“ဈေးနှုန်းသက်သာပြီး ဆေးဖက်ဝင်သောကင်းပုံသီး”

Powered by Drupal

      ကင်းပုံပင်သည် အပူပိုင်းဒေသများတွင် ပေါက်ရောက်တတ်သော နွယ်ပင်မျိုးဖြစ်ပြီး၊ ၎င်း၏အသီးကို ဟင်းလျာအဖြစ် တွင်ကျယ်စွာ စားသုံးကြသည်။ ကင်းပုံသီးသည် အပြင်ဘက်တွင် အဖုအထစ်များ ပါရှိတတ်ပြီး အစိမ်းရောင် သို့မဟုတ် အဝါရောင်ရှိသည်။ အရသာမှာ ခါးသက် သော်လည်း မြန်မာ့ဟင်းလျာများတွင် ၎င်း၏ထူးခြားသော အရသာကြောင့် လူကြိုက်များသည်။

    ကင်းပုံသီးကို အများအားဖြင့် ကြော်ချက်ခြင်း၊ ပြုတ်၍ တို့စားခြင်း၊ သို့မဟုတ် ဟင်းချိုချက်သောက်ခြင်းဖြင့် စားသုံးကြသည်။ အရသာခါးသော်လည်း ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သည်ဟု ယူဆကြသည်။ အသီးသာမက ကင်းပုံညွန့်များကိုပါ ပြုတ်၍ တို့စားနိုင် သလို၊ ဟင်းချိုချက်သောက်နိုင်သည်။

    ကင်းပုံသီးတွင် ကိုယ်တွင်းဇီဝဖြစ်စဉ်ကို တိုးတက်စေခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ဆီးချိုရောဂါ ကာကွယ်ခြင်းစသည့် ဆေးဖက်ဝင် အာနိသင်များ ပါရှိသည်။ ထို့ပြင် နှလုံးနှင့် အာရုံကြောစနစ်အတွက်လည်း ကောင်းမွန်သည်ဟု ဆိုကြသည်။

     ကင်းပုံသီးသည် ဈေးကွက်တွင် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ပြီး မြန်မာ့အစားအစာ တစ်ခုဖြစ်သည်။ ၎င်း၏ခါးသက်သောအရသာကို နှစ်သက်သူများအတွက် ထမင်းစားမြိန်စေသည့် အရံဟင်းတစ်ခွက်အဖြစ် အသုံးဝင်လှသည်။ ကင်းပုံသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၀၀၀၀) ကျပ်နှုန်းခန့် ရှိကြောင်း လားရှိူးမြို့၊ မြို့မဈေးရှိ ရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ရှမ်း)