ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့၌ ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းအခြေအနေ

                မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များဖြစ်သောဟိန်းစည်၊ ငွေသရဖူ၊ သိန်း၊ဂန့်ဂေါ၊ ကံဟိန်း၊ မိုးမခအရောင်းဆိုင်များတွင် အိမ်ဆောက်ပစ္စည်းများအပြင် ဘိလပ်မြေများလည်းရောင်းချလျက်ရှိပါသည်။ ရောင်းချလျက်ရှိသော ဘိလပ်မြေအမျိုးအစားများမှာ ကြံ့နှစ်ကောင်၊ အပါချီနှင့် အယ်လဖာ ဘိလပ်မြေများ ရောင်းချ လျက်ရှိပါသည်။

      ဘိလပ်မြေဈေးနှုန်းဈေးကွက် အနေဖြင့်ကြံ့နှစ်ကောင်း ဘိလပ်မြေကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တို့မှ  ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ် (၂၀၀၀၀)၊ အပါချီတစ်အိတ်လျှင် ကျပ်(၂၂၀၀၀၀) ဖြစ်ပြီး (ပထမပတ်)တွင် ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၁၀၀၀)၊ အပါချီ တစ် အိတ်လျှင် ကျပ်(၂၀၀၀၀)ဖြစ်၍ ပထမပတ်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင်ကျပ် (၁၀၀၀)ခန့် ကျဆင်းနေပြီး ပခုက္ကူမှအခြားပြည်နယ်များသို့ လည်းတင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ကုလားပဲဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ ဩဂုတ်လ(ပထမပတ်)အစောပိုင်းတွင် ပြည်တွင်းသုံးကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ဈေးကွက်သို့ ကုလားပဲသီးနှံ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ များ၊ မြစ်ခြေ၊ ကမ္မ၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့နယ်တွင်းရှိ ကျေးရွာများအပြင် မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအချိန်တွင် တောင်သူများတွင် သီးနှံ လက် ကျန်နည်းချိန်ရောက်ရှိပြီး ကုန်သည်ကြီးများမှ ဝယ်ယူသိုလှောင်ထားရှိသော ကုလားပဲများကို ရောင်း ချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင်ကုလားပဲမျိုးစုံ အရောင်းအဝယ်ဖြစ် လျက် ရှိရာ ဈေးနှုန်းအနေဖြင့် ကုလားပဲ(HL) တစ်တင်းလျှင် ကျပ်(၈၁၀၀၀)၊ ကုလားပဲ(929) တစ်တင်း လျှင် ကျပ်(၈၀၂၀၀) အရောင်းအဝယ်ဖြစ်ခဲ့ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်း ယှဉ်ပါက တစ်တင်းလျှင် ကျပ်(၈၀၀)ခန့် ဈေးတက်နေပြီး ပွဲရုံဈေးကွက်တွင် နေ့စဉ်  ပိဿာ(၂၀)ဝင် အိတ်(၁၅၀၀ မှ ၁၇၀၀) ခန့်ထိ အရောင်းအဝယ်ဖြစ်ကြောင်း၊ ပခုက္ကူပွဲရုံ ဈေးကွက်သို့ ဝင်ရောက်သည့် ကုလားပဲများကို တန်ဖိုးမြှင့်ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိ ပဲခွဲစက် လုပ်ငန်းရှင်များ၊ ပဲကြော်/ ပဲမုန့် (အစိမ်း/အကျက်)ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူမှုများကြောင်း၊ ကုလားပဲခြမ်းများ လည်း တစ်ပြည်လျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ် ကြောင်း၊ ဒေသတွင်း ဝယ်ယူသုံးစွဲမှု အပြင် ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ အများဆုံး တင်ပို့ကြောင်း၊ ကုလားပဲသီးနှံသည် ကျန်းမာရေး နှင့် ညီညွတ်ပြီး ပြည်တွင်းစားသုံးမှုများ၍ ယခုအချိန်တွင် ရောင်းလိုအားဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရ ပါသည်။

DOCA(မကွေး)

 

ပခုက္ကူဈေးကွက်တွင် ပဲစဉ်းငုံသီးနှံ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ဖြစ်နေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ စက်တင်ဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံသီးနှံများ ဈေးတက်နေပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ သီးနှံပေါ်စ ဇန်နဝါရီလတွင် တစ်တင်းလျှင် ကျပ်(၁၂၆၅၀၀-၁၂၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ပြည်ပ ဈေးကွက် ဝယ်လိုအားနည်း၍ ဈေးတရိပ်ရိပ်ကျဆင်း၍ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ပဲစဉ်းငုံ သီးနှံကို ဈေးကွက်သို့ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ အများဆုံးစိုက်ပျိုးပြီး ပခုက္ကူပဲဈေးကွက် သို့ ဝင်ရောက်လျက်ရှိပြီး ယခုရာသီချိန်တွင် တောင်သူများတွင် ပဲလက်ကျန်နည်းပြီး မြို့ပေါ်ရှိ ကုန်သည်များမှ သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူ သိုလှောင်ထားသော ပဲစဉ်းငုံနီများ ပြန်လည် ဖြန့်ဖြူးမှုများကြောင်း၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် တစ်ရက်လျှင် ပဲစဉ်းငုံနီ ပိဿာ (၃၀)ဝင် အိတ် (၂၀၀-၃၀၀)ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၈၃၀၀၀)၊ (ပထမပတ်)တွင် ကျပ်(၇၈၀၀၀)၊ (တတိယပတ်)တွင်  ကျပ်(၈၀၆၀၀)ဖြင့် ဈေးနှုန်းအနည်းငယ်တက်နေပြီး   အရောင်းအဝယ်ဖြစ်နေကြောင်း၊   ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ် ဖြစ်ကြောင်း၊ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသည့် ပဲစဉ်းငုံနီများကို ရန်ကုန်၊ မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် ပြည်ပအိန္ဒိယနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ပြည်ပပို့ကုန် ပဲတစ်မျိုးဖြစ်၍ ဈေးကွက်ဝယ်လိုအားပေါ် မူတည်ပြီး နေ့စဉ်နှင့်အမျှ ဈေးနှုန်း ပြောင်း လဲမှုရှိကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ဖြစ်ပေါ်နေသော ပဲတီစိမ်းသီးနှံဈေးနှုန်းဈေးကွက် အခြေအနေ

  မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ပေါက်၊ရေစကြိုနှင့် ဆိပ်ဖြူမြို့နယ် အတွင်းရှိကျေးရွာများတွင် ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးရာမှ ပဲတီစိမ်းသီးနှံကိုလည်း မိုးဆောင်းနှစ်ရာသီ စိုက်ပျိုးကြရာ မိုးပဲတီစိမ်းကို စိုက်ဧက () သောင်းခန့် စိုက်ပျိုးကြောင်းသိရှိရသည်။

          မိုးပဲတီစိမ်းကို မတ်လတွင် စတင်စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်လတွင် သီးနှံစတင်ထွက်ပေါ်ကြောင်း ပဲတီစိမ်းမြကြေးမှုံ၊ ကျောက်စိမ်း၊ ပဲတီစိမ်း ပဲနောက်သေးမျိုးများကို စိုက်ပျိုးကြကြောင်း၊စိုက်ပျိုးရာ တွင် မြေပြုပြင်ပြီး နွားရှဉ်းဖြင့်ထွန်းကြောင်းဆွဲပြီး အစေ့ချစနစ်ဖြင့် ပင်ကြား()လက်မ၊ တန်းခြား () ပေအကွာဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ()ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ()သိန်းခန့် ကုန်ကျကြောင်း စ် ဧက ပျမ်းမျှအ ထွက်တင်းမှာ (၁၀-၁၅)တင်းခန့် ထွက်ရှိပြီး စိုက်ပျိုးမြေနှင့် ရာသီဥတုပေါ်မှုတည်၍ သီးနှံအထွက် နှုန်းကွာခြားမှုရှိကြောင်း၊ အောက်တိုဘာလ (ပထမပတ်)တွင် ပခုက္ကူပဲမျိုးစုံ ဈေးကွက် ၌ ပဲတီစိမ်း သီးနှံများလှိုင်လှိုင်ဝင် ရောက်လျက်ရှိပြီး ဈေးအနည်းငယ်ကျဆင်းနေကြောင်း၊ တစ်ရက် လျှင် ပဲတီစိမ်းသေး ပိဿာ(၃၀)ဝင် အိတ်(၃၀၀-၃၅၀)ခန့် ဝင်ရောက်ပြီး ရေစကြိုမြို့နယ်ထွက် ပဲတီစိမ်းများ အများဆုံး ဝင်ရောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် သီးနှံပေါ်စ ဇွန် လတွင် ပဲတီစိမ်းတစ် တင်းလျှင်ကျပ်(၁၂၀၀၀၀-၁၃၂၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဇူလိုင်လတွင် ပဲတီစိမ်းတစ် တင်းလျှင် ကျပ်(၁၀၀၀၀၀-၁၃၀၀၀၀)ဈေးဖြင့် ဈေးအနည်းငယ်ကျဆင်း အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ယခင် စက်တင်ဘာလ (ဒုတိယပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ် (၇၅၀၀၀-၁၂၀၀၀၀)ဖြစ်ခဲ့ပြီး   ယခုအောက်တိုဘာ(စတုတ္ထပတ်)တွင် ပဲတီစိမ်း တစ်တင်းလျှင် ကျပ်(၉၅၀၀၀-၁၁၄၀၀၀)ဈေးဖြင့် ဈေးဆက်လက်ကျဆင်း အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက် အနေဖြင့် ပခုက္ကူပွဲရုံများသို့ ဝင်ရောက်လာသည့် ပဲတီစိမ်းများကို ဒေသတွင်းဖြန့်ဖြူးမှုအပြင် ရန်ကုန်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ လျက်ရှိ ကြောင်းသိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် သကြားပြောင်းဖူးဈေး အနည်းငယ်ကျလျက်ရှိ.

   သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာ အဖြစ် အမယ်မျိုးစုံပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာမှုရှိ၍ ရာသီ အလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့ ကုန်စိမ်း သီးနှံဈေးကွက်သို့လည်း သကြားပြောင်းဖူးစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သည့် ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ သံပုရာပင်ကုန်း၊ ဘောလုံးခုံ၊ လိပ်ကုန်းကျေးရွာများအပြင် မြစ်ခြေ၊ ကမ္မမြို့များနှင့် အခြားမြို့နယ်များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက် ညဉ့်၊ အောက်ညဉ့်၊ သစ်ထောက်ကျွန်း ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင် သကြား ပြောင်းဖူး  ဈေးအနည်းကျဆင်း အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။

          သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ(စတုတ္ထပတ်)တွင် ပြောင်းဖူး အရွယ် အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်၍ သကြား ပြောင်းဖူးစိမ်း တစ်ဖူးလျှင် လက်ကားဈေး ကျပ်(၃၀၀-၄၀၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၅၀၀-၄၀၀)၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ကျပ်(၆၀၀-၅၀၀)ဈေးဖြစ်ကြောင်း၊ ယခင် အောက်တိုဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူးဈေး အနည်းငယ်ကျ နေ၍ အရောင်းအဝယ် ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ ယခုအချိန်တွင် မြစ်ရေတက်ချိန်ဖြစ်၍ စိုက်ပျိုးမှု မရရှိသေး၍ အခြားမြို့နယ်များဖြစ်သည့် ကျောက်ပန်းတောင်း၊ ပုပ္ပါးဒေသထွက် ပြောင်းဖူး များ၊ ညောင်ဦး မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။ ပြောင်းဖူးသည် လူ့ခန္ဓာကိုယ်ကို ခွန်အား ဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ် မျိုးဖြစ်၍ ဝယ်ယူစားသုံးမှု မြင့်မားခြင်းကြောင့် နေ့စဉ် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက် ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်မျိုးစုံဆိုင်များမှ ဝယ်ယူမှု များကြောင်း သိရှိရသည်။

DOCA(မကွေး)

ပခုက္ကူကြက်သွန်နီ အောက်တိုဘာလ(စတုတ္ထပတ်)ဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများကို စိုက်ပျိုးထုတ် လုပ်လျက် ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေမှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက်အနေဖြင် ယခုတစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။

 ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် အရောင်း အဝယ်ဖြစ်နေသော  ဈေးနှုန်းမှာ  တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၀၀၀) ၊ အလတ် ကျပ်(၇၀၀)၊ အနိမ့်စကျပ်(၅၀၀)ဖြစ်ပြီး (ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်တက်နေပြီး   အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာ တနှင့် မြဝတီမြို့များသို့ နေစဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ) တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ လက်လီဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၅၀၀) မှ အနိမ့်ဈေး ကျပ်(၈၀၀)ထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းများ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် စပါးစိုက်ဧကနည်းပြီး ဆန်လိုဒေသဖြစ် သောကြောင့် အခြားတိုင်းဒေသများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရသောမြို့ဖြစ်ပါသည်။ ဧရာဝတီ တိုင်းဒေသများဖြစ်သော ပုသိမ်၊ မြောင်းမြမြို့များမှ လည်းကောင်း၊ ရွှေဘိုခရိုင်မှလည်းကောင်း၊  ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် အများစားသုံးဆန်မှာ ဧရာပဒေသာ၊ မနော သုခ၊ ဖန်သီးသုခ၊ ရက်(၉၀)ဆန်များဖြစ်ပြီး မြောင်းမြဧရာပဒေသာ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀ -၈၂၀၀၀) မနောသုခ တစ်အိတ်လျှင် ကျပ်(၈၂၀၀၀) ရက်(၉၀)ဆန် တစ်အိတ်လျှင် ကျပ်(၈၄၀၀၀) ဇီယာ တစ်အိတ်လျှင် ကျပ်(၇၈၀၀၀) ဖန်သီးသုခ တစ်အိတ်လျှင် ကျပ်(၈၂၀၀၀) သီးထပ် တစ်အိတ် လျှင် ကျပ်(၈၃၀၀၀) ဧည့်မထမျိုးစုံ တစ်အိတ်လျှင် ကျပ်(၇၅၀၀၀ - ၈၀၀၀၀) စလင်းမြို့နယ်၊ ရှောက်တောမှလာသော ဧရာပဒေသာ(ရှယ်)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)  ဧရာမင်း ဆန်တစ် အိတ်လျှင် ကျပ်(၇၈၀၀၀) ဝန်ကြီးပဒေသာ ဆန်တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) ဈေးနှုန်းဖြင့်  အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံး စားသုံးသော ဆန်ဖြစ်ပြီး မြောင်းမြဒေသမှ ဝင်ရောက် သလို ရွှေဘိုဒေသမှလည်း အများဆုံးဝင်ရောက်ပါသည်။ ရွှေဘို ပေါ်ဆန်းမွှေးမှာ ပိုမိုအရည်အသွေး ကောင်းမွန်ပြီး (စတုတ္ထပတ်)တွင် တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀) မြောင်းမြပေါ်ဆန်းမှာလည်း တစ်အိတ်လျှင် ကျပ်(၁၃၇၀၀၀)ဖြင့် အောက်တိုဘာလ (ပထမပတ် မှ စတုတ္ထပတ်)ထိ ဈေးနှုန်း တည်ငြိမ်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

       ဆန်စီးဝင်မှုအနေဖြင့် အောက်တိုဘာလ (ပထမပတ် မှ စတုတ္ထပတ်)ထိ ရေကြောင်း လမ်းမှ ဆန်မျိုးစုံ အိတ်(၂၀၀၀၀) စစ်ကိုင်း၊ ရွှေဘိုမှ ကုန်းကြောင်းလမ်းမှ အိတ်(၈၀၀၀) စလင်း ဆင်ဖြူ ကျွန်းဘက်မှ အိတ်(၅၇၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၏ အောက်တိုဘာလ(စတုတ္ထပတ်) စက်သုံးဆီဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ဆီပန့်)များမှ စက်သုံး ဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ရောင်းချသော လက်လီအရောင်း ဈေးနှုန်းများမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၂၈၂၅) 95 Octance ကျပ်(၂၉၁၀) ရိုးရိုးဒီဇယ် ကျပ်(၂၅၈၅) ပရီမီယမ် ဒီဇယ်ကျပ်(၃၁၂၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

       အောက်တိုဘာလ(စတုတ္ထပတ်)တွင် 92 Octance ကျပ်(၂၇၉၀) 95 Octance ကျပ်(၂၈၈၀) ရိုးရိုးဒီဇယ် ကျပ်(၂၅၀၀) ပရီမီယမ်ဒီဇယ် ကျပ်(၃၀၂၀)ဖြစ်၍ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီ တာလျှင် 92 Octance ကျပ်(၃၅) 95 Octance ကျပ်(၃၀) ရိုးရိုးဒီဇယ် ကျပ်(၈၅) ပရီမီယမ် ဒီဇယ် ကျပ်(၁၀၀)အသီးသီး ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 မိုးနှောင်းရာသီယင်းမာပန်းစျေးကွက်

         မိုး‌နှောင်းရာသီပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင် နှင့် မိတ္တီလာခရိုင်တို့မှ   ထွက်သည့်ပန်းများ၊  စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊တောင်ကြီးဒေသတို့မှ ထွက်သည့်ယင်းမာပန်းများဝင်ရောက်မှုများပြားပြီး၊ အရောင်းသွက်လျှက်ရှိကြောင်းသိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် လက်လီစျေးနှုန်းများမှာ ၁ စီး လျှင် ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်စျေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။  ဝါတွင်းကာလဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့် အချိန်ဖြစ်၍  မိုးနှောင်း ရာသီပန်းမျိူးစုံစျေးကွက်တွင် ယင်းမာပန်းမှာ အရောင်းသွက်သည့်ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(မန္တလေး)

နှင်းဆီပန်းအမျိုးမျိုးအရောင်းသွက်

         ပန်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင် နှင့်မိတ္တီလာခရိုင်တို့မှထွက်သည့်ပန်းများ၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်၊ တောင်ကြီးဒေသ တို့မှထွက်သည့်ရောင်စုံ နှင်းဆီပန်းအမျိုးမျိုးဝင်ရောက်မှုများပြားပြီး၊အရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။စေျးကွက်အတွင်း ဆူးပါသောနှင်းဆီ၊ဆူးမဲ့နှင်းဆီနှင့် ရေမွှေး နှင်းဆီဟူ၍ တွေ့ရှိရပြီး၊ နှင်းဆီပန်းများမှာ အဖြူရောင်၊အဝါရောင်၊ပန်းရောင်၊မိတ်ကပ် ရောင်၊ လိမေ္မာ်ရောင်၊ကြက်သွေးရောင် နှင့်အနီရင့်ရောင်တို့ကိုအများအပြားတွေ့ရှိရပါသည်။ကြက်သွေးရောင် နှင်းဆီပန်းမှာ ဝယ်ယူသူများ ပိုမိုနှစ်သက်ကြောင်း  သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ် သည့် လက်လီစျေးနှုန်းများမှာ နှင်းဆီပန်း ရိုးရိုး(၁၀ပွင့်ပါ) ၁ စီး လျှင်  ပန်းအဖူး(ကြီး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ကျပ်၊   ပန်းအဖူး(သေး) ၁၅၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်၊ ရေမွှေး နှင်းဆီ ၃၅၀၀ ကျပ်နှင့် ၄၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ ဆူးမဲ့နှင်းဆီမှာ ဆူးပါသောနှင်းဆီဈေးနှင့်နှိုင်းယှဉ်ပါက တစ်စီးလျှင် ၅၀၀ ကျပ်နှင့် ၈၀၀ ကျပ်ကွားခြားမှုရှိကြောင်း သိရှိရပါသည်။  ဝါတွင်းကာလ ဘုရားပွဲ နှင့်အလှူပွဲတော်များကျင်းပသည့်အချိန်ဖြစ်၍ပန်းမျိူးစုံစျေးကွက်တွင်နှင်းဆီပန်းအမျိုးမျိုး အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း