ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ကင်းပုံသီးဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများဖြစ်သော ရောင်းချလျက်ရှိရာ ယခုအခါ ကင်းပုံပင်များကို  နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင် လည်း ကောင်း စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်းပုံသီးမှာအချိုမျိုးနှင့် အခါးမျိုး နှစ်မျိုးရှိပြီး၊ အချိုမျိုးသည် အသီးနှင့်အရွက်နှစ်မျိုးစလုံး စားသုံးနိုင်ကြောင်း၊ ကင်းပုံသီးများကို ကြော်စား၊ ချက်စား၊ နှပ်စား အမျိုးမျိုးပြုလုပ်၍ စားသုံးကြကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ထားဝယ်မြို့စည်ပင်သာယာဈေးနှင့် ကမ်းနားဈေးတို့တွင် ကင်းပုံသီးများကို ကျေးရွာများမှ ဝယ်ယူ၍ရောင်းချလျက်ရှိကြောင်း၊ ကင်းပုံသီး ဆယ်လုံးပါ(၁)ထုပ်လျှင် (၅၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့၏ ပန်းသီးစိမ်းစျေးနှုန်း/စျေးကွက်

   ကမ္ဘာပေါ်တွင် ပန်းသီးအမျိုးအစားများစွာရှိသည့်အနက် လူကြိုက်အများဆုံးပန်းသီးမှာ အနီ ရောင် အသီးဖြစ်သည်။ အစိမ်း‌ရောင်ပန်းသီးသည်လည်း လူကြိုက်နှစ်သက်မှုအတော်အသင့်ရှိသည်။ အစိမ်းရောင်ပန်းသီးသည် အနီရောင်ပန်းသီးထက် အနည်းငယ်အချိုပေါ့သဖြင့် လူကြီးသူမများ၊ ဆီးချို/ သွေးချိုရောဂါရှိသူများနှင့် ကလေးသူငယ်များလည်း စားသုံးရန်သင့်တော်သော သီးနှံတစ်မျိုးဖြစ်ပါ သည်။

          လက်ရှိ ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးများနှင့် ကမ်းနားစျေးရှိ အသီးအနှံအရောင်းဆိုင် များတွင် ပန်းသီးအစိမ်းတစ်လုံးလျှင် (၂၅၀၀) ကျပ်ခန့် စျေးရရှိနေကြောင်း သိရှိရပါသည်။

 

DOCA(တနင်္သာရီ)

ထားဝယ်ခရိုင်အတွင်းရှိ ကြောင်လျှာသီးဈေးနှုန်း/ဈေးကွက်

          ‌ကြောင်လျှာသီးပင်သည် သဘာဝအလေ့ကျပေါက်သော အပင်ဖြစ်၍ အပွင့်၊ အသီး၊ အခေါက် နှင့် ရွက်များကလည်း ဆေးဖက်ဝင်သောကြောင့် ဈေးကွက်ဝင်သောအပင်ဖြစ်သည်။ နှစ်စဉ်မိုးရေ ကောင်းစွာရရှိသော အပူပိုင်းဒေသရာသီဥတုကိုကြိုက်နှစ်သက်သည်။

          ယခုအခါ ထားဝယ်ခရိုင်အတွင်းရှိ ကျေးလက်တောရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထိုမှ တဆင့် ထားဝယ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် လာရောက်ရောင်း ချလျက်ရှိပြီး ကြောင်လျှာသီးတစ်တောင့်လျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ဘိလပ်မြေနှင့် ဓါတ်မြေသြဇာ စျေးနှုန်းအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအ‌ရောင်းဆိုင်ကြီးများတွင် ရောင်းချလျက်ရှိသော ဘိလပ်မြေစျေးနှုန်းများမှာ ကြံ့နှစ်ကောင်အမှတ်တံဆိပ် ဘိလပ်မြေတစ်အိတ် လျှင် (၂၄၅၀၀)ကျပ်ရှိပြီး စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်ကြီးများမှရောင်းချလျက်ရှိသော ဓါတ်မြေ သြဇာစျေးနှုန်းများမှာ မြင်းပျံ၊ အာမို၊ သြဘာ အမှတ်တံဆိပ် ယူရီးယား ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၀၉၆၀၀) ကျပ်၊ သံကွင်း အမှတ်တံဆိပ် တီစူပါ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၅၂၅၀၀)ကျပ်၊ တိုတာ၊ ဂျာမနီ အမှတ်တံဆိပ် ပိုတက်ရှ်  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် (၁၄၄၉၀၀)ကျပ်၊ အာမို အမှတ်တံဆိပ် ၁၅ ပတ်လည် ၅၀ ကီလိုဂရမ် တစ်အိတ်လျှင်(၁၆၃၀၀၀)ကျပ် ခန့်အသီးသီးရှိပြီး စျေးနှုန်းများတည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အခြေခံစားကုန်စျေးနှုန်း အခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယအပတ်အတွင်း အခြေခံ စားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ယခင်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၈၂၀၀) ကျပ်မှ (၈၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၆၀၀)ကျပ် အထိရှိပြီး ထားဝယ်မြို့ စျေးကွက်အတွင်း ရန်ကုန်ပွဲရုံများမှ ကြက်သွန်နီအသစ်များ ဝင်ရောက်လျက်ရှိကာ ကြက် သွန်နီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်မှ (၃၀၀၀)ကျပ်သို့ကျဆင်းလျက်ရှိပြီး   အခြားသောအခြေခံစား ကုန်စျေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(တနင်္သာရီ)

 

 

ထားဝယ်မြို့ရှိ ပဲတောင့်ရှည်စျေးနှုန်း/စျေးကွက်

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး ကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ကမ်းနားပျံကျစျေးများတွင် ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။

ယခုအခါ ထားဝယ်မြို့ရှိ မတ်လဒုတိယအပတ်တွင် ပဲတောင့်ရှည်သီး စျေးနှုန်းများမှာ ပဲတောင့် ရှည်သီး အစီးငယ်တစ်စီးလျှင် ၅၀၀ ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စီးလျှင် (၂၀၀၀) ကျပ်ရှိ ကြောင်း ရောင်းချသူတွေများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးမှ မတ်လအတွင်းရော်ဘာဈေးနှုန်းအခြေအနေ

          တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာကို အဓိကစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိကြသည်။ ပြည်တွင်းတွင် ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

          တနင်္သာရီတိုင်းဒေသကြီးမှ ယခုပတ်အတွင်း ရော်ဘာဈေးနှုန်းအခြေအနေမှာ RSS-3 တစ်ပေါင် လျှင်(၃၀၅ဝိ/-)ကျပ်နှင့် RSS-5 တစ်ပေါင်လျှင်(၂၉၅ဝိ/-)ကျပ်ဈေးနှုန်းရှိကြောင်းသိရှိရပါသည်။ သို့ပါ၍ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပြီး ထားဝယ်တွင် ရော်ဘာဈေးနှုန်းအနေဖြင့် တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်း သိရှိရပါ သည်။ 

DOCA(တနင်္သာရီ)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဘိလပ်စေ့သီးနှံ ဈေးနှုန်းကျဆင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံ များအပြင် ဘိလပ်စေ့သီးနှံများလည်း စိုက်ပျိုးကြောင်း၊ ဘိလပ်စေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြကြောင်း၊ ဘိလပ်စေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေး ရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ဘိလပ်စေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရသည်။

              ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ဈေးနှုန်းမှာ ဘိလပ်စေ့တစ်တင်းလျှင် (၇၇၀၀၀) ကျပ်၊ ဘိလပ်စေ့ညံ့လျှင်(၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ဘိလပ်စေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်၌ ဖြစ်ပေါ်နေသော ကွမ်းသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစုအပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ် လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၂၇၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကွမ်းသီးစိတ်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း  ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ်ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ပဲတီစိမ်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ကိုအဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း လေ့လာသိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ မတ်လတတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၇၇၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့နယ်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း