ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လိပ်ကျောက်စမတ်(ခေါ်)စမတ်ခြောက်(ငါးဝိုင်းခြောက်) စျေးနှုန်းစျေးကွက်

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်သည် ပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အပြင် ပင်လယ် ထွက်ကုန်များဖြင့်ကျော်ကြားလျက်ရှိပါသည်။ ရေထွက်ကုန်များမှ စမတ်ခြောက်သည် အသင့်စား အစာအစာဖြင့် ထုတ်ပိုးရောင်းချလျက်ရှိသလို ရေထွက်ကုန်အနေဖြင့်လည်းတင်ပို့ရောင်းချလျက်ရှိပါ သည်။  လိပ်ကျောက်စမတ်(ခေါ်)ငါးလိပ်ကျောက်များသည် ပင်လယ်ရေငန်ငါးတစ်မျိုးဖြစ်ပြီး အရိုးနု များနှင့်ဖွဲ့စည်းထားရှိပါသည်။ ဝိုင်းဝိုင်းပြာပြားလေးများဖြင့် အမြီးများမှာ အချွန်လေးဖြစ်နေလျက်ရှိ ပါသည်။ ပုံသဏ္ဍာန်မှာယပ်တောင်သကဲ့သို့ ဖြစ်နေပြီး အဆူးကိုလည်း ဆေးဖော်စပ်ရာတွင်သုံးစွဲကြပြီး လိပ်ကျောက်စမတ်အူကိုပါ စားသုံးနိုင်သောကြောင့် တစ်ကိုယ်လုံးပစ်ချစရာမရှိအောင်ပင်တန်ဖိုးရှိ သော ငါးဖြစ်သည်။ ဈေးကွက်တွင် ဈေးကောင်းရရှိပြီး တစ်ကောင်လျှင် ၃ဝဝဝ ကျပ်မှ  ၃ဝဝဝဝ ကျပ်ခန့်အထိ ဈေးရရှိကြောင်း သိရှိရပါသည်။

    လိပ်ကျောက်စမတ်ငါးမှာ အရွယ်အစားအမျိုးမျိုးရှိပြီး အကောင်ကြီးများကိုမူ လိပ်ကျောက်ငါး အခြောက်အဖြစ်ပြုလုပ်ကြကာ အ‌ကောင်ငယ်များကို စမတ်ခြောက် ပြုလုပ်ကြကြောင်း သိရှိရပါသည်။ စမတ်ခြောက်ပြုလုပ်ရာတွင် အဆိပ်ရှိနိုင်သောကြောင့် အလယ်ပိုင်းနှင့် အမြှီးပိုင်းအား ဖယ်ရှား ပြီး အဝိုင်းပုံစံပေါ်ရန် အသားကိုဓါးဖြင့်မွှန်းကာ နေရောင်ခြည်ဖြင့် အခြောက်လှန်းရပါသည်။ ထိုနောက် စမတ်ခြောက်(သို့မဟုတ်)ငါးဝိုင်းခြောက်အား ရရှိလာပါသည်။  စမတ်ခြောက်အား ဒေသတွင်း ရောင်းချကြသလို အခြားတိုင်း/ပြည်နယ်များသို့တင်ပို့ရောင်းချကြသည်။ စမတ်ခြောက်တစ် ပိဿာ လျှင်(၄၀ဝဝဝ) ကျပ်ခန့်ရှိပြီး အချို့မှာ အခြောက်ကြော်ကာ အသင့်စားငါးခြောက်အဖြစ် ဈေးများနှင့် ကုန်စုံဆိုင်များတွင် ပို့ဆောင်ရောင်းချကြပါသည်။  ၂ခု ၃ခုပါ  စမတ်ခြောက် အသေးတစ်ထုတ်လျှင် (၅၀၀)ကျပ်ခန့်ရှိပြီး အထုတ်ကြီးတစ်ထုတ်လျှင်(၁၅ဝဝ)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ပခုက္ကူခရိုင် မြစ်ခြေမြို့မှ ထွက်ရှိသော သဇင်ကြိမ်ထည်လုပ်ငန်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ သရက်တောကျေးရွာ မှ သဇင်ကြိမ်ထည် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။ ယခင်က ကြိမ်ထည်လုပ်ငန်းကို အဓိကလုပ် ကိုင်ကြပြီး ယခုအခါတွင် တောင်သူလုပ်ငန်းနှင့် တွဲလျက်လုပ်ကိုင်လျက်ရှိပါသည်။

     ကြိမ်ထည်များကို ရက်လုပ်ရာတွင် ကချင်ပြည်နယ်မြစ်ကြီးနား၊ ချင်းပြည်နယ် ဟုမ္မလင်းမှ ထွက်ရှိသောကြိမ်များကို အသုံးပြုခဲ့ကြပြီး ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကြောင့် မန္တလေးမှ ကြိမ်များကိုမှာ ယူပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ အသုံးပြုသော ကြိမ်များမှာ ဖောင်ကြိမ်၊‌ ရေကြိမ်နှင့် လက်မဲကြိမ်များကို အသုံးပြုကြကြောင်း၊  ဈေးနှုန်းအနေဖြင့် ကြိမ်အမျိုး အစားပေါ်လိုက်၍ ကျပ်(၅၀၀ မှ ၁၀၀၀)ထိရှိ ကြောင်း၊ ကြိမ် တစ်စည်းလျှင်ကြိမ်လုံးရေ (၅၀မှ၁၀၀) ထိပါဝင်ကြောင်း၊ ဖောင်ကြိမ်(၅၀)ပါတစ်စည်းလျှင် ကျပ်(၂၅၀၀၀)၊ ရေကြိမ်(၅၀)ပါ တစ်စည်းလျှင် ကျပ်(၅၀၀၀၀)၊ လက်မဲကြိမ်(၅၀)ပါတစ်စည်းလျှင်ကျပ်(၁၀၀၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ယခု လက် ရှိတွင် အသုံးများသောကြိမ်ထည်များမှာ ဦးထုပ်၊ ခြင်းလုံးများဖြစ်ပြီး ပြည်တွင်း ဈေးကွက်တွင်မက ပြည်ပဈေးကွက်များသို့လည်း ကုမ္မဏီများမှတဆင့် တင်ပို့နေကြောင်း၊ ဗန်း၊ ရေနွေးဗန်း၊ အပူခံ ပြားများ၊ ပြည်တွင်းသုံးဇကာခုံးများ ရက်လုပ်လျက်ရှိကြောင်း၊ အပူခံပြားများကိုအနောက်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ လုပ်သားခအနေဖြင့် ပုတ်ပြတ်တစ်ဦးလျှင် ကျပ် (၇၀၀၀မှ၈၀၀၀) ထိဖြစ်ပြီး လုပ်သားဦးရေ(၁၅)ဖြင့် လုပ်ကိုင်နေကြောင်း၊ ကြိမ်ထည်များ၏ ဈေးနှုန်း ဈေးကွက် အနေဖြင့် ဇကာခုံးအရွယ်အစားကိုလိုက်၍ (၁)လုံးလျှင်ကျပ် (၁၅၀၀၀ မှ ၁၉၅၀၀)၊ ဗန်း အရွယ် အစားကိုလိုက်၍ (၁)ချပ်လျှင် ကျပ်(၁၇၀၀၀ မှ ၂၅၀၀၀)ဖြင့် ရောင်းချနေပြီး၊ ဦးထုပ် (၁)လုံးလျှင် ကျပ်(၆၀၀၀)၊ ရေးနွေးဗန်းတစ်ချပ် လျှင်ကျပ် (၁၇၀၀)၊ အပူခံပြား တစ်ချပ် လျှင်ကျပ် (၁၀၀၀၀)ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူ ဆီထွက်သီးနှံဈေးကွက်တွင် နှမ်းနက်(စမုန်)ဈေးကျလျက်ရှိ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက် တွင် နှမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည် အသွေး လိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုံ) (ရိုးရိုး)တစ်တင်းလျှင် ကျပ် (၂၀၀၀၀၀-၂၃၅၀၀၀)၊ နှမ်းနက်စမုံ(ရှယ်)တစ်တင်းလျှင် ကျပ်(၂၃၆၀၀၀-၂၃၈၀၀၀) ဖြစ်ပြီး ဒီဇင်ဘာလ (ဒုတိယပတ်)တွင် နှမ်းနက်(စမုံ) (ရိုးရိုး)တစ်တင်းလျှင် ကျပ်(၂၀၀၀၀၀ -၂၃၇၀၀၀)၊ နှမ်းနက်စမုံ(ရှယ်) တစ်တင်းလျှင် ကျပ်(၂၃၈၀၀၀-၂၄၀၀၀၀)ဖြစ်၍  ဈေးနှုန်းနှိုင်းယှဉ် ပါက တစ်တင်းလျှင် ကျပ်(၂၀၀၀) ခန့် ဈေးကျနေပြီး  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ဈေးကွက် ဝယ်လိုအားကောင်း၍ ဈေးနှုန်းကျဆင်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံဈေး ကွက် သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း သိရှိရသည်။ 

DOCA(မကွေး)

ပခုက္ကူမြို့၌ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မတ်ပဲသီးနှံဈေးနှုန်းဈေးကွက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ် များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ်စိုက်ပျိုးလျက် ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၃၀၀၀)ခန့် စိုက်ပျိုးပြီး ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

          မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၇၀၀၀၀ မှ ၇၄၅၀၀)ဖြစ်ပြီး   ဈေးကျပြီး အရောင်း အဝယ်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ(ပထမပတ်)နှင့် (ဒုတိယပတ်) တွင်  မတ်ပဲတစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၇၀၀၀၀ မှ ၇၇၀၀၀) ဈေးရှိပြီး အရောင်း အဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခု တစ်ပတ် အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ်(၂၅၀၀) ခန့် ဈေးကျနေကြောင်း သိရှိရသည်။ မတ်ပဲသီးနှံသည် ပြည်တွင်းစားသုံးမှုနည်းသော်လည်း ပြည်ပ နိုင်ငံ များမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာ မှုရှိကြောင်း၊ ပြည်ပဈေးကွက် အပေါ်မူတည်၍ ဈေးနှုန်းအနိမ့်အမြင့်ရှိကြောင်း ပဲဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူကြက်သွန်နီ ဒီဇင်ဘာလ(စတုတ္ထပတ်)  ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေစကြိုမြို့နှင့် ရေပြာကျေးရွာတို့မှ မိုးစိုက် (ဥစိုက်) ကြက်သွန်နီများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက် အတွင်းသို့ ကြက်သွန်နီ အသစ်များလည် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းဈေးကွက်အနေဖြင့်  ယခုတစ်ပတ်တွင် ကြက်သွန်နီ အသစ်ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၆၅၀၀၀မှ ၁၅၀၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ အရောင်း အဝယ် ဖြစ်နေသော  ဈေးနှုန်းမှာ ကြက်သွန်နီ (အဟောင်း)  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၈၅၀)၊ အလတ် ကျပ်(၆၀၀)၊ အနိမ့်စကျပ်(၄၀၀)၊ ကြက်သွန်နီ (အသစ်) ထိပ်စ တစ်ပိဿာ လျှင်ကျပ်( ၁၈၀၀) အလတ်စ တစ်ပိဿာလျှင် ကျပ် (၁၅၀၀) အနိမ့် စတစ်ပိဿာလျှင်ကျပ် (၁၀၀၀) ဖြစ် ပြီး ဒီဇင်ဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင် ကျပ်(၂၀၀)ကြက်သွန်နီ အသစ် ဈေးနှုန်းမှာ အနည်းငယ် တက်လျက်ရှိပြီး  အရောင်းအဝယ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတမြို့များသို့ နေ့စဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ) တင်ပို့နေ ကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ(အဟောင်း) လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၃၀၀) မှ အနိမ့်ဈေး ကျပ်(၁၀၀၀) နှင့် ကြက်သွန်နီ အသစ် အမြင့်  တစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၁၀၀၀) ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ပခုက္ကူခရိုင်အတွင်း စမုံနှမ်းနက် စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် နှိုင်းယှဉ်ချက်

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ် များရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံ မျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းသီးနှံများကို နှစ်စဉ် မိုးသီးနှံနှင့် ဆောင်းသီးနှံဟူ၍ ရာသီအလိုက်စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သော စမုံနှမ်းနက်များ စိုက်ပျိုးထွက်ရှိပြီး ဈေးကွက်အတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။ ပခုက္ကူခရိုင်အတွင်း နှမ်းစိုက်ဧကများအနေ ဖြင့် ပခုက္ကူမြို့တွင် (၄၆၅၆၇)ဧက၊ ရေစကြိုမြို့တွင် (၉၁၁၁)ဧက၊ မြိုင်မြို့တွင် (၅၂၆၇၃)ဧက၊ ပေါက်မြို့တွင် (၈၅၆၄)ဧကနှင့် ဆိပ်ဖြူမြို့နယ်တွင် (၆၂၉၀)ဧက၊ စုစုပေါင်း (၁၂၃၂၀၅)ဧက ပခုက္ကူ ခရိုင်အတွင်း စိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

တစ်ဧက ကုန်ကျစရိတ်

 ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် ဆီးထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် ()ဧက ကုန်ကျ စရိတ်များကို-၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅  ခုနှစ်များ၏ ကုန်ကျစရိတ်များကို နှိုင်းယှဉ်ကြည့်ရာ တွင် ၂၀၂၃ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း ()သိန်းခန့်၊ ၂၀၂၄ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်းစရိတ် စုစုပေါင်း ()သိန်းခန့်၊ ၂၀၂၅ ခုနှစ်တွင် မျိုး၊ သွင်းအားစု၊ ရိတ်သိမ်း စရိတ် စုစုပေါင်း (၁၂)သိန်းခန့် ကုန်ကျပြီး၊ မြို့နယ်များအနေဖြင့် တစ်မြို့နှင့်တစ်မြို့ သွင်းအားစုနှင့် ရိတ်သိမ်းစရိတ်များမှာ အနည်းငယ်ကွာခြားလျက်ရှိသည့်အတွက် ယခုကုန်ကျစရိတ်များမှာ ပျမ်းမျှ ကုန်ကျစရိတ်များဖြစ်ကြောင်း  သိရှိရပါသည်။

တစ်ဧက ထွက်ရှိမှု

ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် ဆီးထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် တစ်ဧကထွက်ရှိမှု များကို  ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ် နှင့် ၂၀၂၅  ခုနှစ်များ၏ ထွက်ရှိမှုများကို နှိုင်းယှဉ်ကြည့်ရာတွင်  -

မြို့နယ်         ၂၀၂၃ ခုနှစ်              ၂၀၂၄ ခုနှစ်                 ၂၀၂၅ ခုနှစ်

ပခုက္ကူ          ၁၁ တင်း                 ၁၂ တင်း                      တင်း

ရေစကြို        ၁၂ တင်း                  ၁၃ တင်း                     တင်း

မြိုင်              ၁၃ တင်း                 ၁၆ တင်း                   ၁၀ တင်း

ပေါက်           ၁၃ တင်း                 ၁၅ တင်း                   ၁၀ တင်း

ဆိပ်ဖြူ          ၁၁ တင်း                 ၁၂ တင်း                      တင်း

ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် ဆီထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် () ဧက ထွက်ရှိမှု များကို          နှိုင်းယှဉ်ကြည့်ရာတွင် မြို့နယ်အလိုက် ရာသီဥတု၊ ရေ၊ မြေ၊ သဘာဝနှင့် မိုးရေချိန် ကွာခြား ချက်ကြောင့် ()ဧက အထွက်တင်းများ မတူညီခြင်း၊ ထွက်ရှိမှုကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်မည်ဆို လျှင် ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်များတွင် ရာသီဥတု ကောင်းမွန်ပြီး နှမ်းသီးနှံအကြိုက် မိုးများရွာသွန်းခဲ့ သည့်အတွက် အထွက်နှုန်းကောင်းသည်ကို တွေ့ရှိရပါသည်။ ယခုနှစ် ၂၀၂၅ ခုနှစ်တွင် နှမ်းသီးနှံ စိုက်ပျိုးချိန်ဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မိုးများရွာသွန်းခဲ့သဖြင့် မြို့နယ်အလိုက် စိုက်ပျိုးဖြစ်ထွန်းခဲ့ပြီး  နှမ်းသီးနှံများ အပင်ပေါက်၊ အဖူး၊ အပွင့် အားကောင်းသော်လည်း သီးနှံရင့် မှည့်ချိန်တွင် မိုးများ ရွာသွန်းခဲ့ခြင်းမရှိသောကြောင့် ဒေသတောင်သူများအခေါ် နောက်မိုးမကောင်း သည့် အတွက်  အထွက်နှုန်းမှာ ယခင်နှစ်များထက် လျှော့နည်းခဲ့ပါသည်။

ဈေးနှုန်းဈေးကွက်

ပခုက္ကူခရိုင်အတွင်း မြို့နယ်အလိုက် စိုက်ပျိုးထွက်ရှိသောဆီထွက်သီးနှံဖြစ်သည့် စမုံနှမ်းနက် များကို ဈေးနှုန်း၊ ဈေးကွက်နှင့် ရောင်းဝယ်မှု အချက်အချာကျသည့် ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် ရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့ကုန်စည်ဒိုင်တွင် ဒီဇင်ဘာလအတွင်း အရောင်းအဝယ် ဖြစ်ခဲ့သည့် ဈေးနှုန်းများမှာ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များ၏ ဈေးနှုန်းဈေးကွက်များကို နှိုင်းယှဉ်ကြည့်ရာတွင် -

   အမျိုးအစား    ၂၀၂၃ ခုနှစ်ဈေးနှုန်း      ၂၀၂၄ ခုနှစ်ဈေးနှုန်း        ၂၀၂၅ ခုနှစ်ဈေးနှုန်း

                          အနိမ့်/အမြင့်                အနိမ့်/အမြင့်                  အနိမ့်/အမြင့်

        ရှယ်         ၁၁၀၀၀၀/၁၂၂၀၀၀        ၂၀၀၀၀၀/၂၃၀၀၀၀          ၂၃၆၀၀၀/၂၄၂၀၀၀

        ပုံမှန်          ၉၀၀၀၀/၁၁၈၀၀၀        ၂၀၀၀၀၀/၂၂၈၀၀၀          ၂၀၀၀၀၀/၂၃၅၀၀၀

ဈေးကွက်အနေဖြင့် စမုံနှမ်းနက်များကို ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့ပြီး ပြည်ပသို့လည်း တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြင်းခြံမြို့နယ်၏ ဒီဇင်ဘာလ တတိယပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

              စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၉-၁၂-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance ၂၆၃၀ ကျပ်၊ 95 Octance ၂၆၈၅ ကျပ်၊ ရိုးရိုးဒီဇယ် ၂၃၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၀၀ ကျပ်ဖြစ်ကြောင်း  သိရှိရသည်။

           မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင် ၂၄ ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance ၂၆၉၀ ကျပ်၊ 95 Octance ၂၇၄၅ ကျပ်၊ ရိုးရိုးဒီဇယ်  ၂၄၀၅ ကျပ်၊ ပရီမီယမ်ဒီဇယ် ၂၈၆၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ် ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် 92 Octanceတွင် ၂၅ ကျပ်၊ 95 Octanceတွင်  ၃၀ ကျပ် တို့ အသီးသီးဈေးနှုန်းလျော့ကျခဲ့ကာ ရိုးရိုးဒီဇယ်တွင် ၁၅ ကျပ်ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပရီမီယမ်ဒီဇယ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏နေကြာစေ့လှော်ဈေးနှုန်းမြင့်တက်လာခြင်း

                        မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော နေကြာစေ့လှော်များကို မုံရွာမြို့နှင့် မန္တလေးမြို့ တို့မှမှာယူရောင်းချကြောင်း၊ နေကြာစေ့လှော်သည် ဗီတာမင်အီးပြည့်ဝပြီး အသားအရည်လှပသဖြင့် မြန်မာအမျိုးသမီးထုအနေဖြင့် အများဆုံးစားသုံးကြသလို လူမျိုးဘာသာမရွေး အပျင်းပြေ သရေစာအဖြစ် စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ နေကြာစေ့လှော် လက်လီဈေးအနေဖြင့် နို့ဆီဗူး (၄)ဗူးလျှင် (၇၅၀၀) ကျပ် လက်လီဈေးတစ်ပြည်လျှင် (၁၄၀၀၀)ကျပ်၊ လက်ကား ဈေးတစ်ပြည်လျှင် (၁၅၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် နေကြာစေ့ လှော် လက်လီ၊လက်ကားဈေးတစ်ပြည်လျှင် (၅၀၀-၁၀၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ထိုသို့ ဈေးနှုန်းမြင့်တက်ခြင်းမှာ သယ်ယူစရိတ်မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး၊ စားသုံးမှုများသောကြောင့် ‌ဒေသတွင်းနေ့စဉ်ကုန်ချိန် (၁၅-၂၅) ပြည်ခန့် ရောင်းချရကြောင်း၊  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနေကြာစေ့လှော်ရောင်းချသူ၏ပြောပြချက်အရသိရှိရသည်။နေကြာစေ့တွင်ပါဝင်သောဗီတာမင် အီးသည် အရေပြားရောင်ရမ်းခြင်းကို သက်သာစေပြီး အသားအရေကိုနူးညံ့ ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့၏ ပဲပုပ်သီးနှံဈေးနှုန်းကျဆင်းလာခြင်း

           မြင်းခြံမြို့နယ်ကုန်စည်ဒိုင်(MDCCI)အတွင်းရှိလယ်ယာထွက်ကုန်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိရာပဲပုပ်သီးနှံများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၌ ပဲပုပ်သီးနှံတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ယခင်နိုဝင်ဘာလ၌ ပဲပုပ်သီးနှံတစ်တင်းလျှင် (၁၁၀၀၀၀) ကျပ်ခန့် ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊  ယခင်လနှင့် နှိုင်းယှဉ်ပါက ယခုလတွင် ပဲပုပ်တစ်တင်းလျှင် (၁၀၀၀၀)ကျပ် ခန့်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း၊ မြင်းခြံမြို့နယ်၌ ပဲပုပ်စိုက်ပျိုးဧကနည်းကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြင်းခြံမြို့နယ်၏ ပဲပုပ်စိုက်ဧက(၆၂၀၀) ဧကအနက် ဧကအားလုံးရိတ်သိမ်းခဲ့ပြီး၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင်(၁၂)တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ထွက်ရှိသောပဲများကို ဒေသတွင်းစားသုံးကြသလို နွားထိုးကြီးမြို့၊ ညောင်းဦးမြို့နှင့် ကျောက်ပန်းတောင်းမြို့ များသို့အသီးသီး တင်ပို့ရောင်းချကြောင်း (MDCCI) အသင်းဝင်ပွဲရုံ လုပ်ငန်းလုပ်ကိုင်သူ၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို၏ချင်းစျေးနှုန်းများကျဆင်းလာခြင်း

                  စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ချင်းသီးနှံကို  ဟင်းခက်အမွှေးအကြိုင်အဖြစ် လူအများအသုံး ပြုကြကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ချင်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသော ချင်းတစ်အသစ်အခက်ကြီး တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်၊ ချင်းတက်အလတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ချင်းတက်အသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လ နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ချင်းတက်အစစုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ဂျင်းတက်အသစ်များ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းကြောင်း၊ ချင်းတက် သည် ကိုယ်ခံအားကောင်းသောကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ် ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်(၅၀-၁၅၀)ပိဿာခန့် ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း