မြို့မဈေးရှိ ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၊ ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

     ၂၀၂ ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များ တွင်ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ကာဘိုးကျေးရွာထွက် ပဲငပိအစို လက်လီ(၁)ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊  လက္ကား(၁)ပိဿာလျှင် (၉၅၀၀)ကျပ်၊ ပဲငပိခြောက်(၁)ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ရေဦးပဲငပိအစို(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ပဲငပိခြောက်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခုနိုဝင်ဘာလ ဒုတိယပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တတိယပတ်အတွင်း ပဲငပိအစို(၁)ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)