပ်နှင့် ၃၄၀၀၀၀ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ)၂၈၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲတီစိမ်း (ညာ) ၄၉၇၈ကျပ်နှင့်၆၀၄၄ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ) ၄၉၇၈ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲတီစိမ်း(အညာ)၃၃၇၈ ကျပ်နှင့် ၄၀၈၉ ကျပ်၊ ပဲတီစိမ်း (ပဲခွဲ) ၂၅၇၈ ကျပ်နှင့် ၃၂၈၉ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်း (ညာ) မှာ တစ်ပိဿာလျှင် ၁၉၅၅ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

                                               

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများ မှာပိန်းဥ(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥကို ပြုတ်၍သော်လည်းကောင်း၊ အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

                                                                            

အောက်တိုဘာလပထမပတ်မတ်ပဲစျေး

            ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧရိတ် သိမ်း(၁၀၄၉၅) ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာ လပထမပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၇၁၀၀၀ကျပ်၊ မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၆၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၅၁၇ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၄၃၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ဟောင်း)  ၆၂၅၀ ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း