ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံ များထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြပါသည်။

ကုလားပဲဆံ

           ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၁၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၉၆၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၁၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

ကုလားပဲလုံး

             ရွှေဘိုမြို့ ဈေးကွက်အတွင်း စက်တင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင် နှင့်အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA  (စစ်ကိုင်း)

 

 

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသောဆီထွက်သီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

မိတ္ထီလာမြို့ ဆီထွက်သီးနှံဈေးကွက်တွင် ယခုအချိန်တွင်မိုးမြေပဲ၊ မိုးနှမ်းများအဝင်များပြီး နေကြာမှာဝင်ရောက်မှုမရှိသေးဘဲ ဈေးကွက်လက်ကျန်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

မြေပဲ

 မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် မြေပဲအတောင့်တစ်ပိဿာလျှင် (၄၀၀၀-၄၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်ပိဿာလျှင်(၇၅၀၀)ကျပ်၊မြေပဲဆီဆံတစ်ပိဿာလျှင် (၇၃၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသတွင်း မိုးမြေပဲစိုက်ပျိုးမှုနည်း၍ ဒေသတွင်းဆီကြိတ်စက်များသို့ရောင်းချကြကြောင်း သိရှိရပါ သည်။

နှမ်း

 မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀-၈၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၈၈၀၀၀-၉၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်  ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေပြီး ဒေသတွင်းဆီကြိတ်စက်များ အပြင် ရန်ကုန်သို့အိတ်(၃၅၀၀)ခန့်တင်ပိုရောင်းချနိုင်ကြောင်းသိရှိရပါသည်။

နေကြာ

မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် နေကြာစေ့တစ်ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်  ကာလတူနှိုင်းယှဉ်လျှင် နေကြာစေ့ တစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုအချိန်တွင် မိုးနေကြာ များရိတ်သိမ်းရမည့်ဖြစ်သဖြင့် အောက်တိုဘာလဆန်းပိုင်းတွင်းဈေးကွက်အတွင်းဝင် ရောက်လာ မည်ဖြစ်ကြောင်း၊နေကြာကိုဒေသတွင်းဆီကြိတ်စက်များသာရောင်းချကြကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

စက်တင်ဘာလ စတုတ္ထပတ်တွင်  ဂျင်းဈေးနှုန်း ကျဆင်း

       ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလ ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချ နေသော ဂျင်းဈေးနှုန်းများအနေဖြင့် ပထမပတ်တွင် ဂျင်း( ၁) ပိဿာလျှင် (၄၅၀၀)ကျပ် ဖြစ်ပေါ် ခဲ့ရာမှ ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ဂျင်း ( ၁)ပိဿာလျှင် ( ၄၀၀၀)ကျပ်၊ နနွင်းတက် ဈေးနှုန်းများအနေဖြင့် ( ၁ ) ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ယခင်အပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ချက် အနေဖြင့် ဂျင်းဈေးနှုန်း ပြန်လည်ကျဆင်းလာပြီး နနွင်းတက်ဈေးနှုန်းငြိမ်နေကြောင်း သိရသည်။

DOCA  (စစ်ကိုင်း)

 

စက်တင်ဘာလ စတုတ္ထပတ်တွင် ဝက်သားနှင့် အမဲသားဈေးနှုန်းများ မြင့်တက်

          ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ တတိယပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလ ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့်  ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရောင်းချ နေသော အသား/ငါး ဈေးနှုန်းများအနေဖြင့် ကြက်သား( ၁) ပိဿာလျှင် ( ၂၂၀၀၀)၊ ဝက်သား( ၁) ပိဿာ လျှင် (၃၄၀၀၀)ကျပ်၊ အမဲသား ( ၁)ပိဿာလျှင် ( ၃၁၀၀၀)ကျပ်၊ ငါးမြစ်ချင်း ( ၁ ) ပိဿာ လျှင် (၂၂၀၀၀)ကျပ်၊ ငါးဖယ်ခြစ် ( ၁၀)ကျပ်သားလျှင် ( ၄၀၀၀)ကျပ်၊ ဆိတ်သား အသားသန့် ( ၁) ပိဿာလျှင် ( ၃၅၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး ယခု စက်တင်ဘာလ စတုတ္ထပတ်တွင် ဝက်သား( ၁) ပိဿာ လျှင် (၃၆၀၀၀)ကျပ်၊ အမဲသား ( ၁)ပိဿာလျှင် ( ၃၄၀၀၀)ကျပ်ရောင်းချလျက်ရှိရာ ကျန်အသားငါးဈေးနှုန်းများမှာ ဈေးနှုန်းငြိမ်နေပြီး ဝက်သားနှင့် အမဲသားဈေးနှုန်းများ မြင့်တက် လာကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာဈေးကွက်အတွင်းဖြစ်ပေါ်နေသောပဲမျိုးစုံဈေးနှုန်းဈေးကွက်အခြေအနေ

     မိတ္ထီလာမြို့ ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသည့် ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ထောပတ်ပဲများကို မိတ္ထီလာမြို့နယ်တွင်းရှိ မြင်းတဲ၊ သဖန်းပင်ရိုး၊ မြေတိုင်ကုန်း၊ အလယ်ရွာ၊ ရေဝေစသည့် ကျေးရွာများနှင့်သာစည်၊ မလှိုင်မြို့နယ်များမှလည်း ဈေးကွက် အတွင်း ဝင်ရောက် လျက်ရှိကြောင်း၊ ဒေသတွင်းစားသုံးမှုအတွက် မန္တလေးမှ စားတော်ပဲ၊ ပဲနီလေး၊ ပဲလွမ်းပြာ၊ ပဲနီပြား စသည့်ပဲများလည်းဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။

ပဲတီစိမ်း

        မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၈၅၀၀၀-၉၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်း တည်ငြိမ် နေပြီးဈေးကွက်အနေဖြင့် မန္တလေးသို့ အိတ်(၅၀၀)ခန့်တင်ပို့နိုင်ကြောင်းသိရပါသည်။

ပဲစင်းငုံ

       မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းလျှင် (၇၅၂၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေပြီး ရာသီချိန် တွင်ရန်ကုန်၊မန္တလေးသို့တင်ပို့ရောင်းချကြပြီး ယခုအချိန်သည်ရာသီချိန်မဟုတ်၍ ဈေးကွက် လက်ကျန် အနည်းငယ်သာရှိ၍အ‌ရောင်း အဝယ်အေးနေကြောင်းသိရပါသည်။

ကုလားပဲ

       မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ကုလားပဲv2တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ 929တစ်တင်းလျှင်(၇၇၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် ကုလားပဲv2တစ်တင်းလျှင် (၃၀၀၀) ကျပ်၊ 929တစ်တင်းလျှင်(၃၀၀၀) ဈေးနှုန်း ကျဆင်းလာကြောင်း၊ ဒေသတွင်းပဲခွဲစက်များနှင့် တောင်သူများမှမျိုးဝယ်ယူသည့်အချိန်ဖြစ်၍ တစ်ရက်လျှင် အိတ်(၂၀-၃၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။

 ပဲကြား၊ပဲလွမ်းပြာ

     မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ပဲကြားနှင့်ပဲလွမ်းပြာဈေးနှုန်းမှာ တစ်ပြည်လျှင်(၆၀၀၀) ကျပ်တစ်တင်းလျှင်(၉၃၀၀၀)ကျပ်ဖြင့်ဈေးငြိမ်နေကြောင်း၊ ပဲကြားကို ဒေသတွင်း ပဲလှော်လုပ်ငန်းများ မှဝယ်ယူမှုများကြောင်းသိရပါသည်။

    ထောပတ်ပဲ

     မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ထောပတ်ပဲဈေးနှုန်းမှာ တစ်ပြည် လျှင်(၇၀၀၀) ကျပ်တစ်တင်းလျှင်(၁၁၀၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ဈေးငြိမ်နေကြောင်းသိရပါသည်။

ပဲနီလေး                                                   

          မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် ပဲနီလေးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်အေးနေကြောင်းသိရပါသည်။

စားတော်ပဲနှင့်ပဲနီပြား

     မိတ္ထီလာဈေးကွက်၌ စက်တင်ဘာလ စတုတ္ထပတ်တွင် စားတော်ပဲတစ်ပြည်လျှင် (၁၃၀၀၀)ကျပ်၊ ပဲနီပြားတစ်ပြည်လျှင်(၁၀၀၀၀)ကျပ်၊ တစ်တင်းလျှင်(၁၅၀၀၀၀)   ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်လနှင့်နှိုင်းယှဉ်လျှင် စားတော်ပဲတစ်ပြည်လျှင် (၂၀၀၀)ကျပ်၊ ပဲနီပြား တစ်ပြည် လျှင်(၁၀၀၀) ကျပ်၊ တစ်တင်းလျှင်(၁၀၀၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာကြောင်း ၊စားတော်ပဲကို စားသောက်ဆိုင်များနှင့် ပဲပြုတ်ရောင်းချသူများမှအများဆုံး ဝယ်ယူကြကြောင်းသိရ ပါသည်။

DOCA(မန္တလေး)

စက်တင်ဘာလ စတုတ္ထပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေး

              စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ပြည်ထောင်စုဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် စက်တင်ဘာလ တတိယပတ်တွင် ရောင်းချနေသော ခရမ်းချဉ်သီးနှင့် အာလူးဈေးနှုန်းများအနေဖြင့်  ခရမ်းချဉ် တိုင်ထောင်သီး / အင်းသီး (၂၅) ကျပ်သားလျှင် ( ၁၀၀၀) ကျပ်၊ ( ၅၀ ) ကျပ်သားလျှင် (၂၀၀၀) ကျပ်၊ ၁ပိဿာ လျှင်  (၃၇၀၀) ကျပ်ဖြင့်လည်းကောင်း၊ အာလူး အလုံးလှ ( ၂၅ ) ကျပ်သား လျှင် ( ၁၅၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် ( ၃၀၀၀)ကျပ်နှင့် ( ၁ ) ပိဿာလျှင် ( ၆၀၀၀) ကျပ်ဖြင့် ရောင်းချခဲ့ရာ ယခုစက်တင်ဘာလ စတုတ္ထပတ်တွင် အာလူးဈေးနှုန်း တည်ငြိမ်လျက်ရှိပြီး ခရမ်းချဉ်ဈေးနှုန်းမှာ ယခင် တတိယပတ်နှင့် နှိုင်းယှဉ်ကြည့်ပါက (၁ )ပိဿာလျှင် ( ၅၀၀)ကျပ်ခန့် ကျဆင်းသွားကြောင်း၊ အဝင်များနေ၍ ဈေးနှုန်းဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။  

DOCA(စစ်ကိုင်း)

 

စက်တင်ဘာလ စတုတ္ထပတ်အတွင်း ကုလားပဲ၊ ပဲနီလေးနှင့် မြေပဲလုံးဆံ ဖြူဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံစက်တင်ဘာလ စတုတ္ထပတ်အတွင်း ကုလားပဲ၊ ပဲနီလေးနှင့် မြေပဲလုံးဆံ ဖြူဈေးနှုန်းရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း စက်တင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ ( ၁ )ပိဿာလျှင် ( ၆၈၀၀)ကျပ်၊ ပဲနီလေး ( ၁ ) ပြည်လျှင် ( ၁၅၀၀၀)ကျပ်၊ မြေပဲလုံးဆံဖြူ ( ၁ ) ပိဿာလျှင် ( ၈၄၀၀)ကျပ် ဈေးနှုန်းရှိခဲ့သည်။ ယခု စက်တင်ဘာလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ပဲနီလေးနှင့် ကုလားပဲဈေးများ ဈေးနှုန်းတည်ငြိမ် နေပြီး မြေပဲဆံဈေးမှာ ( ၉၀၀၀)ကျပ်ဖြစ်ရာ ( ၆၀၀) ကျပ်ခန့်မြင့် တက်လာခဲ့ကြောင်း မုံရွာမြို့ရှိ ပဲမျိုးစုံကုန်စည်ဒိုင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးတွင် ဖြစ်ပေါ်နေသော ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညှင်းဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျစျေးတွင် စားဖိုဆောင်သီးနှံများ၊ အသားမျိုးစုံ၊ ရေထွက်ပစ္စည်းမျိုးစုံနှင့် သစ်သီးဝလံမျိုးစုံ စုံလင်စွာရောင်းချလျက်ရှိရာ ဂေါ်ဖီထုပ်နှင့် ထိုင်ဝမ်မုန်ညင်း များကိုလည်းရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ခြင်း၊ ဓာတ်ဆိုးဆန့်ကျင်ပစ္စည်းပါဝင်ခြင်း၊ ဗီတာမီဓာတ်အချို့နှင့် သတ္တုဓာတ်များ လည်းပါဝင်သဖြင့်  ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသောကြောင့် လူတိုင်းစားသုံးသင့်သော အစားအစာတစ်မျိုးဖြစ်သကဲ့သို့ မုန့်ညှင်းပင်များတွင်လည်း အင်တီအောက်ဆီးဒင့်ဓာတ်ပေါင်းများပါ ဝင်သဖြင့် ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ်သော အဖုအကျိတ်များကို တားဆီးနိုင်သည့် အကျိုးကျေးဇူး များပေးစွမ်းနိုင်သော အစားအစာတစ်မျိုးဖြစ်ပါသည်။  ၂၀၂၅ ခုနစ်၊ စက်တင်ဘာလ တတိယပတ်တွင် ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်ဈေးနှုန်းမှာ အထုပ်ကြီး (၁) ထုပ်လျှင် (၅၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ အထုပ်သေး (၁) ထုပ်လျှင် (၃၀၀၀-၄၀၀၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချလျက်ရှိပြီး၊ ထိုင်ဝမ်မုန်ညှင်း (၁) စည်းလျှင် (၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ (၃) စည်းလျှင် (၁၄၀၀) ကျပ်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း ဟင်းသီးဟင်းရွက်ရောင်းချ သူများထံမှသိ ရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိရောင်းချနေသောကြံဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ ယခုမိုးရာသီ တွင် ကြံများကို ပိုမိုစိုက်ပျိုးကြကြောင်းလည်း တွေ့ရှိရပါသည်။ ကြံများကို တနင်္သာရီမြို့၊ ပုလော နှင့် ကဘင်းရွာများတွင် အများဆုံးထွက်ရှိကြကြောင်းလည်း တွေ့ရှိရပါသည်။ ကြံများသည် ရာသီ မရွေးထွက်ပေါ်သော်လည်း အောက်တိုဘာလများတွင် ပိုမိုထွက်ရှိကြောင်းလည်း တွေ့ရှိရပါ သည်။

          ယခု၂၀၂၅ခုနှစ် စက်တင်ဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်း ချနေသောစျေးနှုန်းမှာ ထွက်ရှိမှုများသောရာသီတွင် ကြံဈေးနှုန်းမှာ (၁၀)ချောင်းတစ်စည်းလျှင် (၁၀၀၀၀)ကျပ်ရှိပြီး ထွက်ရှိမှုနည်းသောကာလတွင် (၁၀)ချောင်းတစ်စည်းလျှင် (၁၂၀၀၀)ကျပ်ရှိ ကြောင်း ကြံများရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဆန်ဈေးနှုန်းကျဆင်းမှုအခြေအနေ

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ပြည်သူများ စားသုံးရန် အတွက် ဒေသထွက်ဆန်များ မဖူလုံပါသဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့တို့မှ သယ်ယူ ၍ သက်သာသောဈေးနှုန်းထားဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ အသင်းဝင် ဆန်အရောင်းဆိုင်(၄၂)ဆိုင်မှ လစဥ်ရောင်းချပေးလျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတတိယပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဧည့်မထဆန်မှာ တစ်ပြည်လျှင် (၃၀၀၀)ကျပ် ဖြင့်ရောင်းချခဲ့ပြီး ယခုစက်တင်ဘာလစတုတ္ထပတ် တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဧည့်မထဆန်မှာ တစ်ပြည်လျှင် (၂၅၀၀)ကျပ်မှ (၂၈၀၀)ကျပ်အထိဈေးနှုန်းဖြင့် ရောင်းချပြီး ဈေးနှုန်းများကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း