ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ယခုနှစ်ဝဥရာသီတွင် ဝဥများ ဈေးကောင်းရရှိ

 

          ယခုနှစ် ဝဥရာသီတွင် မွန်ပြည်နယ်၌ ဝဥများဈေးကောင်းရလျက်ရှိကြောင်း သိရှိရသည်။ မွန်ပြည်နယ်၌ ဝဥစက်ရုံများမှာ စက်တင်ဘာလဆန်းကတည်းက စတင်လည်ပတ်လျက်ရှိရာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှ ဝဥများမှာ ဝဥစက်ရုံများသို့ ဝင်ရောက် လျက်ရှိသည်။ ယခုနှစ် ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက် တစ်ပိဿာလျှင် (၄၀၀၀) ကျပ်ဖြစ်ပြီး ယခင်နှစ်က ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြစ်ရာ ယခုနှစ်တွင် ဈေးနှုန်းအနည်းငယ်ပိုမိုရရှိကြောင်း သိရှိရပါသည်။

          အဆိုပါဝဥအစိုများကို ဝဥစက်ရုံများတွင် အဆင့်ဆင့်သန့်စင်၊ အခွံချွတ်၊ အခြောက်ခံကာ ရရှိလာသော ဝဥအခြောက်များကို အချို့စက်ရုံများမှာ ရန်ကုန်၊ မန္တလေး မြို့များသို့လည်းကောင်း၊ အချို့စက်ရုံများမှာ ပြည်ပသို့တိုက်ရိုက်လည်းကောင်း တင်ပို့ ကြကြောင်း သိရှိရသည်။ ပြည်တွင်း၌ ရောင်းချသည့် ဝဥအခြောက်ဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၃၂၅၀၀) ကျပ်ရရှိပြီး ပြည်ပသို့ တင်ပို့သော ဝဥခြောက်များမှာ တစ်တန်လျှင် FOB ဈေး ဒေါ်လာ (၁၂၀၀) ရရှိပြီး ယခင်နှစ်က ဝဥခြောက်တစ်တန်လျှင် ဒေါ်လာ (၉၀၀) ရရှိရာ ယခုနှစ်တွင် ဈေးနှုန်းပိုမိုရရှိကြောင်း မော်လမြိုင်မြို့၊ ကျောက်တန်းစက်ရုံစုရှိ ရွှေဝါမြေ ဝဥစက်ရုံမှ သိရှိရပါသည်။

DOCA (မွန်)

ရွှေဘိုဈေးကွက်တွင် ရောင်းချနေသော ပဲလွန်းပြာနှင့် ပဲလွန်းဖြူဈေးနှုန်း

        ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲလွန်းပြာဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၈၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းပြာ(၁)ပြည်လျှင် (၅၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း တူညီကြောင်း၊ ဈေးကွက်အနေဖြင့်ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲလွန်းဖြူ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲလွန်းဖြူ ()ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲလွန်းဖြူ ()ပြည်လျှင်(၁၀၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့်ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကောက်ညှင်းပေါင်း ရောင်းချသူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပဲလွန်းဖြူအဟောင်း()ပြည်လျှင်(၆၈၀ဝိ/-)ကျပ်နှင့် အရောင်းအဝယ်ပိတ်သွားပြီး အသစ်ပေါ်ချိန်တွင် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် ပဲပုတ်စေ့အနည်းငယ်တက်ပြီး မတ်ပဲခြမ်းဈေးအနည်းငယ်ကျ

            ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲပုတ်စေ့ဈေးနှုန်းမှာ ()ပြည်လျှင်(၉၂၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၄၇၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲပုတ်စေ့(၁)ပြည်လျှင် (၉၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်ထက် ပဲပုတ်စေ့()ပြည်လျှင် (၂၀ဝိ/-) ကျပ်ဈေးပိုခဲ့ကြောင်း၊ ပဲပုတ်စေ့မှာ အစေ့အကြီးနှင့် အသေးဟူ၍နှစ်မျိုးရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပဲပုတ်စေ့အကြီးကို ပဲနို့ပြုလုပ်သည့်သူများမှဝယ်ယူပြီး ပဲပုတ်စေ့အသေးကို ပဲငါးပိပြုလုပ်သူများ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ ()ပြည်လျှင်(၆၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၀၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၆၇၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင်ယခင်အပတ်အောက် မတ်ပဲခြမ်း()ပြည်လျှင် (၂၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင်များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုဈေးကွက်တွင် ပဲကြားဈေးအနည်းငယ်တက်ပြီး  ပဲနီလေးဈေးငြိမ်နေ

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊  စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲကြားဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၇၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲကြား(၁)ပြည် လျှင်(၁၁၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်၊ ပဲရေဖွရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြ ကြောင်းပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

      ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲနီလေးဈေးနှုန်းမှာ()ပြည်လျှင် (၁၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၂၅၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲနီလေး (၁)ပြည် လျှင်(၁၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ပေါ်ဦးပေါ်ဖျား နွေပဲသီးနှင့် ရုံးပတေသီးဈေးနှုန်း

          ရွှေဘိုမြို့ရှိ ဈေးများတွင် ရာသီပေါ်အသီးအနှံများ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ပေါ်ဦးပေါ်ဖျား နွေပဲသီးများကို ရောင်းချလျက်ရှိပါသည်။ နွေပဲသီးမှာ ဆောင်းရာသီအချိန်မှသာ စားရသည့် အစားအစာဖြစ်သည့်အတွက် ပဲပင်များကို စင်ထိုး၍လည်းကောင်း၊ အပင်များတွင်နွယ်၍လည်းကောင်း စိုက်ပျိုးကြပါသည်။ နွေပဲသီးကို အသား/ ငါးဖြင့်သော်လည်းကောင်း၊ သက်သက်လွတ်ဟင်းအဖြစ်သော်လည်းကောင်း ချက်စားကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္တပတ်)တွင် ဖြစ်ပေါ်နေသော နွေပဲသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင် (၃၀၀ဝိ/-)ကျပ်၊ (၁)ပိဿာ ဝယ်ယူလျှင် (၁၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ရုံးပတေသီး ဈေးနှုန်း (၂၅) ကျပ်သားလျှင် (၁၅၀ဝိ/-)ကျပ်၊ (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေးငြိမ်နေ

        ရွှေဘိုမြို့ ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၄၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၄၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ကုလားပဲဆံ၊ ပဲတီဆံနှင့် မြေပဲဆံဈေး

            ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်း မှာ()ပြည်လျှင်(၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင် (၈၂၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခုအပတ်တွင်ယခင်အပတ်အောက် ကုလားပဲဆံ ()ပြည်လျှင် (၂၀ဝိ/-)ကျပ်ဈေးလျော့နည်းခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

        ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် ပဲတီဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၂၀ဝိ/-)ကျပ်နှင့်တစ်တင်းလျှင်(၁၃၁၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ် တို့၏အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ(၁)ပြည်လျှင်(၉၂၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ (၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆီကြိတ်ခွဲမည့်သူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံရောင်းချသည့်ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏ရာသီပေါ်ထောပတ်ပဲအစိုများဈေးနှုန်းများကျဆင်းလာခြင်း

                       မြင်းခြံမြို့၊ အေးမြသီတာဈေး၌ ရာသီပေါ်ဟင်းသီးဟင်းရွက်နှင့် အသီးအနှံမျိုးစုံရောင်း ဝယ်လျက်ရှိရာ ထောပတ်ပဲအစို များကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရသည်။ ထောပတ်ပဲကို ပင်ထောင်၊ပင်ပြန့်ဟူ၍ နှစ်မျိုးရှိပြီး ပင်ထောင်ပဲသည် အစေ့ကြီးပြီး ပင်ပြန့်ပဲသည် အစေ့သေးကြောင်း သိရှိရသည်။ မြင်းခြံမြို့နယ်တွင် ပင်ပြန့်ပဲများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း သိရှိရသည်။  

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ထောပတ်ပဲအကြီး၊ နို့ဆီတစ်ဗူးလျှင် (၁၀၀၀) ကျပ်၊ ထောပတ်ပဲအသေး နို့ဆီတစ်ဗူးလျှင်(၉၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ယခုလတွင် ထောပတ်ပဲကြီး၊ အသေးနို့ဆီတစ်ဗူး လျှင်(၂၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ဈေးကွက်၌ ထောပတ်ပဲများလှိုင်လှိုင်ထွက်ပေါ်လာပြီဖြစ်သောကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ ပုပ္ပါးမြို့ တို့မှလည်းမှာယူရောင်းချကြောင်း၊ ပဲအစိုများသည် စားသုံးမှုများပြီး အရောင်းအဝယ်ကောင်း ကြောင်း ကုန်စိမ်း ရောင်းချသူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မုံရွာမြို့တွင် ရောင်းချနေသော မာလကာသီး ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မန်ကျည်းပင်ဈေးအတွင်းတွင် ရာသီစာအသီးအနှံ သီးနှံများ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ရာသီစာသီးနှံများအနက် မာလကာသီးသည် အသီးတင်သာမက အရွက်ရောအခေါက်ပါ ဆေးဖက်ဝင်သော အပင်ဖြစ်သည်။ မာလကာသီး မိမိတို့၏ နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်အတွင်း မုံရွာမြို့ မန်ကျည်းပင်ဈေးရှိ  သစ်သီးဆိုင်များတွင် မာလကာသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ အသေး (၁)လုံးလျှင် (၅၀၀)ကျပ်၊  တို့ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြင်းခြံမြို့၏စားဖိုဆောင်ခရမ်းသီးဈေးနှုန်းများကျဆင်းလာခြင်း

                          မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးနှင့် စံပြဈေးများ၌ သီးနှံမျိုးစုံလက်လီလက်ကားရောင်းချ လျက်ရှိရာ ခရမ်းသီးများကိုလည်း ကျေးရွာများ၌စိုက်ပျိုးထားရှိသလို ဈေးကွက်လိုအပ်ချက်အရ ပုပ္ပါးမြို့နှင့် ပခုက္ကူမြို့တို့မှလည်း မှာယူရောင်းချရကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ ခရမ်းသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခင် ဒီဇင်ဘာဒုတိယပတ်၌ ခရမ်းသီးတစ်ပိဿာလျှင် (၃၈၀၀) ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချခဲ့ကြောင်း၊ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင်ခရမ်းသီး တစ်ပိဿာလျှင် (၈၀၀) ကျပ်ခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ ‌ဒေသတွင်း စိုက်ပျိုးထားရှိသော ခရမ်းသီးများ ထွက်ပေါ်လာပြီဖြစ်သောသောကြောင့် ဈေးနှုန်းများကျဆင်းခြင်းဖြစ်ကြောင်း၊ စားသုံမှုများပြား၍အရောင်းအဝယ်ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ (၃၀-၄၀)ခန့် ရောင်းချရသလိုတဆင့်ပြန်လည် ရောင်းချသူများကိုလည်း ဖောက်သည်ပေးရကြောင်း၊ ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း