ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထန်းဖိုထန်းလျက်အစစ် နှင့် ရိုးရိုးထန်းလျက် ဈေးနှုန်း

    ကျွန်းလှမြို့တွင်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ထန်းလျက်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ တို့မှ တဆင့် မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များ တွင် ရောင်းချနေ‌သော ထန်းဖိုထန်းလျက် အစစ် လက်လီဈေး တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ရိုးရိုးထန်းလျက် လက်လီဈေး ()ပိဿာ လျှင်(၈၀၀၀)ကျပ်၊ ရိုးရိုးထန်းလျက် (၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဇီးဖြူသီးစိမ်း ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်ဖြစ်သည့် သရက်သီးပင်၊ ဇီးဖြူသီးပင်၊ သီးသီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ ဂွေးသီးပင်၊ စောင်းလျှားသီးပင်၊ မန်ကျည်းသီးပင်၊ အုန်းသီးပင် နှင့် မာလကာသီးပင်များကို လည်းစိုက်ပျိုးကြသည့်အနက် ဇီးဖြူသီးပင်များကိုလည်း စိုက်ပျိုးလျက်ရှိ ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရောင်းချနေသော ဇီးဖြူသီး  ဈေးနှုန်းများမှာ ဇီးဖြူသီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၂၀၀၀)ကျပ် နှင့် နို့ဆီဘူး တစ်လုံးလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ဆန်လှော်မရွှေး ဈေးနှုန်း

    ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များတွင် မြန်မာ့ရိုးရာ အစား အစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကို သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌သော မြန်မာမုန့်ဖြစ်ပြီး ရွှေဘိုမြို့မှ တဆင့်  မှာယူရောင်းချလျက်ရှိ ကြောင်း သိရသည်။

    ယခု စက်တင်ဘာလ တတိယပတ်အတွင်း သစ်ရာမြိုင်ဈေး၌ ရောင်းချနေ‌သော ဆန်လှော်မ‌ရွေး ဈေးနှုန်းများမှာ ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၃၀၀)ကျပ် (၂၅)ကျပ်သားလျှင်(၂၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှုအခြေအနေနှင့် စပါး/ဆန်ဈေးနှုန်းများ

     ရွှေဘိုခရိုင်အတွင်းတွင် စက်တင်ဘာလ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ တည်ငြိမ် နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ (၆၃၂၉၄)အိတ်၊ မန္တလေးသို့ (၄၅၀၆၇) အိတ်၊ နေပြည်တော်သို့ (၁၇၉၀)အိတ်၊ပဲခူးတိုင်းသို့ (၅၉၃၀)အိတ်၊ မကွေးတိုင်းသို့ (၁၂၂၅)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၂၆၈)အိတ်၊ ကချင်ပြည်နယ်သို့ (၅၅၉၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၆၄၀)အိတ်၊ ကရင်ပြည်နယ်သို့ (၂၁၇၅)အိတ် ၊မူဆယ်သို့ (၃၁၀)အိတ်၊ ဧရာဝတီသို့( ၁၀၀)အိတ်၊စုစုပေါင်း အိတ်ရေ ၁၄၈၃၈၉တန်အားဖြင့် ၇၄၁၉တန် စီးထွက်ခဲ့ပါသည်။

          ယခု စက်တင်ဘာလ ဒုတိယပတ်တွင် ရန်ကုန်သို့ (၅၂၀၂၁)အိတ်၊ မန္တလေးသို့ (၃၅၀၅၄) အိတ်၊ နေပြည်တော်သို့ (၁၂၅၀)အိတ်၊ပဲခူးတိုင်းသို့ (၆၃၄၅)အိတ်၊ မကွေးတိုင်းသို့ (၂၁၈၂)အိတ်၊ ရှမ်း(တောင်)သို့ (၁၅၁၃၃)အိတ်၊ ကချင်ပြည်နယ်သို့ (၅၇၂၀)အိတ်၊ မွန်ပြည်နယ်သို့ (၇၉၂၅)အိတ်၊ ကရင်ပြည်နယ်သို့ (၁၁၁၅)အိတ် ၊မူဆယ်သို့ (၁၈၀)အိတ်၊ ကယားပြည်နယ်သို့ (၃၁၅)အိတ်၊စုစုပေါင်း အိတ်ရေ ၁၂၇၂၄၀တန်အားဖြင့် ၆၃၆၂တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၂၁၁၄၉၊ တန်အားဖြင့် ၁၀၅၇တန် လျော့၍ စီးထွက် ခဲ့ပါသည်။

          ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁65၀၀၀ ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2၈00000၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂5၀၀၀၊ 747စပါး တင်း 100လျှင် ကျပ်1၄00000 ၊747ဆန် 24ပြည်ပါ တစ်အိတ်လျှင် ကျပ် 58000၊ရွှေဝါထွန်းစပါး တင်း100လျှင် ကျပ်1400000၊ ရွှေဝါထွန်း ဆန် 24 ပြည်ပါတစ်အိတ်လျှင် ကျပ် 63000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် စိတ်ရွှင်လန်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

      ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန် တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။

    စိတ်ရွှင်လန်းပင်များကို အလှပန်းအိုများဖြင့် စိုက်ပျိုးကြသလို မြေကျင်းတူးဖွဲ့၍ မြေအောက် ရေတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်း၊ စိတ်ရွှင်လန်းပင်သည် အရွက်များစိမ်းစိုလန်းဆန်းပြီး  မျက်စိအမြင် အေးချမ်းစေသလို စိတ်ကိုလဲတကယ်ကြည်လင်လန်းဆန်းပြီး ရွှင်လန်းစေသော အပင်တစ်မျိုးဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့၏ ရောင်းချနေသော စိတ်ရွှင်လန်းပျိုးပင် ဈေးနှုန်းများမှာ အကြီး တစ်ပေခွဲဆိုက် တစ်ပင်လျှင်(၃၀၀၀၀)ကျပ်၊ ပျိုးပင် အသေး တစ်ပေဆိုက် တစ်ပင်လျှင်(၁၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ခဝဲသီး ဈေးနှုန်းများ

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင် လျက်ရှိရာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ခဝဲသီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ခဝဲသီးကိုလည်း တစ်ပိုင်တစ်နိုင် စိုက် ပျိုးကြကြောင်းသိရသည်။

    ခဝဲသီးများသည် ကျွန်းလှမြို့ပေါ်ရပ်ကွက်နှင့် ကျွန်းလှမြို့နယ် ရှမ်းစုကျေးရွာ၊ မန်ကျည်းအင်း ကျေးရွာနှင့် အခြားသောကျေးရွာများမှ ထွက်ရှိပြီး စက်တင်ဘာလ တတိယပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့် ခဝဲသီးဈေးနှုန်းများမှာ ခဝဲသီး လက်လီ() ပိဿာလျှင် (၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဈေးနှုန်းတည်ငြိမ်ပြီးအရောင်းအဝယ်ဖြစ်နေသော ကောက်ရိုးမှို

     ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရန် မိမိတို့ပိုင် မြေကွက်အလွတ်များတွင် တစ်ပိုင်တစ်နိုင် အနေဖြင့်  နှစ်စဉ် ကောက်ရိုးမှိုပျိုးရောင်းသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးရောင်းချ ကြောင်းသိရသည်။

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကောက်ရိုး မှို ဈေးနှုန်းများမှာ ကောက်ရိုးမှို တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၇၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်း အဝယ်ဖြစ် လျက်ရှိပြီး ဝါးရုံမှိုများ လှိုင်လှိုင်ပေါ်သည့်အချိန်ဖြစ်၍ ကောက်ရိုးမှိုဈေး တည်ငြိမ်ပြီး အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးရိတ်သိမ်းပြီးစီးမှုအခြေအနေ

      ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေစပါးရိတ်သိမ်းမှုပြီးစီးခဲ့ပြီး၊ မိုးစပါးစိုက်ပျိုးမှု များမှအောက်တိုဘာလ၏ ဒုတိယပတ်ခန့်တွင် ရိတ်သိမ်းမှုစတင် တွေ့ရှိလာရမည်ဖြစ်ပါသည်။ ဇေယျာ သီရိနှင့်ပုဗ္ဗသီရိမြို့နယ်တို့တွင် ရိတ်သိမ်းနိုင်မှုအများဆုံးတွေ့ရှိလာရပါမည်။ ဒေသတွင်းမိုးစပါးရိတ် သိမ်းမှုများတွင် မနောသုခ(စက်ကျ)ဆန်(1)အိတ်စျေးနှုန်း(65000)ကျပ်ရှိနေပြီး၊ ဆန်ဝယ်ယူမှုအနေအ ထားနည်းပါးမှုရှိနေသည်ဟုသိရှိရပါသည်။ ဇေယျာသီရိမြို့နယ်အတွင် ရေကြီးနစ်မြှုပ်မှုရှိခဲ့သည့် စိုက် ခင်းအချို့ ပြန်လည်စိုက်ပျိုးနေမှုများကို တွေ့ရှိနေရပါသည်။ ဒေသတွင်း ကြိတ်ခွဲမှုများ ‌ဒေသအတွင်း ဖြန့်ဖြူးမှုအနေအထားကို တွေ့ရှိနေရပြီး၊ ဒေသတွင်း ဈေးကွက်များသို့ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီး တို့မှ ဧည့်မထဆန်မျိုးစုံ ဝင်ရောက်မှုတွင်လည်း လျော့ကျမှုမရှိခဲ့ပါ။ စပါးဈေးနှုန်းတည်ငြိမ်မှုအနေ အထားတွင် ရှိနေသော်လည်း အခြားတိုင်းများမှ ဆန်ဝင်ရောက်မှု အားကောင်းခဲ့သဖြင့် ဒေသတွင်း ကြိတ်ခွဲထုတ်လုပ်သည့် ဆန်များ ဈေးနှုန်းအနည်းငယ် လျော့ကျမှုရှိလာသည်ကို တွေ့ရပါသည်။

            ဒေသတွင် ဆီထွက်သီးနှံများရိတ်သိမ်းမှုတွင် နှမ်းရိတ်သိမ်းမှုများပြီးစီးခဲ့ပြီး၊ မြေပဲနှင့် နေကြာ ရိတ်သိမ်းရန် ကျန်ရှိနေမှုူများကို တွေ့ရပါသည်။ နှမ်းဈေးနှုန်းများတွင် နှမ်း(နီ) တစ်တင်း(၉၈၀၀၀)ကျပ်၊ နှမ်း(နက်)တစ်တင်း (၂၃၀၀၀၀)ကျပ်ရှိနေပါသည်။မြေပဲဈေးနှုန်းများတွင် မြေပဲတောင့်(အခြောက်) တစ် ပိဿာ (4000)ကျပ်ဝန်းကျင်၊ မြေပဲဆံ(ဆီဆံ)တစ်ပိဿာ(6500)ကျပ် ရှိနေပြီး နေကြာစေ့တစ်ပိသာ (5500)ကျပ် ဖြစ်ပေါ်နေပါသည်။ မြေပဲဆီကြိတ်ခွဲထုတ်လုပ်မှု အများဆုံး  တွေ့ရှိနေရပြီး၊ မြေပဲဆီဈေး နှုန်း တစ်ပိဿာ(16000)ကျပ်ဖြင့် ဆီစက်များတွင်ရောင်းချနေမှု အများဆုံး‌ တွေ့ရှိနေရပါသည်။ မြေပဲ ဖတ်ဈေးနှုန်းတွင်(5200)ကျပ်ထိ ရှိလာပြီး၊ ဈေးနှုန်းမြင့်တက်မှုရှိသည်ကို တွေ့ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်သားနှင့် ကြက်ဥ ဈေးနှုန်း/ဈေးကွက်အခြေအနေ

    ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မွေးမြူရေးကြက်ခြံများမှ ဈေးကွက် လိုအပ်ချက် အများစုကို ရရှိခဲ့ပြီး၊ ကုန်ကျစရိတ်လျော့ကျမှုနှင့် ခြံဖမ်းဈေး နိမ့်ကျလာမှု တို့ ကြောင့် ကြက်သား(လက်လီ)ဈေးနှုန်းလျော့ကျမှု ရှိခဲ့ပါသည်။

     ဒေသတွင်းမွေးမြူရေးကြက်ခြံများမှ ပုံမှန်ထွက်ရှိနေမှုနှင့် ရှမ်း(တောင်) မှဝင်ရောက်မှု အများဆုံး ရှိနေသော်လည်း လက်ကားဒိုင်များသို့သာ ဝင်ရောက်မှု အနေအထားရှိခဲ့သဖြင့် လက်လီဈေးနှုန်း မြင့်တက်မှုရှိစေခဲ့ပါသည်။ စားသုံးမှုများခဲ့သော မွေးမြူရေးကြက်နှင့် ငါးမြစ် ချင်း ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ကြက်ဥသုံးစွဲမှုပိုမိုခဲ့ပြီး ဈေးနှုန်းမြင့်တက်မှု အနေအထား ကို ရှိစေခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ဥစားပိန်းဥ ဈေးနှုန်း

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ဥစားပိန်းဥကို တစ်ပိုင်တစ်နိုင် နှင့် မိမိပိုင်နေအိမ်ဝင်းအတွင်းနှင့် ယာမြေများတွင်  စိုက်ပျိုးရောင်းချလျက်ရှိသော်လည်း အထွက်နည်းသည့်အတွက် ရွှေဘိုမြို့ မန္တလေးမြို့ တို့မှလည်း တဆင့်  မှာယူရောင်းချကြောင်းသိရသည်။

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော ဥစားပိန်းဥ ဈေးနှုန်းမှာ ဥစားပိန်းဥ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၆၀၀) ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပြီး ဥစားပိန်းဥကို ပဲတီဆံ၊ ကုလားပဲ တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ဥစားပိန်းဥကို ပြုတ်၍ ဆီ နှင့် ဆား နယ်ပြီး ရေနွေးကြမ်းဖြင့် စားသုံးကြသလို တာလပေါဟင်းချက်ရာတွင်လည်း အသုံးပြုကြသောကြောင့် လူကြီး/ လူငယ်အရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း