
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင်ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံစားကုန်ဈေးနှုန်းများကိုလည်းအပတ်စဉ်တင်ပြလျက်ရှိကြောင်း၂၀၂၅ခုနှစ်၊နိုဝင်ဘာလပထမပတ်တွင်ညောင်ဦးမြို့၊မဏိစည်သူဈေးရှိ စားသုံးလက်လီလက်ကား အရောင်းဆိုင်များ၌ ရောင်းချနေသော စားအုန်းဆီလက်လီတစ်ပိဿာလျှင် (၇၄၉၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၇၂၄၅) ကျပ် သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချလျက်ရှိကြောင်း၊မြေပဲဆီတစ်ပိဿာလျှင်(၁၄၅၀၀)ကျပ်၊နှမ်းဆီ(ဆုံဆီ)တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်လထက် ယခုနိုဝင်ဘာလပထမပတ်တွင်စားအုန်းဆီဈေးနှင့်မြေပဲဆီ၊ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိပြီး၊ နှမ်းဆီ(ဆုံဆီ) ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း စားသုံးဆီလက်လီ၊ လက်ကားအရောင်းဆိုင်များမှ သတင်းရရှိသည်။
DOCA (မန္တလေး)
