ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ပိန်းဥဈေးနှုန်းအခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥ၊ ကန်စွန်းဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပိန်းဥများကို  ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပိန်းဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော ပိန်းဥဈေးနှုန်းများ မှာပိန်းဥ(၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ပိန်းဥကို ပြုတ်၍သော်လည်းကောင်း၊ အရွက်စုံနှင့်ရောကာ ဟင်းချိုအဖြစ်လည်းကောင်း စားသုံးကြ၍ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သဖြင့် ဝယ်ယူစားသုံးသူများလာ၍ အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

                                                                            

အောက်တိုဘာလပထမပတ်မတ်ပဲစျေး

            ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲသီးနှံစိုက်ပျိုးမှု(၃၂၁၄၂)ဧရိတ် သိမ်း(၁၀၄၉၅) ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာ လပထမပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ (ကျောက်စရစ်)၂၇၁၀၀၀ကျပ်၊ မတ်ပဲ ၁၇၀၀၀၀ ကျပ်နှင့် ၂၆၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၅၁၇ ကျပ်၊ မတ်ပဲ ၂၈၃၃ ကျပ်နှင့် ၄၃၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ဟောင်း)  ၆၂၅၀ ကျပ်ဖြစ်ကြောင်းသိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက မတ်ပဲစျေး မှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

မြို့မဈေးတွင် ရောင်းချနေသော ပန်းကုံးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ ဒုတိယပတ်တွင်ရောင်းချလျက်ရှိသော ပန်းကုံးဈေးနှုန်းများမှာ မြတ်လေးပန်း(၁)ကုံးလျှင် (၁၀၀) ကျပ်၊ မြတ်လေးပန်း(၆)ကုံးလျှင် (၅၀၀)ကျပ်၊ ဇွန်ပန်း(၁)ကုံးလျှင် (၃၅၀)ကျပ်၊ ဇွန်ပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၁)ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူ၊ စကားဝါပန်း(၂)ကုံးလျှင် (၅၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၁)ကုံးလျှင် (၁၀၀)ကျပ်၊ ရွှေပန်း၊ငွေပန်း(၆)ကုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပန်းကုံးများကို ဘုရားပန်းကပ်လှူရန်အတွက်လည်း ကောင်း၊ အမျိုးသမီးများအလှပန်ရန် အတွက်လည်းကောင်း၊ ကားများ၊ ဈေးဆိုင်များတွင် သဘာဝ ပန်းအလှများ ချိတ်ဆွဲရန်အတွက်လည်းကောင်း ဝယ်ယူကြကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့ ကြိမ်စေ့လှော်ဈေးနှုန်း

  ကြိမ်စေ့လှော်သည် မြန်မာနိုင်ငံတွင်ရေပန်းစားသော သွားရေစာတစ်မျိုးဖြစ်၍ ကြိမ်ပင်များမှ ထွက်သောအစေ့များကို လှော်ထားခြင်းဖြစ်ကြောင်း၊ ‌‌တောင်ကုန်းတောင်တန်း ဒေသများဖြစ်သော ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင်ကြိမ်ပင် များပိုမို စိုက်ပျိုးထွက်ရှိကြောင်း သိရှိရသည်။ မြင်းခြံမြို့၊အေးမြသီတာဈေးတွင်ရောင်းချနေသော ကြိမ်စေ့ လှော်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချ၍ ဒေသတွင်းဖြန့်ဖြူး ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ကြိမ်စေ့လှော်လက်လီဈေး နို့ဆီဗူး တစ်ဗူးလျှင်(၃၀၀၀)ကျပ်၊ လက်ကားဈေးတစ်ပြည်လျှင်  (၂၀၀၀၀) ကျပ်ခန့်ပေါက်ဈေး များဖြင့် ရောင်းချကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့်အဆီဓာတ်များပါဝင်သောကြောင့် နှလုံး ကျန်းမာရေးကိုအကျိုးပြုပြီး   ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ခန္ဓာကိုယ်ကြီးထွားရန်နှင့် ကြွက်သား ဖွံ့ဖြိုးမှုကိုအထောက်အကူပြုကြောင်း၊  ကြိမ့်စေ့လှော်သည် အာဟာရဓာတ်ကြွယ်ဝ သဖြင့်  ကယ်လိုရီပါဝင်မှုမြင့်မားသောကြောင့် လွန်ကဲစွာစားသုံးပါက ကိုယ်အလေးချိန်တက်နိုင် သဖြင့် သင့်တင့်မျှတစွာ စားသုံးသင့်ပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြို့မဈေးတွင် ရောင်းချနေသော နှင်းဆီပန်းနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းဈေးကွက်

     ကန့်ဘလူမြို့၊ မြို့မဈေးအတွင်းတွင် ဘုရားပန်းမျိုးစုံဖြစ်သည့် သပြေပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ ဇွန်ပန်း၊ စံပယ်ပန်း၊ စကားဝါပန်း၊ စကားဖြူပန်း၊ ရွှေပန်း၊ ငွေပန်း၊ ပန်းတိမ်ငိုပန်း၊ နှင်းဆီပန်း၊ ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများ ရောင်းချလျက်ရှိရာ လူကြိုက်များသော နှင်းဆီပန်းများနှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်းများကို ကန့်ဘလူမြို့ပေါ်နှင့် ဒေသအနီးတစ် ဝိုက်ရှိကျေးရွာများမှ တစ်နိုင်တစ်ပိုင်စိုက်ပျိုး ရောင်းချလျက်ရှိသလို နှင်းဆီပန်းများကို ပြင်ဦးလွင်မြို့ မှလည်းမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လူကြိုက်များသော နှင်းဆီပန်းများမှာ ဘုရားပန်းအတွက် သာမက လက်ဆောင်ပေးရာ၌လည်း အဓိကထားအသုံးပြုကြကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း နှင်းဆီပန်းအကြီး(၁)ပွင့်လျှင် (၇၀၀)ကျပ်၊ အသေး(၁)ပွင့် လျှင်(၅၀၀)ကျပ်နှင့် ဇော်စိမ်းပန်း(ခေါ်)ကျောက်စိမ်းပန်း(၃)ခက်ပါ(၁)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မြင်းခြံမြို့၌ရောင်းချနေသောကွမ်းသီးဈေးနှုန်းများ

  မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ကွမ်းသီးများကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် မန္တလေးမြို့တို့မှ တင်သွင်းရောင်းချကြောင်းသိရှိရသည်။ ကွမ်းသီးပင်များသည် ရာသီဥတုသင့်တင့်မျှ တသော ဒေသများတွင်ဖြစ်ထွန်းပြီး ကွမ်းသီးပင်များသည် စိုက်ပျိုးပြီး (၈)နှစ်အကြာတွင် ကွမ်းသီးများစတင်ခူးဆွတ်နိုင်ကြောင်း၊ အပင်မြင့်မျိုးဖြစ်ပြီး လေဒဏ်မခံနိုင်သောကြောင့် လေပြင်း ပါက အပင်လဲနိုင်သဖြင့် အပူချိန်မြင့်မားချိန်တွင် အပူဒဏ်ခံနိုင်ရန် လေကာပင်များနှင့် တောင်အရိပ် ရှိပါက ကွမ်းသီးပင်များဖြစ်ထွန်းနိုင်ကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ စက်တင်ဘာ နောက်ဆုံးပတ် ကွမ်းသီးအစိပ်ထိပ်စတစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်၊ ကွမ်းသီးအလတ်စ တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ ကွမ်းသီးလုံးတစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်‌ ရောင်းချ ကြောင်း၊ အရည်အသွေးအမျိုးအစားပေါ်မှုတည်၍ ဈေးနှုန်းများကွာခြားကြောင်း၊ မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုများသောကြောင့် ကွမ်းသီးရောင်းဝယ်ရေးသည် ဈေးကွက်တစ်ခုအဖြစ် ခိုင်ခိုင် မာမာရပ်တည်လျက်ရှိကြောင်း၊ အရောင်းအဝယ်လည်းကောင်းကြောင်း ကွမ်းရွက်နှင့် ကွမ်းသီး ရောင်းချသူများ ထံမှသိရှိရသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၏ နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

      ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ကန့်ဘလူမြို့မဈေးတွင်ရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း နံနံပင်(၁)စည်းလျှင်(၃၀၀)ကျပ်၊ (၂) စည်းလျှင်(၅၀၀)ကျပ်နှင့် ပင်စိမ်း(၁)စည်းလျှင် (၃၀၀)ကျပ်၊ ပင်စိမ်း(၂) စည်းလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင်မများဟင်းချက်ရာတွင် လည်းကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့နယ်အတွင်းရောင်းချနေသောအိမ်ဆောက်ပစ္စည်းဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိမြင်းခြံခရိုင်စားသုံးသူ ရေးရာဦးစီးဌာနသည် ပြည်တွင်းကုန်သွယ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အတွက်ဈေးကွက် အတွင်းဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းကြီးမြင့်မှုရှိ/မရှိ အခြေအနေများအား ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

            မြင်းခြံမြို့နယ် အမှတ်(၉)ရပ်ကွက်၊ ဘဘလမ်းရှိ မိုးကျော်အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် တွင်ရောင်းချနေသာ ဈေးနှုန်းများမှာ Crown ဘိလပ်မြေ (50)kg တစ်အိတ်လျှင် (၂၀၅၀၀) ကျပ်၊ ခေါင်အုပ်သွပ်thick-0.42 mm တစ်ပေလျှင် (၂၅၀၀)ကျပ်၊ ကြယ်စိမ်း သွပ်ပြားလိုင်းပါအလတ်တစ်ပေလျှင်(၁၆၀၀)ကျပ်၊ ကြယ်စိမ်းသွပ်ပြားလိုင်းပါ အထူတစ်ပေလျှင် (၂၆၀၀)ကျပ်၊ သွပ်ပြား4-Angle0.36mmတစ်ပေလျှင် (၂၈၀၀)ကျပ်၊ အိမ်ရိုက်သံ၁လက်မအသေးနှင့် သွပ်ရိုက်သံတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ အိမ်ရိုက်သံ(၂-၄)လက်မတစ်ပိဿာလျှင် (၇၅၀၀)ကျပ်၊ သံချောင်း(သုံးမှုး)ချောင်း (၉၅၀၀)ကျပ်၊ သံချောင်းလုံးတစ်တန်လျှင် (၁၅၅၀၀၀၀-၂၀၀၈၅၀၀)ကျပ်၊ Hollow သံချောင်း1.2mm ချောင်း (၂၅၀၀၀)ကျပ်၊ U/I Bean တစ်ချောင်းလျှင် (၁၉၀၀၀) ကျပ်အသီးသီးရောင်းချကြောင်း၊ ဒေသတွင်းအဆာက်အဦများဆောက်လုပ်ရန် ဖြန့်ဖြူးရောင်းချ လျက်ရှိပြီး၊ ဈေးကွက်ဝင်ရောက်မှု အနေဖြင့်ရန်ကုန်မြို့နှင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း သိရှိရပြီး ဘိလပ်မြေရောင်းချသူများအား ဈေးကွက်အတွင်း သင့်တင့်မျှတသော နှုန်းထားများ အတိုင်း ရောင်းချရန်၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း များ မပြုလုပ်ရန်နှင့် အရောင်းဆိုင်များတွင် ဘိလပ်မြေများပြတ်လပ်မှုမရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဇီးဖြူသီးနှင့် ဇီးဖြူသီးခြောက်ဈေးနှုန်းများ

    ဇီးဖြူသီးသည် မြန်မာနိုင်ငံတွင် လူသိများသော သစ်သီးတစ်မျိုးဖြစ်ပြီး ဆေးဖက်ဝင်အပင် ဖြစ်လည်းထင်ရှားပါသည်။ မြန်မာနိုင်ငံ၏ ပူပြင်းခြောက်သွေ့သော ဒေသများတွင် ပိုမိုဖြစ်ထွန်းပြီး ကန့်ဘလူခရိုင်၌လည်း ဇီးဖြူပင်များ အလေ့ကျပေါက်နေသည်ကို နေရာအနှံ့အပြားတွင်တွေ့ရသည်။ ဇီးဖြူပင်များကို နေအိမ်ခြံစည်းရိုးများ၌လည်းကောင်း၊ လယ်တော၊ ယာတောများတွင် စိုက်ပျိုးပြီး မိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ဇီးဖြူသီးအစိုနှင့် ဇီးဖြူသီးအခြောက် ပြုလုပ်၍ ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း သိရသည်။

      ဇီးဖြူသီးသည် အနံ့အရသာထူးခြားပြီး ချဉ်ဖန်သောအရသာရှိသည့်အတွက် လူကြိုက်များ သောအသီးတစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဇီးဖြူသီးကို ဇီးဖြူသီးအစိမ်းထောင်း၊ ဇီးဖြူသီးသနပ်နှင့် ဇီးဖြူသီးကို ကြာရှည်အသုံးပြုနိုင်ရန် အခြောက်လှန်း၍လည်း စားသုံးကြသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့၊မြို့မဈေးတွင် ဇီးဖြူသီးအစိမ်း နို့ဆီဘူး(၁)ဘူး လျှင်(၅၀၀)ကျပ်၊ (၁)ပြည်လျှင်(၃၈၀၀)ကျပ်၊ ဇီးဖြူသီးအခြောက်(၁)ဘူးလျှင် (၁၂၀၀)ကျပ်၊ (၁)ပြည် လျှင်(၉၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားတော်ပဲစျေးပိုမိုရရှိ

        စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လပထမပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ)    ၃၄၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၇၄၀၀၀၀ ကျပ်နှင့် ၇၅၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၇၃၈ကျပ်၊စားတော်ပဲ(ကျွန်း)၁၂၄၈၉ကျပ်နှင့် ၁၂၆၅၈ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စေျးမှာ စားတော်ပဲ(ကနေဒါ) ၆၄၁၄ ကျပ်၊စားတော်ပဲ (ကျွန်း) ၆၂၄၅ ကျပ်နှင့် ၆၄၉၈ကျပ်ဖြစ် ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် စားတော်ပဲ (ကျွန်း) ၅၇၁၀ ကျပ်တို့စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း