ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဝက်အူချောင်းဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးနှင့် ညနေဈေးတို့တွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို မိမိကိုယ်တိုင်သော်လည်ကောင်း၊ အခြားမြို့များမှယူ၍လည်ကောင်း ရောင်းချလျက်ရှိကြောင်း သိရပါသည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာ စေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အသုံးပြုကြပါသည်။

   ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတတိယပတ်အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁) ပိဿာလျှင်(၄၀၀၀၀) ကျပ် ၊(၅၀) ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ မုန့်ဖက်ဈေးနှုန်း

    ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် မိသားစုစားဝတ်နေရေးအတွက် (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက်လုပ်ငန်းများကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်ကြပါသည်။ ထို(မုန့်တီ၊ မုန့်ဟင်း ခါး)မုန့်ဖက်များကို ထားဝယ်မြို့ပေါ်နှင့် ကျေးရွာများမှ ဝယ်ယူစားသုံးကြကြောင်း၊ မုန့်တီ၊ မုန့်ဟင်းခါး ရောင်းချသူများ၊  အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ရောင်းချ လျက်ရှိသော (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ဈေးနှုန်းများမှာ (မုန့်တီ၊ မုန့်ဟင်းခါး) မုန့်ဖက် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း (မုန့်တီ၊ မုန့်ဟင်းခါး)မုန့်ဖက်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ပဲတောင့်ရှည်ဈေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ထားဝယ်မြို့ပေါ်ရှိရပ် ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင် သီးနှံဖြစ်သည့် ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ဘူးသီး၊ ရုံးပတီသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတောင့်ရှည်ကို ကျေးရွာများတွင် ပိုမိုစိုက်ပျိုးကြ ကြောင်း သိရှိရ ပါသည်။ ပဲတောင့်ရှည်ကို စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချကြကြောင်း အသီးအနှံစိုက်ပျိုးနေသူတစ်ဦးထံမှ သိရှိရပါသည်။

          ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလတတိယပတ်တွင် ဖြစ်ပေါ်နေသော ပဲတောင့်ရှည်ဈေးနှုန်းမှာ အစီးငယ်တစ်စီးလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့ ဌက်ပျောသီး ဈေးနှုန်း/ဈေးကွက်

  ထားဝယ်မြို့ရှိ ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလျက်ရှိရာ ယခုလရာသီတွင် ဌက်ပျောသီးစျေးကောင်းရရှိ၍ မိသားစု အပို ဝင်ငွေရရှိကြောင်းသိရှိရပါသည်။ ဌက်ပျောတွင်  သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေဌက်ပျောတို့ သည် လူကြိုက်များသည့် အတွက် ရောင်းအားအလွန်ကောင်းသောကြောင့် ယခုလက်ရှိ သီးမွှေးတစ်ဖီးလျှင်(၁၂၀၀၀)ကျပ်ခန့်၊ ဖီးကြမ်းတစ်ဖီးလျှင်(၅၀၀၀)ကျပ်ခန့်၊ ရခိုင်တစ်ဖီးလျှင်(၃၀၀၀)ကျပ်ခန့် နှင့်  ရွှေဌက်ပျောတစ်ဖီးလျှင် (၁၅၀၀၀ )ကျပ်ခန့်တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ ပိန်းဥဈေးနှုန်း

   ပိန်းပင်၏ အမြစ်ဖြစ်သော ပိန်းဥသည် ဆိမ့်သောအရသာရှိကာ ကစီဓါတ်ကော်ရည် ပြည့်ဝသော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ပိန်းဥတွင် ပိန်းရိုင်းနှင့်ပိန်းယဉ်ဟူ၍ (၂)မျိုးရှိပြီး ပိန်းရိုင်းပင်သည် ယားယံတက်ပြီး လမ်းနဘေးများတွင် အလေ့ကျပေါက်ရောက်နေသာ ပိန်းပင် ဖြစ်သည်။ ပိန်းယဉ်များမှာမူ စနစ်တကျမြေပေါင်များ ပြလုပ်၍ သေချာစိုက်ပျိုးကြသည်။ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင်  စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ မိမိပိုင်အိမ်ခြံဝင်းများနှင့် ယာကွက်များတွင်  ပိန်းဥကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုကာလသည် ပိန်းဥများထွက်ရှိရာကာလမဟုတ်သဖြင့် စျေးကောင်းရလျက်ရှိ ကြောင်းသိရှိပါသည်။

       ၂၀၂ ခုနှစ်၊ ဇန်နဝါရီတတိယပတ်တွင် ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ကမ်းနားဈေး တို့တွင်   ရောင်းချနေသော  ပိန်းဥဈေးနှုန်းမှာ လက္ကားဈေး (၁)ပိဿာလျှင် (၃၀၀၀) ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၃၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ကြောင်း  သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရှမ်းစုကျေးရွာတွင် မြေအောက်ရေတင်စနစ်ဖြင့် တိုင်ထောင်သခွားသီး စိုက်ပျိုး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူ ကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင်အနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်အတွက် တိုင်ထောင်သခွားပင်ကို စိုက်ပျိုးကြပြီး စိုက်ပျိုးချိန်မှစ၍ (၄၅)ရက်နေလျှင် အသီးများ စတင်ခူးဆွတ်ရ ပါသည်။

          တိုင်ထောင်သခွားပင်ကို မြေကျင်းဖွဲ့ စိုက်ပျိုးရပြီး တရက်ခြား အလုံး(၃၀၀)ခန့် ခူးဆွတ်ရကြောင်း၊ တစ်လုံးလျှင်(၈၀၀)ကျပ်နှုန်း ()လုံးလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချရပါသည်။ တိုင်ထောင်သခွားပင်ကို တစ်ကျင်းလျှင်()ပင်ခန့် စိုက်ပျိုးပြီး အပင်ရေ (၃၀၀)ခန့် စိုက်ပျိုးထားပါသည်။ တိုင်ထောင်သခွားပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုး ကာ တိုင်ထောင်သခွားပင်၏ စတင်စိုက်ပျိုးရန် မျိုးစေ့ဖိုး၊ မြေပြုပြင်ခ၊ တိုင်ထောင်ခ၊ ဓါတ်မြေဩဇာ နှင် ရေသွင်းခြင်း စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၄၅၀၀၀)ခန့် ကုန်ကျပြီး  တစ်ခါစိုက်ပျိုးလျှင် ()လကြာအောင် ခူးဆွတ် ရောင်းချရပြီး ထက်ဝက်အက အကျိုးအမြတ်ရရှိကြောင်းသိရသည်။

            ထို့ကြောင့် တိုင်ထောင်သခွားပင်ကို ဆောင်ရာသီတွင်အများဆုံး စိုက်ပျိုးနိုင်ပြီး တစ်ရက်ခြား ခူးဆွတ် ရောင်းချရသော သီးနှံပင်ဖြစ်၍ စိုက်ပျိုးသင့်သော သီးနှံပင်ဖြစ်ကြောင်းနှင့် တိုင်ထောင်သခွားပင် ကို ရိုးရိုးဗမာသခွားသီးမပေါ်ခင်စပ်ကြားတွင် စိုက်ပျိးကြတာမျာပြီး လူကြိုက်နည်းပါသည်။  ဗမာသခွား ကိုသာ လူကြိုက်များကြပါသည်။ တိုင်ထောင်သခွားပင်ကို ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ ဖောက်သည်များထံနှင့်မိမိကိုယ်တိုင် ဈေးတွင်ထိုင်ရောင်းချကာ  အရောင်းအဝယ်ဖြစ်ပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျှက်ရှိကြောင်း နှင့် အကျိုးအမြတ်များသည့်အတွက် စိုက်ပျိုးသင့်ကြောင်း  ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာအတွင်းရှိ  တိုင်ထောင်သခွားစိုက်တောင်သူ ထံမှ သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

 

 

ထားဝယ်မြို့စျေးကွက်အတွင်း ကြက်သွန်ဖြူစျေးနှုန်းများတက်လာ

       စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူကို ဟင်းလျာများတွင် အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့ မှသယ်ယူ ရောင်းချလျက်ရှိပါသည်။ လက်ရှိစျေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူ‌ စျေးနှုန်းမှာ ယခု ဇန်နဝါရီလ တတိယပတ်အတွင်း ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိသာလျှင် (၁၀၀၀)မှ (၁၀၀၀) ကျပ် သို့လည်းကောင်း၊ (ကြူဂုတ်) တစ်ပိသာလျှင် (၁၄၀၀၀)ကျပ်မှ (၁၀၀၀) ကျပ်သို့ စျေးနှုန်းတက်လာ ကြောင်းသိရှိရပါသည်။

           ဇန်နဝါရီ ဒုတိယပတ်နှင့် ယခုဇန်နဝါရီလတတိယပတ်အတွင်း စျေးနှုန်းများကို နှိုင်းယှဉ် ကြည့်လျှင် ကြက်သွန်ဖြူ တစ်ပိသာလျှင် (၀၀၀) ကျပ်သို့ အနည်းငယ်တက်လာကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေး အတွင်းရှိစားဖိုဆောင်သုံးပစ္စည်းများရောင်းချနေသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ငပိ၊ ငါးခြောက်စျေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများဖြစ်သော ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သဖြင့် ငပိ၊ ငါးခြောက်များလည်း ထွက်ရှိရာဒေသဖြစ်ပါသည်။ မျှင်ငပိ ကို ပြုလုပ်ရာ၌ ငါးငယ်များကို ဖယ်ယူသန့်စင်ရပြီး တစ်နေ့လုံးနေရောင်ခြည်ရရှိနိုင်သည့်အထိ ကွင်း ပြင်များတွင်လှန်းပြီးနောက် မျှင်ခြောက်များအားဒေသရိုးရာလက်ထောင်းဆုံပြီး ပြုလုပ်လျက်ရှိသည်။

          ထားဝယ်မြို့တွင် စျေးကွက်တွင်ရောင်းချလျက်ရှိသော စျေးနှုူန်းများမှ ငါးနီတူ တစ်ပိဿာ (၂၅၀၀၀)ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ(၈၀၀၀၀)ကျပ်၊ ငါးဒေါင်းချင်း တစ်ပိဿာ (၂၀၀၀၀)ကျပ်၊ မျှင်ငပိတစ်ပိဿာလျှင် ရိုးရိုးတစ်ပိဿာ (၇၀၀၀)ကျပ်၊ ရှယ်တစ်ပိဿာ (၉၀၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း ရေထွက် ကုန်အရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရော်ဘာစျေးနှုန်း

   တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံ‌ရော်ဘာတွင် Rss-1၊ Rss-2၊ Rss-3၊ Rss-4၊ Rss-5 ဟူ၍ အဆင့် သတ်မှတ်ချက် (၅)မျိုးရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် Rss-3၊ Rss-5 (၂) မျိုးရှိပြီး Rss-3 သာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ယခုနှစ်သည် ရော်ဘာစျေးကောင်းပိုရလျက်ရှိပြီး ယခုအပတ်တွင် ရော်ဘာစျေးနှုန်းမှာ Rss-3 တစ်ပေါင်လျှင် (၂၆၂၀ိ/-)ကျပ်နှင့် Rss-5 တစ်ပေါင်လျှင် (၂၅၂၀ိ/-)ကျပ် ခန့် စျေးနှုန်းရှိပြီး ယခင်နှစ် အလားတူကာလတွင် Rss-3 တစ်ပေါင်လျှင် (၂၉၀၀ိ/-)ကျပ်နှင့် Rss-5 တစ်ပေါင်လျှင် (၂၈၀၀ိ/-)ကျပ် ပေါက်စျေးရှိကြောင်း စုံစမ်းသိရှိရပါသည်။

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် ရော်ဘာစျေးနှုန်းအနေဖြင့် တောင်သူများတွက်ခြေ ကိုက်လျက်ရှိသောကြောင့် ရော်ဘာအစေးခြစ်လုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး ရော်ဘာစျေးနှုူန်း အခြေအနေမှာ စျေးနှုန်းမြင့်တက်လျက်ရှိ၍ အရောင်းအဝယ်မှာပုံမှန်ရှိပြီး ‌ရော်ဘာကို ထားဝယ်မှ မုဒုံ သို့လည်းကောင်း၊ ထားဝယ်မှ ရန်ကုန်သို့လည်းကောင်း တင်ပို့လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါကစျေးနှုန်းမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

 

 

 

နေ့စဉ်ပုံမှန်ဝင်ငွေရရှိသည့် ကောက်ရိုးမှိုဈေးကွက် စဉ်ဆက်မပြတ်ကောင်းမွန်နေ

           နေ့စဉ်ပုံမှန် ဝင်ငွေရရှိသည့် ကောက်ရိုးမှိုဈေးကွက် စဉ်ဆက်မပြတ် ကောင်းမွန်နေကြောင်း မှိုဈေးကွက် ကျွမ်းကျင်သူများထံမှ သိရပါသည်။ ယခုကာလတွင် အခြားသီးနှံများ ဈေးကွက်အားနည်းချက် အနည်းနှင့် အများဆိုသလို ရင်ဆိုင်ကြုံတွေ့နေရသော်လည်း ကောက်ရိုးမှို ဈေးနှုန်းများမှာ မြင့်တက်နေပြီး မှိုဈေးကွက် အတက်ဘက်သို့ ဦးတည်နေကြောင်း သိရသည်။ မှိုသည် နေ့စဉ် ဝင်ငွေရတဲ့အတွက် နေ့စဉ်ဝင်ငွေကို တွက်ချက်လို့ရတဲ့သီးနှံလည်းဖြစ်ပါသည်။ ကောက်ရိုးမှို စိုက်ပျိုး ထုတ်လုပ်ရာတွင် (၃) ပေ မှ (၁၀)ပေ အရွယ်အစားရှိ ကောက်ရိုးမှိုဘောင်တစ်ဘောင်လျှင် ပျမ်းမျှစိုက်ပျိုးစရိတ် (၇၀၀၀)ကျပ်မှ (၁၀၀၀၀)ကျပ် ဝန်းကျင် ကုန်ကျနိုင်ကြောင်း သိရသည်။ ဘောင်တစ်ဘောင်ကို ခန့်မှန်းခြေအားဖြင့် ကောက်ရိုးမှို သုံးပိဿာကနေ ငါးပိဿာအတွင်း အထွက်နှုန်းရရှိပါတယ်။မှိုမျိုးထုပ်ကတော့ ဒေသမျိုးက တစ်ထုပ်ကို လေးရာ/ ငါးရာကျပ်၊ ထိုင်းမျိုးကတော့ တစ်ထုပ်ကို ထောင့်နှစ်ရာကျပ်ရှိပါတယ်။ ဒေသမျိုးနဲ့စိုက်မည်ဆိုလျှင် မှိုဘောင်တစ်ဘောင်ကို မျိုးထုပ်လေးထုပ်/ ငါးထုပ်လောက် ထည့်ရပါတယ်။ ထိုင်းမျိုးဆိုရင်တော့ မှိုဘောင်တစ်ဘောင်ကို မျိုးထုပ်နှစ်ထုပ်ထည့်ရပါသည်။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မဈေးတွင် ရောင်းချနေသော မှိုဈေးနှုန်းများသည် မှို (၁၀)သားကို (၂၀၀၀)ကျပ်၊ မှို (၃၀)သားကို (၅၀၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း