ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းသေကြီး၊ မြိတ်မြို့ပေါ်ရှိ မုန်ညင်းဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် စမ်းချောင်း ကုန်စိမ်းဈေးများတွင် ခရမ်းသီး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက်၊ ခဲဝဲသီး၊ မုန်လာထုပ်၊ ပြောင်းဖူး၊ ထိုင်ဝမ်မုန်ညင်း၊ ရွှေဖရုံသီး၊ ဆလပ်ရွက်၊ ရုံးပတီသီး၊ ဘိုစားပဲ၊ ပဲရှည်သီး၊ ပဲပင်ပေါက်အစရှိသည့် ကုန်စိမ်း များကို ရောင်းချကြကြောင်း သိရှိရပါသည်။

     ယခု၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ထိုင်ဝမ်မုန်ညင်းဈေးနှုန်းမှာ တစ်စည်းလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ကုန်စိမ်းရောင်း ချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်ဒေသရှိ ဌက်ပျောသီးဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နှင့် ကျွန်းစုမြို့တို့တွင် နှစ်ရှည်သီးနှံ များနှင့် ရာသီစာသီးနှံများဖြစ်သော ဒူးရင်းသီး၊ တညင်းသီး၊သရက်သီး၊ မင်းဂွတ်သီး၊ အုန်းသီး၊ ကြက်မောက်သီး၊ ပိန္နဲသီး၊ ဌက်ပျောသီး၊ စုံပတသီးတို့ကို အများအပြားစိုက်ကြသလို တစ်နိုင် တစ်ပိုင်လည်း စိုက်ပျိုးကြ၍ ထွက်ရှိသောသီးနှံများကို မြိတ်မြို့ပေါ်ရှိဈေးများတွင် လာရောက် ရောင်းချကြပါသည်။ ၄င်းအသီးအနှံများထဲမှ ဌက်ပျောသီးသည် လူကြီး/လူငယ်မရွေး ကြိုက်နှစ် သက်ကြသဖြင့် အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ဖီးကြမ်းဌက်ပျောသီးတစ်ဖီးလျှင်(၃၀၀၀) ကျပ်၊ ဌက်ပျောဝါသီး တစ်ဖီးလျှင် (၄၀၀၀)ကျပ်၊ ဆွဲအံသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်နှင့်ဆိတ်နို့သီး တစ်ဖီးလျှင် (၃၀၀၀)ကျပ်ခန့်ရှိကြောင်း ဌက်ပျောသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

 

မြိတ်မြို့၊ သီဟဇေယျာတိုးချဲ့ဈေးကြီး၌ ရောင်းချနေသောဘုရားပန်းများ

     မြိတ်မြို့၊ သီဟဇေယျာဈေးကြီး၌ ဘုရားပန်းမျိုးမျိုးဖြစ်သော အိုစကာပန်း၊ ပုလဲဖြူပန်း (ဂန္ဓာမာပန်း)၊ မြနှင်းပုလဲပန်း(ချင်းမိုင်ပန်း)၊ စန်းမားဝါးပန်း၊ လီလီပန်း(မင်္ဂလာပန်း)၊ နှင်းဆီပန်း၊ သပြေပန်း(အောင်သပြေ)၊ ဇွန်စိမ်းပန်းတို့ကို ရန်ကုန်မြို့မှ တစ်ပတ်လျှင်နှစ်ကြိမ်ခန့် ကားလမ်း၊ လေယာဥ်လမ်းတို့ဖြင့် ဝယ်ယူရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် လူကြိုက်များ၍ အဝယ်များသော ပုလဲဖြူ ပန်း(ဂန္ဓာမာပန်း)(၁၀)ပွင့် တစ်စည်းလျှင် (၁၂၀၀၀)ကျပ်၊ မြနှင်းပုလဲပန်း(ချင်းမိုင်ပန်း)(၁၀)ခက် တစ်စည်းလျှင် (၇၀၀၀)ကျပ်၊ နှင်းဆီပန်း (၁၀)ပွင့် တစ်စည်းလျှင် (၁၅၀၀၀)ကျပ်၊ သပြေပန်း (အောင်သပြေ)အငုတ် တစ်ခုလျှင် (၂၀၀၀)ကျပ်၊ ဇွန်စိမ်းပန်း(၁၀)ခက် တစ်စည်းလျှင် (၅၀၀၀)ကျပ်၊ စန်းမားဝါးပန်း (၁၀)ပွင့်တစ်စည်းလျှင် (၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်းကို တွေ့ရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

သကြားစားသုံးခြင်းကြောင့်ဖြစ်လာနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ

     သကြားဆိုသည်မှာများသောအားဖြင့်အစားအစာများနှင့်သောက်စရာများတွင် ပါလေ့ရှိသော ကာဗိုဟိူက်ဒရိတ်မျိုးဖြစ်ပါသည်။သကြားကို ကော်ဖီနှင့်အခြားသော မြန်မာမုန့်များ စသည့်အခါတွင် လည်းသကြားကိုတွဲဖက်စားလေ့ရှိကြပါသည်။ဟင်းချက်သည့်အခါထည့်သုံးလေ့ရှိကြသလို  သစ်သီး ဖျော်ရည်များတွင်လည်း ထည့်ကြပါသည်။ အချိုပွဲတော်တော်များများတွင်လည်း သကြားသည်မပါ မဖြစ် အသုံးပြုကြပါသည်။သကြားသည်စွဲလမ်းတတ်စေသော သဘောရှိပါသည်။အချိုရည်များ၊  ဒိုးနပ်စ်များ၊ မုန့်အချိုမုန့်များကို တခါလောက်စားပြီးပါက နောက်ထပ်စားချင်လာခြင်းမှာ သကြား ကြောင့်ဖြစ်လာသော စွဲလမ်းမှု့ကြောင့် ဖြစ်ပါသည်။ခန္ဓာကိုယ်တွင်အင်အားပြည့်ဝစေဖို့ သကြား ဓာတ် ကိုလိုအပ်သော်လည်း အများအပြားစားသုံးမိပါက နောက်ဆက်တွဲဆိုးကျိုး များဖြစ်သည့် အဝလွန်ခြင်း နှလုံးရောဂါဖြစ်နိုင်ခြေများခြင်း၊ အာဟာရချို့တဲ့စေခြင်း၊ ဆီချိုရောဂါ ဖြစ်နိုင် ခြေများခြင်း၊ အသည်း အဆီဖုံးခြင်း၊ ဝက်ခြံဖြစ်ခြင်း၊ ဂေါက်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါနှင့်သိမြင်မှု စွမ်းရည်ကျဆင်းမှုများကို ခံစားရနိုင်ပါသည်။သကြားသည် အများအပြားစားသုံးလျှင် ဆိုးကျိုးများ ရှိသော်လည်း သကြားနှင့်ပြုလုပ်ရသော မြန်မာမှုန့်များရောင်း ချသူများအနေဖြင့် သကြားကိုဝယ်ယူ သုံးစွဲကြရပါသည်။သကြားကို ကုန်စုံဆိုင်များနှင့်ဈေးများတွင် တစ်ပိဿာလျှင် (၅၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့ဈေးအပြင်တန်းရှိသစ်သီးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးရှိ အောက်တိုဘာလ ဒုတိယ ပတ်တွင် ရောင်းချနေသော  သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁ လုံးလျှင်  (၄၅၀၀/၅၀၀၀/ ၇၀၀၀/) ကျပ်၊ သင်္ဘောသီး မှည့် ၁လုံးလျှင် (၁၅၀၀/၃၅၀၀/)ကျပ်၊ နာနတ်သီး (၁)လုံး (၂၀၀၀/၃၀၀၀/)ကျပ်၊ နင်္ဂါးမောက်သီး (၁)လုံး (၁၅၀၀/၂၀၀၀/ )ကျပ်၊ဖရဲသီး ၁ လုံး (၅၀၀၀/)ကျပ်၊ လိမ္မော်သီး ၁ လုံး ၂၀၀၀/ကျပ်၊ပန်းသီး ၁ လုံး (၃၀၀၀/) ကျပ်မှ ၇၀၀၀/ကျပ် မာလကာသီး ၁လုံးလျှင် ၁၀၀၀/ ၁၅၀၀/ကျပ်၊  ဩဇာသီးတစ်လုံးလျှင် ၁၀၀၀/၁၅၀၀ ကျပ်၊  သပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀/ ၄၀၀၀/)ကျပ်၊ ဈေးများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်းရှိ ငါးဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့(မြို့မ) ဈေးအတွင်း၌  အောက်တို ဘာလ ဒုတိယပတ်တွင် ရောင်းချနေသော ငါးဈေးနှုန်းများမှာ ငါးကြင်းဖြူ (တစ်ပိဿာ)လျှင် ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ)လျှင် ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးဖယ်ခြစ်(တစ်ပိဿာ) လျှင် ၅၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ်(တစ်ပိဿာ)လျှင် ၄၀၀၀၀ ကျပ်၊ ပုဇွန်ထုပ်(အကြီး) တစ်ပိဿာ လျှင် ၆၀၀၀၀ ကျပ်၊ပုဇွန်(အလတ်) တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ပုဇွန်(အသေး) တစ်ပိဿာလျှင် ၄၀၀၀၀ ကျပ်၊ ငါးခူ(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ငါးကျီး(တစ်ပိဿာ)လျှင် ၃၀၀၀၀ ကျပ်၊ ပင်လယ်ငါးများဖြစ် သော ကင်းမွန်နှင့်ပြည်ကြီးငါးများ (တစ်ပိဿာ) လျှင် ၆၀၀၀၀ မှ ၈၀၀၀၀ ကျပ် ဈေးဖြင့်ရောင်းချ နေကြောင်း ဈေးသည်များထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

လက်ပံတန်းမြို့မဈေးအတွင်း၌ ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

     လက်ပံတန်းမြို့မဈေးအတွင်း အောက်တိုဘာလဒုတိယပတ်၌ ရောင်းချလျက်ရှိသော အခြေခံ  စားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တန်တစ်ပြည်လျှင် ၈၅၀၀ ကျပ်၊ဧည့်မထဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ကြက်သွန်နီတစ်ပိဿာလျှင် ၁၀၀၀/၁၂၀၀ ကျပ်၊ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ကြူကုတ်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ချင်းတက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်ခြောက် (အရှည်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ ငရုတ်ခြောက်(အပု) တစ်ပိဿာ လျှင် ၂၀၀၀၀ ကျပ်၊အာလူးတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊မန်းကျည်းသီးမှည့်အစေ့မပါ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကြက်ဥလက်လီဈေးနှုန်း(အကြီး)တစ်လုံးလျှင် ၅၀၀ ကျပ်၊ (အသေး)တစ်လုံးလျှင် ၄၈၀ ကျပ်၊ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၀၀ ကျပ်၊(အသေး) တစ်လုံးလျှင် ၅၀၀ ကျပ်တို့ အသီးသီး ရှိကြပါသည်။

          အခြေခံစားသောက်ကုန်များမှာ လက်ပံတန်းမြို့အတွင်း ရောင်းချလျက်ရှိသော အသား မွေးမြူ ရေးကြက်(စီပီ) ကြက်သားတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၃၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၂၀၀၀၀/၂၅၀၀၀ ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၈၀၀၀/၂၀၀၀၀ ကျပ်၊ အသီးသီး ရောင်းဝယ်နေကြကြောင်း သိရှိရပါသည်။

             စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ၂၁၀၀၀ ကျပ်၊နှမ်းဆီတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၇၃၀၀ကျပ်၊ ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိ ရပါသည်း။

DOCA(ပဲခူး)   

လက်ပံတန်းမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းအခြေအနေများ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ဈေးအတွင်းရှိ  အောက်တိုဘာလ အတွင်း ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ အိုးဖရုံသီးတစ်လုံး ၁၀၀၀ ကျပ်၊ ရွှေဖရုံသီး တစ်စိပ် လျှင်၅၀၀/ကျပ်၊ဂေါ်ရခါးသီး လုံး ၇၀၀ ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၃၀၀၀ ကျပ်၊ နံနံပင် ၁ပိဿာ ၂၀၀၀၀ ကျပ်၊ပဲတောင့်ရှည်အတောင့် ၂၅ တောင့် တစ်စည်းလျှင် ၇၀၀ ကျပ်၊  ကြက်ဟင်းခါးသီး အသေးတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါး သီး အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ခရမ်းသီးတစ် ပိဿာလျှင် ၄၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ် ဆယ်ကျပ်သားလျှင် ၇၀၀ ကျပ်၊သံပုရာသီးတစ်လုံးလျှင် ၁၀၀ ကျပ်၊မုန်လာဥနီ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀ ကျပ်၊ မုန်ညှင်းထုပ် တစ်ဆယ်ကျပ်သားလျှင် ၁၅၀၀ ကျပ်၊ရုံပတီသီး တစ်စည်း ၂၅၀ ကျပ်၊မုန်လာဥ တစ်စည်းလျှင် ၁၅၀၀ ကျပ်၊ သခွားသီးသုတ်သီးတစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ဘူးသီးတစ်စိပ်လျှင် ၅၀၀ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းလျှင် ၃၀၀ ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်၊ ဘူးညွှန့်တစ်စီးလျှင် ၁၀၀၀ ကျပ်၊‌ကျောက်ဖရုံသီးတစ်စိပ် ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၄၅၀၀ ကျပ်ဈေးများ ဖြင့်ရောင်းချ နေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)   

    လက်ပံတန်းမြို့မဈေးအတွင်းရောင်းချနေသည့် ငပိ၊ငခြောက်၊ပုဇွန်ခြောက်များဈေးကွက်

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း အောက်တိုဘာလ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ငပိ တစ်ဆယ် ကျပ်သားလျှင် ၂၀၀၀/ ကျပ်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ မြိတ်ဒေသထွက်ကုန် မျှင်ငပိဗူး ၂၅ ကျပ်သား တစ်ဗူးလျှင် ၅၀၀၀/ကျပ်၊ဈေးနှုန်းတို့ဖြင့် ဈေးကွက်အတွင်း ရောင်းချ လျှက်ရှိပါသည်။ ငပုတ် သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၅၀၀/၄၀၀၀ ကျပ်၊အာဗြဲခြောက် အချိုခြောက် တစ်ဆယ် ကျပ်သားလျှင် ၄၀၀၀/၆၀၀၀/၇၀၀၀ /၇၅၀၀ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ဈေးနှုန်းမြင့်တက် ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၈၀၀/၃၀၀၀ ကျပ်၊ SP ခြောက် (ငဖီးမ) ခြောက် တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန် ခြောက် တစ်ဆယ် ကျပ်သားလျှင် ၂၅၀၀/၂၈၀၀ ကျပ်၊ ငနီတူခြောက် တစ်ဆယ်ကျပ် သားလျှင် ၄၀၀၀/၄၅၀၀ ကျပ်၊ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀/၃၀၀၀ ကျပ်ဈေး တို့ဖြင့် ပုံမှန် ရောင်းချလျက် ရှိပါသည်။

     ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး ၈၀၀၀ ကျပ်မှစတင်၍  ၁၇၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသော ပုဇွန် ခြောက်မှာ ၁၁၀၀၀/၁၂၀၀၀/ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များ ဖြစ်ပါ သည်။ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ယခင်လနှင့်ယခုလနှိုင်းယှဉ်ပါက ဈေးနှုန်းများ အနည်းငယ်မြင့်တက် ရောင်းချလျက်ရှိကြောင်း ဈေးအတွင်းငပိ၊ငခြောက်၊ ပုဇွန်ခြောက် ရောင်းချသူ တစ်ဦးထံမှ သိရှိရပါ သည်။

DOCA(ပဲခူး)   

          လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ စက်တင်ဘာလတတိယပတ်မှ စက်တင်ဘာလ နောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၁၅၀၀/ ကျပ်၊ အလတ် တစ်ပိဿာ ၁၃၀၀ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၂၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၅၀၀/မှ ၂၀၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၃၀၀/ကျပ်၊ ကြက်သွန်နီ(အသေး) လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၂၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး အောက်တိုဘာလဒုတိယပတ်တွင်လည်း  ကြက်သွန်နီ ဈေးနှုန်းများဈေးငြိမ်နေ ကြောင်းသိရှိရပါသည်။

          အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် စက်တင်ဘာလ ဒုတိယ ပတ်တွင်   ၆၀၀၀/၇၀၀၀ကျပ် ဈေးရှိခဲ့ပြီး ယခု အောက်တိုဘာလ ဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၇၀၀၀/၈၀၀၀ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးနှုန်းမြင့် တက်သွား ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း