ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့ တလုပ်လပ် ကျေးရွာ အရှေ့ဘက်တွင် စိုက်ပျိုးနေသော ဗုံလုံသီး စိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိ

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ဒေသခံတောင်သူများက မြေအောက်ရေနှင့် မြစ်ရေကို အကျိုးရှိစွာ အသုံးချပြီး စားဖိုဆောင်သီးနှံများကို မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိပြီး စီးပွားဖြစ်ထွန်း၍  မအူပင်မြို့နယ်၊ အရှေ့ဘက်ကမ်း ကမ်းနား သဲသောင်မြေပေါ်တွင် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

       စိုက်ပျိုးမှုအနေဖြင့် ဗုံလဲသီး မျိုးစေ့ တစ်စေ့ကို ၀၀ကျပ်ဖြင့် ၁ဧကတွင် အစေ့ ၀၀၀ စိုက်ပျိုးပြီး ၂၀၂ခုနှစ် စက်တင်ဘာလတွင်  စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂ခုနှစ် ဖေဖော်ဝါရီလတွင် အသီးမျိူး ပြတ်မည်ဖြစ်ကြောင်းသိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ဝါး၊ မျိုး၊ လုပ်သား၊ သွင်းအားစု ကုန်ကျစရိတ် ၀၀၀ ၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။ စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွာ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး စင်ပေါ်သို့ အပင် တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး ၁ဧကတွင် သီးနှံအတောင့်ရေ ရှစ်ထောင် ကျော်  အထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။ 

          ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က ၁တောင့်ကို လက်ကားဈေး ၁၀၀/-၊ကျပ်ဈေးကောင်း ရရှိပြီး ယနေ့ဈေးနှုန်း တစ်တောင့်ကို လက်ကားဈေး ၅၀၀ ကျပ်ဖြင့်သာ ရောင်းချရကြောင်း သိရသည်။ ရန်ကုန်သို့ အဓိကထား တင်ပို့ရောင်းချပြီး စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ၆လအတွင်း ၅သိန်းကျော် ၇သိန်း နီးပါး ရရှိကြောင်း စိုက်ပျိုးတောင်သူပြောကြားချက်အရသိရသည်။

DOCA(ဧရာဝတီ)

နှင်းဆီပန်းများဝင်ရောက်မှုများပြားလျက်ရှိ

           မန္တလေးပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့မှထွက်သည့် ရောင်စုံနှင်းဆီပန်းမျိုးစုံ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။  ဈေးကွက်အတွင်း ဆူးပါသောနှင်းဆီနှင့် ဆူးမဲ့နှင်းဆီ ခွဲခြား၍ စျေးအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။ ရိုးရိုးနှင်းဆီနှင့် ရေမွှေးနှင်းဆီဟူ၍ နှစ်မျိုးတွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊ အဝါရောင်၊ ပန်းရောင်၊ မိတ်ကပ်ရောင်၊ လိမ္မော်ရောင်၊ ကြက်သွေးရောင်နှင့် အနီရင့်ရောင်တို့ကို အများအပြားတွေ့ရှိရပါသည်။ ကြက်သွေးရောင်နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်းရိုးရိုး (၁၀ပွင့်ပါ) ၁ စီးလျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   ပန်းအဖူး (သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေးနှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ ကျပ်၊ နှင်းဆီပန်း(ဆူးမဲ့နှင်းဆီ) (၁၀ပွင့်ပါ)၁ စီးလျှင် ၃၀၀၀ကျပ်နှင့် ၄၅၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဘုရားပွဲနှင့် အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ ပန်းမျိူးစုံစျေးကွက်တွင် နှင်းဆီပန်းအရောင်မျိုးစုံ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကြက်သွန်နီအသစ်များ ဝင်ရောက်မှုများပြားလျက်ရှိ

        စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံမြို့နယ်၊ မြစ်သားမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ မုံရွာမြို့နယ်တို့မှထွက်ရှိသည့် စားဖိုဆောင်သီးနှံ ကြက်သွန်နီအသစ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ ကြက်သွန်နီအသစ်စျေးနှင့် အဟောင်းစျေးနှုန်းမှာ အနည်းငယ်သာပြောင်းလဲမှုရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် ကြက်သွန်နီ(အသစ်)အမျိုးအစားအလိုက်တစ်ပိဿာပေါက်စျေးများမှာ မြစ်သားကြက်သွန်နီ (လတ်) လက္ကားစျေး၁၃၀၀ ကျပ်နှင့် ၁၄၀၀ ကျပ်၊လက်လီစျေး ၁၅၀၀ ကျပ်နှင့်၁၆၀၀ကျပ်၊ မြင်းခြံကြက်သွန်နီ (လတ်)လက္ကားစျေးမှာ ၁၂၀၀ ကျပ်နှင့် ၁၃၀၀ ကျပ်၊ လက်လီ စျေး ၁၄၀၀ ကျပ်နှင့် ၁၅၀၀ ကျပ်၊ မုံရွာကြက်သွန်နီ(လတ်)လက္ကားစျေး  ၁၃၀၀ကျပ် နှင့် ၁၄၀၀ ကျပ်၊ လက်လီစျေး ၁၅၀၀ ကျပ်နှင့် ၁၆၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

ငှက်ပျောသီးအမျိုးအစားအလိုက်စျေးနှုန်းများ

         မန္တလေးစျေးကွက်တွင်ဘုရားပွဲနှင့် အလှူပွဲများကျင်းပသည့်အချိန်ဖြစ်၍ ငှက်‌ပျောသီးအမျိုးမျိုး အရောင်းသွက်လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျောသီးရောင်းချသည့် ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျော သီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ခိုင်အရေအတွက် ၁၀၅၅.၈၂ နှင့် အထွက်ခိုင် အရေအတွက် ၁၃၅၅၁၄၄၀ ဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျောသီးတို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေးနှင့် ရခိုင်ငှက်ပျောသီးများအား ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့်ငှက်ပျောခိုင် အရေအတွက်အလိုက်၊ အလုံးအရွယ်အစားအလိုက် စျေးနှုန်းအမျိုးမျိုးရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများအနေဖြင့် တစ်ဖီးလျှင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ ဖီးကြမ်း (အမှည့်) ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၂၀၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/- နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ရွှေဖရုံသီး စိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်ရရှိမှု

                 ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ချောင်ကလးကျေးရွာတွင် ဆောင်းသီးနှံနှင့် ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး လျက်ရှိရာ ရွှေဖရုံသီး စိုက်ဧက ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

             ရွှေဖရုံသီးကို ဩဂုတ် လတွင် စတင်စိုက်ပျိုး၍ နိုဝင်ဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါ အထုပ် ၁ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ချောင်း၊ မြစ်ရေတင်စနစ်ဖြင့် စိုက်ပျိုး ပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခန့် ကုန်ကျကြောင်း၊ အထွက် နှုန်းအနေဖြင့်  တစ်ဧကလျှင် အလုံးရေ ၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဒီဇင်ဘာလ ပထမပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် လက်ကားဈေး ငွေကျပ် ၀၀၀ ဖြင့် ရောင်းချရပြီး အကျိုး အမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁ သိန်းခန့်ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် လက်လီ လက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူကြပြီး ရန်ကုန် မြို့ သို့ ပြန်လည် ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင်ငွေများရရှိပြီး ယခုနှစ်တွင် စျေးနှုန်းကောင်းမွန်သော ကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ်များပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်တွင် စိုက်ပျိုးနေသော ကိုင်းခရမ်းချဉ်းသီး ထွက်ရှိမှုမှ တောင်သူအကျိုးအမြတ်ရ

                             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ခရမ်းချဉ်သီးတစ်ပိဿာ ၁၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း နှင့် ကိုင်းခရမ်းချဉ်သီးကို ဧက ဝက်စိုက်ပျိုးထားကြောင်း မင်းဘောအုပ်စု၊ ရွှေတောင်မှော် ကျေးရွာ ခရမ်းချဉ်စိုက်တောင်သူထံမှ သိရသည်။

             ခရမ်းချဉ်စိုက်ပျိုးရာတွင် စပ်မျိုးခရမ်းချဉ်များဖြစ်သည့် တိုင်ထောင်ခရမ်းချဉ်၊ ငုတ်တုတ် ခရမ်းချဉ်နှင့် နွယ်ခရမ်းချဉ်မျိုးများအား ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စတင်ပျိုးထောင်ချိန် ခရမ်းချဉ် စေ့တစ်စေ့ ပျိုးအိတ် တစ်အိတ်နှုန်းဖြင့်ထည့်ကာ ပျိုးထောင်ကြပြီး ရက်ပေါင်း (၂၀)ခန့်ရှိလျှင် ခရမ်းချဉ်စိုက်မည့် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြောင်းသိရသည်။ ဧကဝက် တွင်  မျိုးစေ့ထုတ် ၆ ထုပ်ခန့် စိုက်ပျိုးရကြောင်း ခရမ်းချဉ်စိုက်ပျိုးပြီး တစ်လခန့်ကြာလျှင် ခွ(ဂွ)ပွင့်လိုက်လာပြီး စတင်အပွင့်ပွင့် အသီးသီးကြောင်း၊ နောက်ထပ်အပွင့်များ ပွင့်လာပြီး ခရမ်းချဉ်သီးများရင့်မှည့်ကာ ၃လခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချကြ ကြောင်းလည်းသိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧက ဝက် လျှင် စုစုပေါင်း ငွေကျပ် ၈  သိန်းခန့် ကုန်ကျကြောင်း၊ ၁ဧက စိုက်မည်ဆိုပါက ၁၅သိန်း ကျော်ကုန်ကျနိုင်ကြောင်း ရှင်းပြသည်။ ထွက်ရှိမှု အနေဖြင့် ခရမ်းချဉ်သီး ပိဿာချိန် စိုက်ဧက ဝက်တွင် ပိဿာ ၃၀၀၀ခန့်ထွက်ရှိကြောင်း အကျိုးအမြတ် ၇သိန်းချန် ကျန်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

             ခရမ်းချဉ်သီးခူးဆွတ်ရောင်းချရာတွင် နှစ်ရက်တစ်ခါခူးဆွတ်ရကြောင်း၊ ထွက်ရှိလာသည့် ခရမ်းချဉ်သီး များအား မအူပင်မြို့ ဈေးကွက်သို့လည်းကောင်း၊ ယခုအခါ ခရမ်းချဉ်သီးတစ်ပိဿာ လက်လီ ၁၀၀၀ ကျပ်၊ လက်ကားဈေး အနေဖြင့် ၁ပိဿာလျှင် ၅၀၀ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် မြေအောက်ရေနှစ် မြစ်ရေကို အသုံးပြု၍ ခရမ်းချဉ်စိုက်တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း ခရမ်းချဉ်စိုက်တောင်သူပြောကြား၍ သိရသည်။

DOCA(ဧရာဝတီ)

ကန်စွန်းဥဈေးနှုန်းများ ကျဆင်းလျက်ရှိ

        စျေးကွက်အတွင်းသို့ ဆောင်းရာသီစာကန်စွန်းဥများအား မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးနှုန်းကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရ၊ ပုသိမ်ကြီး၊ မတ္တရာ၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်တို့တွင် ကန်စွန်းဥကို အများအပြားစိုက်ပျိုးလျက်ရှိပြီး၊ ကန်စွန်းဥအတွင်းသားမှာ ငချိတ်ရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်နှင့် အဝါနုရောင်တို့မှာ စျေးကွက်အတွင်း အများဆုံးတွေ့ရှိရပါသည်။ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ရောင်းချသည့်ကန်စွန်းဥ တစ်ပိဿာ လက္ကားစျေးမှာ (ငချိတ်ရောင်) ၃၅၀ဝကျပ်မှ၃၇၀ဝကျပ်၊ (လိမ္မော်ရောင်) ၂၅၀၀ကျပ်၊ ၃၀၀၀ကျပ်၊ လက်လီစျေး (ငချိတ်ရောင်) ၅၀၀ဝိ/-မှ၆၀၀ဝိ/-၊ (လိမ္မော်သီး) ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ဆောင်းရာသီစာကန်စွန်းဥမှာ စျေးနှုန်းချိုပြီး၊ အရောင်းသွက်ကြောင်း ထနောင်းပင်စျေးရှိ ကန်စွန်းဥရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ဆောင်းရာသီစာချဉ်‌ပေါင်ဖူးစျေးနှုန်း

        မန္တလေးစျေးကွက်တွင် စားဖိုဆောင်ဟင်းလျာတစ်မယ်ဖြစ်သည့် ဆောင်းရာသီစာ ချဉ်ပေါင်ဖူးများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးအနည်းငယ်ကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ချဉ်ပေါင်ဖူးကို ဟင်းအဖြစ်ကြော်စားခြင်း၊ ချက်စားခြင်း၊ ထောင်းစားခြင်း၊ အခြောက်ခံ၍ ချဉ်ပေါင်ဖူးရေနွေးကြမ်းအဖြစ်သောက်သုံးခြင်း၊ ယိုထိုးခြင်း၊ ချဉ်ပေါင်ဖျော်ရည်၊ ချဉ်ပေါင်ဖူး ဂျယ်လီ၊ ဖျော်ရည်မှုန့်၊ ရှာလကာရည်၊ဖျော်ရည်မှုန့်၊ သောက်‌ဆေးများ၊ ချဉ်ပေါင်ဖူးဝိုင်၊ ချိုချဉ်၊ တော်ဖီ၊ သရေစာမုန့်၊ မျက်နှာပေါင်းတင်မှုန့်တို့ ပြုလုပ်စားသုံးကြကြောင်း သိရှိရပါသည်။ ချဉ်ပေါင်ဖူးများအား စျေးကွက်အတွင်း ပြည်ချိန်ဖြင့်လည်းကောင်း၊ ပိဿာချိန်ဖြင့်လည်းကောင်း ရောင်းချလျက်ရှိပြီး၊ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ချဉ်ပေါင်ဖူးစျေးနှုန်းမှာ တစ်ပိဿာလျှင် လက္ကားစျေး ၆၀၀ဝိ/-နှင့် ၆၅၀ဝိ/-၊ လက်လီစျေး ၇၀၀ဝိ/-နှင့် ၇၅၀ဝိ/-စျေးတို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ထန်းပင်မြစ်စျေးကျ

       စျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း တံတားဦးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်တို့မှ ထွက်သည့်ထန်းပင်မြစ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့် ထန်းပင်မြစ်များဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးနှုန်းကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း မုံရွာဒေသမှထွက်ရှိသည့် ရွံ့စေးကပ်သည့်ရုက္ခစိုး ထန်းမြစ်မှာ အသားထူ၍ ဝယ်ယူသူများကြိုက်နှစ်သက်‌ကာ အခြားဒေသများမှ ထွက်ရှိသည့် ထန်းပင်မြစ်ထက်စျေးအနည်းငယ်မြင့်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် ထန်းပင်မြစ်စျေးနှုန်းများမှာ ၁စီး(၃၀ ချောင်းပါ)လျှင် ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ မုံရွာရွံ့စျေးကပ်(ရုက္ခစိုး)များမှာ ၁ စီးလျှင် ၅၅၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်ဖြစ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ထနောင်းပင်စျေးရှိ စျေးသည်တစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးစျေးကွက်တွင် ပဲမြစ်စျေးကျဆင်းလျက်ရှိ

         ကုန်စိမ်းစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးအတွင်း အမရပူရခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲမြစ်များ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ စျေးကျဆင်းကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ဝင်ရောက်သည့်ပဲမြစ်များအနက် တံတားဦးမြို့နယ်၊ မကျီးတောဒေသမှ ထွက်ရှိသည့်ပဲမြစ်မှာ အတွင်းသားအလယ်အမြစ် ပါဝင်မှုနည်းသည့်အတွက် အခြားဒေသထွက်ပဲမြစ်နှင့် မတူဘဲစျေးအနည်းငယ်ပိုပြီး၊ ဝယ်ယူသူများ ပိုမိုကြိုက်နှစ်သက်‌ကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသည့် ပဲမြစ်စျေးနှုန်းများမှာ ၁ပိဿာလျှင် လက္ကားစျေး ၆၅၀၀ ကျပ်နှင့် ၇၀၀၀ ကျပ်၊ လက်လီစျေး ၈၀၀၀ ကျပ်နှင့် ၉၀၀၀ ကျပ်စျေးတို့ဖြင့် လက်ရွေးစျေးနှင့် ဂျွန်စျေး(မရွေးဘဲချိန်တွယ်သည့်စျေး)တို့ စျေးအနည်းငယ်ခွဲခြား‌ကာ ရောင်းချလျက်ရှိကြောင်း သီရိမာလာစျေးရှိ ပဲမြစ်ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ  သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း