
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ပြည်တွင်းသုံးကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ များ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူများတွင် သီးနှံ လက် ကျန်နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်း ချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင်ကုလားပဲမျိုးစုံ အရောင်းအဝယ်ဖြစ် လျက် ရှိရာ ဈေးနှုန်းအနေဖြင့် ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(929) တစ်တင်း လျှင် ကျပ်(၈၀၂၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါက တစ်တင်းလျှင် ကျပ်(၈၀၀)ခန့် ဈေးတက်နေပြီး ပွဲရုံဈေးကွက်တွင် နေ့စဉ် ပိဿာ(၂၀)ဝင် အိတ်(၁၅၀၀ မှ ၁၇၀၀) ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက် လုပ်ငန်းရှင်များ၊ ပဲကြော်/ ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲခြမ်းများ လည်း တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှု အပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံး တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေး နှင့် ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအားဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရ ပါသည်။
DOCA(မကွေး)
