
လျှော်ဖြူပင်ဆိုသည်မှာ မြန်မာနိုင်ငံတွင် ရိုးရာဆေးအဖြစ်စိုက်ပျိုးထားရှိ၍ ၎င်းအပင်မှ လျှော်ဖြူစေး(ခေါ်)ဆေးကုလားမများထွက်ရှိကြောင်းသိရှိရသည်။ အပင်ကြီးအမျိုးအစား ဖြစ်၍ နှစ်ပေါင်း (၈၀)ကျော်အသက်ရှင်နိုင်ပြီး အမြင့်(၆၀)ပေခန့်မြင့်ကြောင်း၊ လျှော်ဖြူပင်မှ ထုတ်ယူသော လျှော်ဖြူအစေး(ဆေးကုလားမ)သည် ရေကိုစုပ်ယူ၍ ပွစေနိုင်ပြီးရေးနှင့်စိမ်ထားပါကနူးညံ၍ ကော်ကပ်နိုင်စွမ်းရှိသည်။ လျှော်ဖြူပင်သည် ဆေးဝါး ထုတ်လုပ်မှု၊ အလှကုန်နှင့် အစားအသောက် ထုတ်လုပ်ရေးများတွင်အသုံးပြုကြောင်း၊ ဆေးကုလားမကို တိုင်းရင်းဆေးများ တွင်လည်း အသုံးပြုကြောင်း၊ လျှော်ဖြူစေးသည် ဗီတာမင်နှင့် သတ္တုဓာတ်ကြွယ်ဝသော အာဟာရဓာတ် အရင်းအမြစ်တစ်ခုမဟုတ်ကြောင်း၊ ဆေးဘက်ဝင်သော ဆေးကုလားမ (၂)ကျပ်သားခန့်ကို(၈-၉)နာရီရေစိမ်ပြီး ၎င်းနောက် ရေစစ်ပြီး ဆေးကုလားမပေါ်သို့ ကျောက်ဖရုံယို (၂)ကျပ် သားပါးပါးလှီးပြီးဖြူး၍ တစ်ညသိပ်ထားကြောင်း၊ နောက်တစ်နေ့ နံနက်စောစော အိပ်ယာ ထထချင်း အစာမစားခင် အကုန်စားလိုက်ပါ။ စားနိုင်သလောက်စားပါက အဆုတ်သန့်၍ အားကောင်းစေကြောင်း၊ အဆုတ်ရေဝင်ခြင်းနှင့် ရင်ကြပ်ချွဲကပ်ခြင်းတို့ကို သက်သာပျောက်ကင်းကြောင်း စာပေများမှ လေ့လာသိရှိရသည်။
DOCA (မန္တလေး)
