ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ပေါ်ဦးပေါဖျား ခေါဆီ၊ ခေါ့ပုတ်(ခေါ်)ကောက်ညှင်းပြား ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ဈေးများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ခေါဆီ(ခေါ်)ကောက်ညှင်းပြားများကို   စက်တင်ဘာ၊ အောက်တိုဘာလများတွင် စတင်ရောင်းချလျက်ရှိပြီး ယခုအချိန်တွင် ကောက်ညှင်းပြားများ လှိုင်လှိုင်ပေါလာသည့်အချိန်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

          ကောက်ညှင်းပြားများပြုလုပ်ရာတွင် ကောက်ညှင်းဆန် ကျောက်ခဲ၊ သလဲများမပါအောင် ရွေးချယ်သန့်စင်ပြီး ကောက်ညှင်းဆန်ကိုရေဆေးပြီး အချိန်အတန်ကြာအောင်ရေစိမ်ထားရပါကြောင်း၊ ရေစိမ်ရသောကောက်ညှင်းဆန်များကို ပေါင်းအိုဖြင့်ပေါင်းပြီး ပေါက်ဆိန်၊ ပေါင်တူ၊ မောင်းတို့ဖြင့်ထည့်၍ ထုထောင်းကာ အိစက်ညက်ညောသည့် အနေအထားရောက်မှ နှမ်းထောင်း/ ဆီတို့ကိုသုံးပြီး ကောက်ညှင်းပြားများ ပြား၍ ငှက်ပျောဖက်/ ပလပ်စတစ်အိတ်အကြည်ပေါ်တွင် အအေးခံပြီး စားသုံးရသည့် ကောက်ညှင်းပြားများ ရရှိပါကြောင်း၊  ယခု အောက်တိုဘာလ တတိယပတ်တွင် ခေါဆီ(ခေါ်) ကောက်ညှင်းပြား ဈေးနှုန်းအနေဖြင့် ခေါဆီ(ခေါ်)ကောက်ညှင်းပြား ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၁၁)ပြား၊ တစ်ခုလျှင်(၁၀၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀)ဖိုးလျှင်(၅)ပြား တစ်ခုလျှင်(၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

        ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှတဆင့် မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

         ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် ရောင်းချနေသော ကုလားပဲဆံ ဈေးနှုန်းအနေဖြင့် ကုလားပဲဆံ တစ်ပြည့်လျှင်(၉၅၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၄၈၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ်၊ ပဲတီဆံ တစ်ပြည်လျှင်(၈၅၀၀)ကျပ်၊ နို့ဆီဘူး (၄)ဘူးလျှင်(၄၄၀၀)ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၁၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော ကွမ်းရွက် ဈေးနှုန်း

         ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာတွင် ကွမ်းပင်များကို မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ်များတွင် စိုက်ပျိုးကြပြီး ကွမ်းပင်စိုက်ပျိုးသည့် အမျိုးအစားများမှာ ဧရာဝတီကွမ်းနှင့် ကွမ်းနုဝါမျိုးတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းပင်သည် စတင်စိုက်ပျိုးချိန်မှ()လအကြာတွင် ကွမ်းရွက်များကိုအစမ်း စတင်ခူးဆွတ်ရပါသည်။ ယခုလို မိုးရာသီတွင် ဧရာဝတီကွမ်းပင်သည်(၁၀)ရက်လျှင်()ကြိမ်ခူးဆွတ်ရပြီး ကွမ်းနုဝါကိုတော့()ရက်လျှင် ()ကြိမ် ခူးဆွတ်ရကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ကွမ်းဒိုင်သွင်းဈေး ကွမ်းနုဝါ တစ်ပိဿာလျှင်(၃၀၀၀)ကျပ် နှင့် ဧရာဝတီကွမ်းရွက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် သွင်းရပြီး ကွမ်းဒိုင်မှ ရောင်းချသည့် ဈေးနှုန်းများမှာ ကွမ်းနုဝါကွမ်းရွက် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်နှင့် ဧရာဝတီကွမ်း တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆောင်းရာသီမှသာ ကွမ်းရွက်ဈေးကောင်းရရှိ မည်ဖြစ်ကြောင်း ကွမ်းပင်စိုက်ပျိုးသည့် တောင်သူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကြောင်လျှာပွင့်ခြောက် ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် ရာသီစာ ကြောင်လျှာပွင့်ခြောက်များကို မိမိတို့ဒေသထွက်များကို ရောင်းချလျက်ရှိကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ‌ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းမှာ ကြောင်လျှာပွင့်ခြောက် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)        

   

တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ခဆော့သီး ဈေးနှုန်း

          ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင်သီးနှံ များကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီး၊ ကြောင်လျှာသီးနှင့် ခဆော့သီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ရှမ်းစုကျေးရွာ၊ မန်ကျီးအင်းကျေးရွာနှင့် တင်းတိန်ရံကျေးရွာတို့တွင် တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ်တင်ပြီးလည်း စိုက်ပျိုးကြပါသည်။ ခဆော့သီးပင်ကိုလည်း မြေကျင်းတူး၍ စိုက်ပျိုးလျက်ရှိပြီး၊ ကြောင်လျှာသီးပင်ကိုတော့ နှစ်ရှည်ပင်အဖြစ် အိမ်ခြံစည်းရိုးများတွင် အများဆုံးစိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက်ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည်လျှင်(၄၈၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၆၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အလုံးကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးဖြင့်လည်းကောင်း ခဆော့သီး တစ်ပြည်လျှင်(၄၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြောင်လျှာသီး အကြီး တစ်တောင့်လျှင်(၁၅၀၀)ကျပ်၊ ကြောင်လျှာသီး အသေး တစ်တောင့်လျှင်(၁၀၀၀)ကျပ်နှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း   သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်နီ/ ဖြူ ဈေးနှုန်း

        ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင်(၇၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့်  (၁၀)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ကြက်သွန်နီ ဈေးနှုန်းအနေဖြင့်  ကြက်သွန်နီ မြစ်သား အမျိုးအစား တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၈၀၀/၁၅၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

လဖက်အစားထိုး ကြက်တက်ရွက်ပြုတ်

         ၂၀၂၅ ခုနှစ်၊  အောက်တိုဘာလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀) ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်း အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၁၆.၁၀.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၁၆.၁၀.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၇၂၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၈၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခင်တစ်ပါတ်တွင် မြေပဲလုံးဆံ တစ်ပိဿာလျှင် ၇၈၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၈၂၀၀ ကျပ်ခန့် နှမ်းနက်မှာ ၄၅ ပိဿာ တစ်အိတ်လျှင် ကျပ် ၆၇၀၀၀၀ ကျပ်ရှိရာမှ ၇၂၀၀၀၀ ကျပ်ခန့် ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် ၁၆၀၀၀ ဝန်းကျင်ရှိရာမှ ၁၅၈၀၀ ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA (ရန်ကုန်)

ပခုက္ကူမြို့၏ အောက်တိုဘာလ (တတိယပတ်) စက်သုံးဆီ ဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ပေါ်တွင် စက်သုံးဆီဆိုင်(ပန့်ဆိုင်)များမှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (ဒုတိယပတ်)တွင် ရောင်းချသော   လက်လီဈေးနှုန်းများမှာ စက်သုံးဆီ တစ်လီတာလျှင် 92 Octance ကျပ်(၂၈၅၀)၊   95 Octance  ကျပ်(၂၉၂၀)၊ ရိုးရိုးဒီဇယ် ကျပ်(၂၆၂၅ )၊ ပရီမီယမ် ဒီဇယ်ကျပ်(၃၁၇၀)ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။

          အောက်တိုဘာလ (တတိယပတ်)တွင် 92 Octance ကျပ်(၂၈၂၅)၊ 95 Octance ကျပ်(၂၉၁၀) ၊ရိုးရိုးဒီဇယ်ကျပ်(၂၅၈၅)၊ ပရီမီယမ် ဒီဇယ် ကျပ်(၃၁၂၀)ဖြစ်၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် တစ်လီတာလျှင် 92 Octance ကျပ်(၂၅)၊ 95 Octance ကျပ်(၁၀)၊ ရိုးရိုးဒီဇယ် ကျပ်(၄၀)၊ ပရီမီယမ် ဒီဇယ်(၅၀)ကျပ် အသီးသီးဈေးနှုန်းကျဆင်းခဲ့ကြောင်းသိရှိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့မှ ထုတ်လုပ်သော “အရီးချို” ပုန်းရည်ကြီး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေချောင်းကွက်သစ်၊ ကျွဲတဲ အုပ်စုရှိ “အရီးချို” ပုန်းရည်ကြီးလုပ်ငန်းသို့ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ပြည်တွင်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် လုပ်ငန်းရှင် ဦးသိန်းနိုင် နှင့်တွေ့ဆုံပြီး ပုန်းရည်ကြီး ထုတ်လုပ်ရောင်းဝယ်မှု အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

          ပုန်းရည်ကြီး ပြုလုပ်ရာတွင် အဓိကအသုံးပြုသော ပဲပိစပ်ကို ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများမှ  ဝယ်ယူရပြီး ဈေးနှုန်းအနေဖြင့် (တစ်တင်းခွဲ) တစ်အိတ်ကို ကျပ်(၇၀၀၀၀)ပေးရကြောင်း၊ တစ်နေ့ ကုန်ကြမ်း(၃) အိတ်ကုန်ကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် ပထမအဆင့် ပဲများကို ရေစိမ်ပြီးနောက် ပြုတ်၍ ပြုတ်ရည် အနှစ်နှင့် အဖတ်များ ခွဲထုတ်ရကြောင်း၊ ဒုတိယအဆင့် ရရှိလာသည့် အနှစ်ကို ဒယ်အိုး၊ ထင်းမီးများနှင့် အဆက်မပြတ်မွှေ၍ ပုန်းရည်ကြီး ဖြစ်သည်အထိ (၁)ဒယ်ကို (၃)နာရီခန့် ကြာအောင် ကြိုရကြောင်း၊ တတိယအဆင့် လိုအပ်သလို ပုန်းရည်ကြီးထုပ်များ ထုပ်နိုင်ရန်အတွက် (၃) နာရီခန့် အအေးခံထားပြီး အထုပ်လေးများထုတ်ရကြောင်း၊ အထုပ်သေး(၅)ထုပ်ပါ တစ်တွဲ ကျပ်(၇၀၀)နှင့် အထုပ်အကြီး(၅)ထုပ်ပါ တစ်တွဲ ကျပ်(၁၄၀၀)ဖြင့် ရောင်းချကြောင်း၊ (၁)ရက်ကို (၆)ဒယ် ပြုလုပ်ရကြောင်း၊ (၁)ဒယ်လျှင် (၁၅)ပိဿာခန့် ရရှိကြောင်း၊ ပုန်းရည်ကြီး (၁)နေ့ ထုတ်လုပ်မှုအနေဖြင့် (၉၀)ပိဿာခန့် ထွက်ရှိပြီး (၁)လလျှင် (၂၀) ရက်ခန့်သာ ပြုလုပ်ရကြောင်း၊ ထုတ်လုပ်မှုအကုန်နီးပါး လက်ကား/ လက်လီ ရောင်းရကြောင်း၊ အလုပ်သမား (၂၀)ဦးရှိပြီး (၁) ဦးလျှင် တစ်နေ့လုပ်အားခမှာ အမျိုးသား ကျပ်(၆၀၀၀) နှင့် အမျိုးသမီး ကျပ်(၅၀၀၀)ပေးရကြောင်း၊ ပုန်းရည်ကြီးကြိုရာမှ ထွက်ရှိလာသည့် အဖတ်များကိုလည်း ဝက်စာအဖြစ် ရောင်းချရကြောင်း၊ (၁)ရက်ကုန်ကျစရိတ်အနေဖြင့် ကျပ်(၅၀၀၀၀၀) ခန့်ကုန်ကျကြောင်းနှင့် အကျိုးအမြတ် အနေဖြင့် ကျပ်(၁၃၀၀၀၀)ခန့်ရရှိကြောင်း၊ ပုန်းရည်ကြီး ပြုလုပ်ရသည်မှာ လက်ဝင်ပြီး အဆင့်ဆင့်အချိန်ပေး၍ ပြုုလုပ်ရသော်လည်း အိုးမကွာ အိမ်မကွာပြုလုပ်ရခြင်းဖြစ်သည့် အတွက် တစ်နိုင်တစ်ပိုင် အသေးစား လုပ်ငန်း ဖြစ်သော်လည်း အနီးပတ်ဝန်းကျင်ရှိ ပြည်သူများကို လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့်အတွက် ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်၏ ပြော ကြားချက်အရ သိရှိရပါသည်။   

DOCA(မကွေး)       

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း